သင်္ကြန်​​ရေ

Words
112
Reading
1 min
Listen
Play
8y

image
ရေ

မကြာခင်​ကျွန်​​နော်​တို့​တွေ ​ရေကစားပြန်​ကြရ​တော့မယ်​။ သင်္ကြန်​​ပေါ့​ဗျာ..သင်္ကြန်​ကျတယ်​​ပေါ့..မြန်​မာလိုနှစ်​​ဟောင်းကုန်​လို့ နှစ်​သစ်​​ပြောင်းတဲ့အခါ အညစ်​အ​ကြေး​တွေ ကင်းစင်​​အောင်​လို့ ​ရေ​လောင်းပြီး အညစ်​အ​ကြေး​တွေ ​ဆေး​ကြောကြသတဲ့။
image
တကယ်​များ အညစ်​အ​ကြေး​တွေ​တွေ ကင်းစင်​ပါရဲ့လား..​ရေဆိုတာက ​ရေရဲ့ဂုဏ်​သတ္တိအတိုင်းပါပဲ။တကယ်​​ပြောင်းလဲရမှာက ကျ​နော်​တို့ စိတ်​​တွေပါ ။ ကျ​နော်​​တို့စိတ်​​တွေမ​ပြောင်းသ​ရွေ့ ​ရေ​တွေ ဘယ်​​လောက်​​လောင်း​လောင်း ဒုံရင်းဒုံးရင်းနဲ့ ဖြစ်​​နေအုံးမှာပါပဲ။ ​ရေကုန်​တာအဖတ်​တင်​တာပဲ ဖြစ်​​နေမှာပါ။

သင်္ကြန်​ကို အချို့က အ​ပျော်​သက်​သက်​ ​ပျော်​ကြတယ်​။ အချို့က ကုသိုလ်​နဲ့ ​မွေ့​လျော်​ကြတယ်​။
ဒါ​ပေမဲ့ သင်္ကြန်​မှာ ​ပျော်​စရာအဖြစ်​ ​ရေ​လောင်းကြတာကို​တော့ ကျ​နော်​တို့​တွေကြိုက်​ကြပါတယ်​။

အခုအချိန်​မှာ​တော့ ​ရေ​တွေ​လောင်းပြီး ​ပျော်​​နေကြတာ ကျ​နော်​တို့​တွေ ​ရေအတွက်​ အပူအပင်​မရှိပါဘူး..
မိုးရာသီ ​ရေကြီးချိန်​မှာ​တော့ ကျ​နောတို့ေ ရကို မုန်းတီးကြရပါတယ်​။ ​ရေ​ကြောင့်​ဘဝ​တွေပျက်​ကြသူ​တွေ ​ရေ​ကြောင့်​ အိမ်​​ခြေယာ​ခြေမဲ့ကြရသူ​တွေ ပျက်​စီးဆုံးရှုံး ကြရတဲ့ လယ်​​မြေယာ​မြေ​တွေနဲ့ဆို ကျ​နော်​တို့ ​ရေ​တွေကို မုန်းတီးခဲ့ကြရပါတယ်​။
image
ရေဟာ ကျ​နော်​တို့​တွေအတွက်​မရှိမဖြစ်​လိုအပ်​​တာ ဖြစ်​​ပေမဲ့ အလွန်​အကျွံဖြသ်​လာတဲ့အခါ ​ရေဟာ အန္တရာယ်​​ကောင်​ကြီး ဖြစ်​လာပါ​တော့တယ်​။
အခုလိုသင်္ကြန်​အချိန်​​ရောက်​ပြီးဆိုရင်​​တော့ သင်္ကြန်​​ရေဟာ ကျ​နော်​တို့အတွပ်​ချစ်​စရာ​ကောင်း​နေပြန်​ပါတယ်​။
အဲ့ဒီချစ်​ရာ​ကောင်းတဲ့ အ​လေ့အထ ​ရေ​လောင်းကြတဲ့မြန်​မာ့ဓ​လေ့မှာ အခု​ခေတ်​မှာ​တော့ အ​ပျော်​ကို အပျက်​ဖြစ်​​စေပြီး တစ်​​ယောက်​နဲ့တစ်​​ယောက်​ တိုက်​ကြခိုက်​ကြ မူးကြရူးကြ ရန်​ဖြစ်​ကြနဲ့ မြန်​မာ့ရိုးရာကို ပျက်​စီး​စေ ဖျက်​ဆီး​နေကြသူ​တွေကိုကြည့်​ရတာ​တော့ ​​လောင်းလိုက်​တဲ့ ​ရေ​တွေကို​တောင်​ အားနာဖို့​ကောင်း​နေပါ​သေးတယ်​။

အေးချမ်းပါ​စေ တစ်​နှစ်​တာ မ​ကောင်းမှု​တွေကို ပ​ပျောက်​ပါ​စေဆိုတဲ့ရည်​ရွယ်​ချက်​နဲ့ ​လောင်းလိုက်​တဲ့​ရေကြည်​ကြည်​​တွေကို အားနာစရာ​ကောင်းလှပါတယ်​။ ကိုယ့်​​ကြောင့်​ ​ရေကြည်​ကြည်​​တွေ အလဟဿကုန်​ကြရသလို မြန်​မာ့ယဉ်​​ကျေးမှုဆိုတဲ့ ​ရေကြည်​ကြည်​ထဲမှာ ဓ​လေ့ပျက်​ ယဉ်​​ကျေးမှုဖျက်​ ဆိုတဲ့ ​ရေ​နှောက်​​တွေ မပါကြဖို့​တော့ အားလုံးက ဝိုင်းဝန်းကြိုးစားကြရပါလိမ့်​မယ်​။

ကျ​နော်​တို့ သင်္ကြန်​​ရေ​တွေဟာ ချစ်​စရာ​ကောင်း​နေကြ​သေး​စေဖို့ ကျ​နော်​တို့ကိုယ်​တိုင်​ပဲ ကြိုးစားကြရ​အောင်​လား​ဗျာ...
image
Writter htetnainglin@htetnainglin
Msc 188
Photo from google

သင်္ကြန်​​ရေ | Ecency