ရိုးသားခြင်း

Words
142
Reading
1 min
Listen
Play
9y

image

ကျ​နော်​တို့​တွေ လုပ်​ငန်းကိုင်​ငန်း​တွေ စီးပွား​ရေးနဲ့ လူမှုဆက်​ဆံ​ရေးကိစ္စ​တွေမှာ လူကိုတန်​ဖိုးမြင့်​​အောင်​ ပြုလုပ်​ပဲ့ကိုင်​​ပေးရမှာက ရိုးသားခြင်​ဘဲဖြစ်​ပါသည်​။ရိုးသားဖြူစင်​တဲ့စိတ်​ဓာတ်​နဲ့အသက်​​မွေးမြူဖို့အတွက်​ ​ကောင်း​သောဘဝ ချိုမြန်​​သောဘဝ ရရှိ​အောင်​ အ​ရေးကြီးတဲ့ ရိုးသားခြင်းဆိုတဲ့ အုတ်​မြစ်​ချတတ်​ရပါမည်​။ဒါမှလဲ ပို​ကောင်းတဲ့အနာဂါတ်​မှာ ထွန်း​တောက်​လာပြီး ​အောင်​မြင်​မှု​တွေရရှိကြပါတယ်​။အောက်​​ခြေဘဝလူတန်းစား​တွေအတွက်​​တော့ ရိုးသားခြင်းက အရင်းအနှီးတစ်​ခုဖြစ်​ပြီး​တော့ ရိုးသားခြင်းရဲ့ အ​ပေါ်မှု ဂုဏ်​သိက္ခာနဲ့ ​အောင်​မြင်​မှု​တွေရှိကြပါတယ်​။ရိုးသားခြင်းဟာ ​အောင်​မြင်​​သော ဘဝအတွက်​ အ​ရေးကြီးတဲ့ အနာဂါတ်​ မုခ်​ဦးဘဲဖြစ်​ပါသည်​။

မိမိပတ်​ဝန်းကျင်​​တွေမှာ ရိုးသားခြင်းမရှိတဲ့သူ ရိုးသားဖို့ တည်​​ဆောက်​မ​ပေးနိုင်​တဲ့သူနဲ့ မိမိကိုယ်​ကိုဟာလဲ ဟန်​​ဆောင်​လိမ်​ညာဖို့ကြိုးစား​နေထိုင်​ရင်​ အဲ့ဒီပတ်​ဝန်းကျင်​နဲ့ ဘယ်​လို​ရှေ့ဆက်​​လျောက်​ရမလဲ..ရိုးသားခြင်းက ရှက်​စရာမဟုတ်​သလို ​ကြောက်​စရာလဲမဟုတ်​ပါဘူး။လက်​ထဲမှာ သုံးစရာပြတ်​​နေချိန်​ အိပ်​ကပ်​ထဲတပြားမှမရှိတဲ့အချိန်​​တွေမှာ ရိုးသားမှုကို ​နောက်​ကွယ်​ထားပြီး ချမ်းသာချင်​​ယောင်​​ဆောင်​မယ်​ဆို ပြန်​ရမဲ့​နောက်​ဖြစ်​ရပ်​က အရှက်​တရားရရှိခြင်းပါ။ဘာအကြံဥာဏ်​မှုမရှိတဲ့သူ လုပ်​ငန်းအ​တွေ့အကြုံမရှိတဲ့သူက တတ်​ချင်​​ယောင်​​ဆောင်​ကြတယ်​။ရိုးသားခြင်းရဲ့​နောက်​ကွယ်​က ​အောင်​မြင်​ခြင်းကိုမမြင်​ကြဘူး။
image
ကျ​နော်​တို့ မိတ်​​ဆွေ တို့​ရော အဓိကလိုချင်​ကြတဲ့အရာက ရိုးသားခြင်းပါ။တဖက်​က ရိုးသားမှုကို ကျ​နော်​တို့ လိုချင်​တယ်​ ဒါ​ပေမဲ့ မူဝါဒမှိုင်းတရား​တွေနဲ့ တဖက်​လူရိုးသားခြင်း​ပျောက်​ကွယ်​သွား​အောင်​ တခါတ​လေ ​သွေးထိုး​မြောက်​ပင့်​​နေကြတယ်​။ရိုးသားစွာ​နေတဲ့သူတစ်​​ယောက်​ကို မရိုးသား​စေတဲ့ တံဆိပ်​ကပ်​ပြီး​တော့ မရိုးသား​အောင်​ ​မြောက်​ပင့်​​နေတတ်​ကြတယ်​။မရိုးသားမှုမှာသာယာ​အောင်​ ပြုမူပုံစံ​ပြောင်း​ပေးတတ်​ကြတယ်​။

