မိသားစု( မေမေ ဖေဖေ)

Words
251
Reading
2 min
Listen
Play
9y

image
မင်္ဂလာပါ။သတ္တလောကကြီးမှာ လူနှစ်မျိုးရှိတယ်။
"လူဆိုးနှင့် လူကောင်း"
"အကောင်းမြင်ဝါဒီနှင့် အဆိုးမြင်ဝါဒီ"
"သူတပါး တိုးတက်ကြီးပွားမှာ လိုလားသူနဲ့ သူတစ်ပါးဒုက္ခရောက်နေတာ ဝမ်းသာတဲ့သူ"
"နည်းမှန်လမ်းမှန်ပြသပေးသူနဲ့ ချောက်ချတတ်သူ"

လူဆိုးနဲ့လူကောင်းမှာ အထက်ပါကိစ္စရပ်တွေအရ စိတ်သဘောထားတွေ ကွဲပြားကြတယ်။

လူတစ်ယောက်ဖြစ်လာရင် ဘာကိုလက်ဆုပ်ကိုင်သင့်လဲဆိုတော့ "မေတ္တာ ဂရုဏာ မုဒိတာ"

မေတ္တာဟာ ရန်အပေါင်းကိုအောင်စေတယ်

ဂရုဏာဟာ လူချစ်လူခင်များစေတယ်

မုဒိတာဟာ အပေါင်းအသင်းပေါများစေပါတယ်။

"အဖေနဲ့အမေ"
image
ကျွန်နော်တို့ကို လောကကြီးထဲဆွဲခေါ်ပေးခဲ့တဲ့ ကျေးဇူးရှင်မိဘနှစ်ပါး။

မိဘစိတ်ချမ်းသာအောင်ထားမဲ့ သားသမီးလုပ်မှာလား ဒါမှမဟုတ် မိဘစိတ်ဆင်းရဲအောင် ထားမဲ့သားသမီးဖြစ်ချင်သလား။

မိဘစိတ်ချမ်းသာအောင်ထားရင် အဲ့ဒီသားသမီးလဲ မိဘရဲ့ မေတ္တာဓာတ်တွေကြောင့် တိုးတက်ကြီးပွားမယ် လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေချောမွေ့မယ်။လူချစ်လူခင်များမယ်။စိတ်ကြံစည်သမျတိုင်းအောင်မြင်တတ်တယ်။

မိဘကိုစိတ်ဆင်းရဲအောင်ထားရင် ဆင်းရဲမယ် လူမုန်းများမယ် ဘာလုပ်လုပ်မအောင်မြင်တတ်ဘူး။
image
မိဘဆီကလာတဲ့ မေတ္တာ ဂရုဏာ မုဒိတာဟ သားသမီးတစ်ယောက်အပေါ် အလွန်အကြုံးဝင်စေပါတယ်။
image
ကျွန်တော်တို့ယောက်ျားလေးတွေအနေနဲ့ family case တွေမှာ အဆင်မပြေကြတာများပါတယ်။အဆင်ပြေတာတော့ရှိတယ်။ဒါပေမဲ့ လက်ချိုးရေတွက်လို့ရတယ် ရှားပါတယ်။

လူငယ်တစ်ယောက်ဟာ အရွယ်ရောက်ပြိး သောက်စားမူးရမ်းကားနေပါက ဘယ်မိဘမှစိတ်မချမ်းသာနိုင်ပါဘူး။စိတ်ဆင်းရကြရပါတယ်။မိဘကတော့သားသမီးကိုချစ်ကြတာပေါ့ ဒါပေမဲ့ အချစ်လွန်ရင် နှစ်တတ်ပါတယ်။အလိုလိုက်ပါများရင်လဲ ပျက်စီးတတ်တယ်။
image
"မဘက်လိုက်လို့ မဘက်ပါ"တချို့သားသမီးတွေဟာ မိဘနဲ့အတူရှိနေတုန်းကတော့ လိမ်မာကြပါတယ်။အလုပ်ကြိုးစားကြတယ် အရမ်းတော်ကြတယ် ပြောစရာမလိုပါဘူး။ဒါပေမဲ့ အိမ်ထောင်ရက်သားကျပြီး မိန်းမယူသွားကြတဲ့အခါ "မယားပြောရင် တည"ဆိုသလို ဘာဖြစ်ဖြစ် family case မှာ မိန်းမဘက်လိုက်ပြီး မှားသွားတတ်ကြတယ်။ကျနော်တို့ ယောက်ျားတွေအနေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် စိတ်သဘောထားပြည့်ဝတဲ့ မိန်းမဖြစ်ဖို့လိုမယ်။လူကြီးတွေဆရာတွေအပေါ်ထားရှိအပ်တဲ့ ဂါရဝေါစ နိဝါရောစရှိတဲ့အမျိုးသမီးလဲဖြစ်ဖို့လိုမယ်။

တချို့ယောက်ျားတွေအနေနဲ့ကလဲအိမ်ထောင်ရက်သားကျပြီးရင် အဖေ အမေကို မေ့ပြီးရသမျကို မိန်းမအတွက်ဘဲ ဖြစ်လာတတ်ကြတယ်။
imagebold
"မယားကို စိန်နားကပ် အမေ့အတွက်ပဲကြီးလှော်"

မဖြစ်ဖို့လဲလိုအပ်ပါတယ်။မိဘတစ်ယောက်အနေနှင့် မွေးဖွားခြင်းကအစ အရွယ်ရောက်သည့်တိုင်အောင် ကျမ်းမာရေး။ပညာရေး။စားသောက်စားရိတ်တွက်ကြည့်ရင် မိန်းမတင်တောင်းပေးတဲ့ မိဘဝတ္တရား ကိုအသာထား၍ ဂဏန်းတွက်ကြည့်လျင် ကုန်ကျငွေ သိန်းထောင်ဂဏန်းအထက်ပါ။ကိုးလလွယ် ဆယ်လမွေး ကြင်နာဂရုစိုက်ခဲ့တာတွေ မထည့်တွက်သေးပါဘူး။

မိဘမေတ္တာ ကိုကြီးမားလွန်လို့ "အနန္တ ဂိုဏ်းဝင်"ဆိုပြီး ဖွဲ့နွဲ့ခဲ့ပါတယ်။
အနန္တော အနန္တ ငါးပါးထဲမှာလဲ တပါးအပါအဝင်ပါ။
"ဘုရား တရား သံဃာ မိဘ ဆရာ"ပါ

ညအိပ်ရာဝင်တိုင်း အနန္တော အနန္တ ငါးပါးကို ဦးထိပ်မှာ ပန်ဆင်ရှိခိုးလျက် အိပ်ပါတယ်။

စကားပြောတတ်တဲ့အရွယ်ကတည်းက အမေသင်ပေးခဲ့တဲ့ "သြကာသ"ကန်တော့ချိုးကအစ ပရိတ်ကြီး (၁၁)သုတ်၊ပုဌာန်း ၂၄ ပစ္စည်း၊ဘုရားဂုဏ်တော်ကိုးပါ တရားဂုဏ်တော် ခြောက်ပါး သံဃာ့ဂုဏ်တော် ကိုးပါးအစ ဘေးအန္တရယ်ကင်းစေတဲ့ သမ္ဗုတ်ဒေဂါထာတော် မေတ္တာပို့ပြီး အမျပေးဝေးတတ်အောင် အမေဟာ သင်ပေးခဲ့တယ်။ကျနော် စကားပြောတတ်စအရွယ်ကတည်းက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး ယခုချိန်ထိ ညအိပ်ရာဝင်တိုင် ဘုရားရှိခိုးအောင် သင်ပေးခဲ့တာပါ။ ကျနော့်အသက် ၂၃ နှစ်ဆို ကျနော် ဘုရားရှိခိုးပြီးကုသိုလ်ယူခဲ့တဲ့ သက်တမ်းကအများကြီးဘဲ။အမေ့ကျေးဇူးတွေ။
image
အမေဆိုပေမဲ့ ကျေးဇူးရှင် ကြွေးအဖေ ကိုလဲ ပြစ်ပယ်ထားလို့မရပါဘူး။