ကျ​နော်​ မသိရင်​ မသိဘူး မတတ်​ရင်​မတတ်​ဘူးလို့ ရိုးသားစွာဝန်​ခံတတ်​ရမှာ။ဒီအဖြစ်​အပျက်​ဟာ ရှက်​စရာမဟုတ်​ပါဘူး။ရိုးသားခြင်းရဲ့​နောက်​ကွယ်​က ​အောင်​မြင်​မှု လမ်းစ​တွေဖြစ်​ပါတယ်​။ပြီး​တော့ ရိုးသားစွာဝန်​ခံတတ်​သူ​တွေကိုလည်း မနှိမ်​ချဘဲ သူ့ရဲ့ရိုးသားစွာ ဖွင့်​​ပြောတတ်​ခြင်းအ​ပေါ် ချီးကျူးတတ်​ရပါမည်​။ရိုးသားစွာနဲ့ထုပ်​​ဖော်​​ပြောကြားဝန်​ခံတတ်​သူ​တွေကိုလည်း အလကား​ကောင်​၊သတ္တိမရှိတဲ့​ကောင်​ သုံးစားမရတဲ့​ကောင်​လို့​ပြောဆိုပြီး သူ့ရဲ့ ရိုးသားတဲ့စိတ်​ဓာတ်​ အဖူးအပွင့်​ကို ရိုက်​မချိုးသင့်​ပါဘူး။စာတစ်​ပုဒ်​ကို အကြိမ်​ကြိမ်​ဖတ်​​သော်​လည်း မလွတ်​မရတဲ့က​လေးတစ်​​ယောက်​က "ကျနော်​မရ​သေးဘူးလို့"ရိုးသားစွာဝန်​ခံတာကို "ငတုံးဘဲ... ညံတဲ့​ကောင်​၊ဦး​နှောက်​မရှိဘူး ဆိုပြီး တစ်​ဖက်​လူရဲ့ မှတ်​ဥာဏ်​အားနဲ့မှုကို ပြစ်​တင်​​ပြောဖို့ ​ပြောဆိုမ​နေရပါဘူး။ရိုးသားမှုဂုဏ်​ရှိသူတာ တသက်​တာစားမကုန်​ပါဘူး။ဘယ်​​နေရာ​ရောက်​​ရောက်​ ဘာအလုပ်​ဘဲလုပ်​လုပ်​လုပ်​ မိမိရဲ့ရိုးသားခြင်း​ကြောင့်​ ဖြစ်​​ပေါ်လာတဲ့အကျိုးရလဒ်​ တဖက်​သူရဲ့ယုံကြည်​မှုဟာ ကိုယ့်​ရဲ့ရိုးသားမှုအ​ပေါ်မူတည်​ပြီး တိုးတက်​ချမ်းသာသွားတတ်​ကြပါသည်​။မရိုးသားတဲ့လူတစ်​​ယောက်​အ​နေနဲ့ ဘယ်​အလုပ်​လုပ်​ အလုပ်​ရှင်​က မယုံကြည်​တဲ့အတွက်​ တိုးတက်​ချမ်းသာ ဘဝအဆင့်ုမြင့်​ဖို့ဆိုတာ မလွယ်​ကူ​တော့ပါဘူး။လူဆိုးတစ်​​ယောက်​ဟာ လိမ္မာပြီလို့ဘယ်​လို့​ပြော​ပြော မိမိကိုယ်​ကို ဘယ်​လိုဘဲ​ကောင်း​အောင်​​နေ​နေ တချိန်​က ဆိုးခဲ့မိုက်​ခဲ့သမျ​တွေဟာ မိမိပတ်​ဝန်းကျင်​မှာ အမာရွတ်​ကျန်​ရှိ​နေတဲ့အတွက်​ ဘယ်​လိုဘဲ​ကောင်း​အောင်​ကြိုးစားကြိုးစား ယုံကြည်​ဖို့အတွက်​မလွယ်​ကူပါဘူး။
image
"အစ​ကောင်းမှ အ​နှောင်း​သေချာ"ဆိုသလို ရိုးသားလိမ္မာဖို့ ကနဦးအစကတည်းက လိုအပ်​တယ်​။ဘာမှမတတ်​တာကို ပတ်​ဝန်းကျင်​က လက်​ခံ​နေ​တော ပညာတတ်​ချင်​​ယောင်​​ဆောင်​ပစ်​တတ်​ကြတယ်​။ဆိုးကျိုးနဲ့​နောက်​ဆက်​တွဲရလဒ်​က ဟန်​​ဆောင်​ပြီး​နေ​တော့ ​နောက်​ပိုင်းမှာ အရှက်​တရားနဲ့ ​ရေတိမ်​နစ်​တာပါဘဲ
ရိုးသားခြင်းဟာ ဘယ်​​လောက်​​ကောင်းတဲ့ သ​ဘောတရားလဲ..ရိုးသားခြင်းနဲ့ မိမိဘဝကိုမြင့်​တင်​ပြီး မိမိကမ္ဘာလှပ​အောင်​ တည်​​ဆောက်​ကြရ​အောင်​လို့ အကြံ​ပေးလိုက်​ပါသည်​။

Htetnainglin
Msc 188
Photo crd google image

ရိုးသားခြင်း | Ecency