အမေ ကိုယ်ဝန်ဆောင်ချိန်ကအစ သန္တေသားလောင်း ကိုဂရုစိုက်ခဲ့တာအဖေ ပါ။အစားအသောက်ကအစ အဖေ မလစ်ဟင်းအောင် ဂရုစိုက်ပေးရတယ်။အမေ ထိုင်ထအချိန်တွေမှာလဲ အဖေ ဖေးမတွဲကူတယ်။မီးဖိုးချောင် ကိစ္စတွေဟာလည်း အဖေ့တာဝန်ဖြစ်လာခဲ့တယ်။ အမေ မီးဖွားပြီးချိန်မှာလဲ အမေ့လုံချည် ကလေးအနှီးကအစ အဖေ လျော်ခဲ့တာပါ။အလုပ်တစ်ဖက် အိမ်ကိစ္စအတွက်နဲ့ အဖေဟာ မအားခဲ့ပါဘူး။

အရွယ်ရောက်လာတော့လဲ အဖေဟာ မိသားစုစားဝတ်နေရေး၊ပညာရေး၊ကျမ်းမာရေးအတွက် အဖေ ရုံးကန်ရှာခဲ့တာဘာ။အဖေဟာ နေ့စဉ်အပြင်မှာဘဲ မိသားစုအတွက်ရုံးကန်ပြီး ကျနော်တို့ လူလားမြောက်အောင် ဂရုစိုက်ခဲ့တာဘာ။

အဖေဟာ အမေ့လို အနီးကပ်ပြုစုစောင့်လျောက်ခဲ့တာမျိုးအဟုတ်ဘဲ အဝေးတနေရာကနေ မိသားစုစားဝတ်နေရေးအတွက် ပေးလဲ့တာပါဘာ။သားသမီးတွေအနေနဲ့ အဖေ ဆူရိုက်ရင် အဖေ့ကိုမချစ်တတ်ကြပါဘူး။ဒါကလဲ မိသားစုဝင်တွေရဲ့ ဖြစ်တတ်တဲ့သဘောသဘာဝတွေပါ။

အဖေ့ရဲ့ နောက်ကွယ်က ပေးဆပ်မှုတွေကို အရွယ်ရောက်ပြီး စဉ်းစားတတ်တဲ့အခါ နားလည်မှာပါ။

မိဘကိုစိတ်ချမ်းသာအောင်ထားပါ။မိဘစိတ်ချမ်းသာရင် သားသမီးလိမ်မာရင် ဘယ်တော့အခါမှ မဆင်းရဲပါဘူး။
image
အိမ်ထောင်ပြုရင်ဘဲဖြစ်ဖြစ် တနေ့နေ့တချိန်ချိန် ကိုယ်ပိုင်စီးပွားရေးဖြစ်ကြသောအခါမှာ မိဘကိုမမေ့ပါနဲ့။မိဘဆိုတာ သားသမီးဘယ်ရောက်ရောက် အဝေးတနေရာကနေ သားသမီးဘေးအန္တရယ်မဖြစ်အောင်အမြဲတန်းဆုတောင်းပေးနေကြတာပါ။

သားသမီးတွေအနေနဲ့လည်း အိမ်ထောင်ကျပြီး တအိုးတအိမ်တည်ထောင်ကြတဲ့အခါ မိဘတွေကိုမေ့တတ်ကြတယ်။လင်ယောက်ျားသော်လည်ကောင်း ဇနီးမယားသော်လည်းကောင်း သတိထား၍ ဥပေက္ခာ မပြုဖို့လိုပါမယ်ဗျ။တချို့တချို့သောမိဘတွေ တကယ်တနားစရာကောင်းတယ်။သားသမီးကို ငယ်စဉ်က အစစအရာရာ အလိုလိုက်အကြိုက်ဆောင်ကြလို့ ပါ။

မိဘကိုစိတ်ချမ်းသာအောင်ထားသော သားသမီးများဖြစ်ကြပါစေ....

Htetnainglin
Msc 188
Photo crd Google

မိသားစု( မေမေ ဖေဖေ) | Ecency