အပေါင်းအသင်း၊မိတ်ဆွေ၊သူငယ်ချင်း၊ညီအကိုမောင်နှမ၊ဆွေမျိုး၊မိဘ ဆိုတာ လူမှုနယ်ပယ်မှာ လျစ်လျူရှု့မရသော အရာများဖြစ်သည်။လူဆိုတာ၌ ဘဝတစ်ခုရပ်တည်နိုင်ထိုင်မှုပြုရာတွင်လည်း တစ်းဦးတစ်ယောက်တည်း ရပ်တည် နေထိုင် ရှင်သန်လှုပ်ရှားလို့မရပါဘူး။စီးပွားရေး၊ကျမ်းမာရေး၊လူမှုပေါင်းသင်းဆက်ဆံရေး ပြေပြစ်မှသာ ကျနော်တို့လမ်းကြောင်းမှာ လွယ်ကူစွာ လျောက်လှမ်းလို့ရမည် မဟုတ်လား။
ကလေးဘဝကစားဖော်မှ ကစားဖက် သူငယ်ချင်းအပေါင်းအသင်းရှိသလို ကျောင်းနေစဉ်အရွယ်မှာလဲ ကျောင်းအတူတူတက်ကြတဲ့ အတန်းဖော်သူငယ်ချင်းဆိုတာတွေလဲ ရှိကြပါတယ်။စီးပွားရေး၊လူမှုရေး တွေမှာ ဝင်ရောက်လာပြီဆိုရင်လဲ အပေါင်းအသင်းဆိုတာ မရှိမဖြစ် လိုအပ်လာပါတယ်။
အချိန်တန်အရွယ်ရောက်ရင်လဲ ကြင်ဖော်ဇနီးမယားဆိုတာရှိကြပါသည်။
မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေဆိုတာတွေဟာ နေရာတိုင်းမှာ သူ့နေရာနဲ့သူရှိကြပါသည်။တွေ့ကြုံရသည်။ရှောင်ဖယ်လို့မရသော နိယာမ တစ်ခုဖြစ်နေပါတယ်။ငယ်ငယ်က မူလတန်းသင်ရိုးမှာ သင်ခဲ့ဖူးတဲ့ ကျေးနှစ်ကောင် ပုံပြင်လေး သတိရမိသေးတယ်.. လေပြင်းမုန်းတိုင်းတိုက်ခတ်လို့ ခိုးသားတွေဆီရောက်ရှိသွားတဲ့ ကျေးတကောင်ကတော့ ခိုးသားတို့ရဲ့ စရိုက်လက္ခဏာအတိုင်း ရိုင်းသွားသလို သူတော်ကောင်း ရသေ့ရဟန်းတွေဆီရောက်သွားတဲ့ ကျေးကတော့ သူတော်ကောင်းတို့ရဲ့ ဓမ္မအတိုင်း အပြောအဆိုအနေအထိုင် ယဉ်ကျေးသွားတယ်။ဒီသာဓက လိုပါဘဲ အပေါင်းသင်းမိတ်ဆွေတွေ့ကြုံရပြီဆိုတာနဲ့ ကောင်းမွန်တဲ့အပေါင်းအသင်းနဲ့တွေ့ရှိမှသာ တိုးတက်ခြင်းကို ဖြစ်ပေါ်စေမှာပါ။လိမ္မာတဲ့အပေါင်းအသင်းကြောင့် မိမိစိတ်တွေလဲ နူးညံပြီးတော့ အလုပ်ကိုင်အခွင့်လမ်းတွေ ပေါ်လာမည်။
မကောင်းတဲ့မိတ်ဆွေတွေနဲ့ တွေ့မိလျင် သူတို့ရဲ့ အကျင့်စရိုက်တွေ ကူးစက်ခံရပြီး ကောင်းမှုကိုအသာထား၍မကောင်းမှုပြုမှုများကူးစက်ခံရကာ ကောင်းမှုပြုလုပ်ရန် မိမိကိုအတားဆီးဖြစ်စေပါသည်။အလုပ်ကိုင်အခွင့်အလမ်းတွေ များစွာ ဆုံးရှုံးရပါသည်။
မြေနုကျွန်းဟာ ကိုင်းပင်တွေကို အမှီသဟဲပြုကြရသလို ကိုင်းပင်တွေဟာလဲ မြေနုကျွမ်းကို အမှီသဟဲ ပြန်ပြုကြရပါတယ်။"ကိုင်းကျွနိးမှီ ကျွမ်းကိုင်းမှီ"ဆိုတဲ့စကားပုံဟာ အဲ့တာကိုပြောတယ် ထင်မိပါတယ်။လူအပေါင်းအသင်းမိတ်ဆွေကိုအသာထားပြီး နိုင်ငံတနိုင်ငံ တွင် သီးခြားရပ်တည်လို့မရပါဘူး။အိမ်နှီးချင်းနိုင်ငံ၊မဟာမိတ်နိုင်ငံများ ထားရှိရပါသည် မိတ်ဖွဲ့ထားရပါတယ်။တစ်ယောက်တည်းရပ်တည်ဖို့ဆိုတာ ဘယ်နည်းနှင့်မျ မဖြစ်နိုင်ပါဘူး။လမ်းမှန်ပြပေးတဲ့မိတ်ဆွေသူငယ်ချင်းနဲ့လဲ ပေါင်းဖက်ဖို့အတွက် ဆက်ဆံဖို့အတွက်လဲ ရွေးမှန်တတ်ဖို့လိုအပ်ပါတယ်။အပေါင်းအသင်းကောင်းတွေကြောင့် တိုးတက်ကြီးပွားကြသလို အပေါင်းအသင်းကြောင့်လဲ ပျက်ဆီးဆုံးရှုံးရတာတွေအများကြီးရှိပါတယ်။တရားဓမ္မနဲ့ ပျော်မွေ့တဲ့ သူတော်စင် သူတော်ကောင်းတွေလဲ ဓမ္မမိတ်ဆွေအပေါင်းအသင်းဆိုတာရှိပါတယ်။လက်တစ်ဖက်ထဲနဲ့ အလုပ်မဖြစ်မြောက်သလို အပေါင်းသင်းမိတ်ဆွေကောင်းမရှိရင် မအောင်မြင်နိုင်ပါဘူး။လူမှုရေး စီးပွားရေး ပညာရေး စသည့် အဖက်ဖက်လုပ်ငန်းတွင် အပေါင်းအသင်းရှိမှ အလုပ်ပြီးမြောက်ကြတာတွေပါ။
မကောင်းတဲ့သူနဲ့မပေါင်းမိဖို့လဲလိုအပ်ပါတယ်။
မကောင်းတဲ့သူဆိုတာ မူးရစ်ဆေးဝါး၊ဆေးလိပ်၊အရက် စသည်တို့ကိုသုံးစွဲတဲ့သူ၊အပျော်အပါးမက်တဲ့သူတို့ဖြစ်ပါသည်။မူးရစ်သေစာ မူးရစ်ဆေးဝါး သုံးစွဲသူနဲ့ အပေါင်းအသင်းလုပ်လျင် မိမိကိုယ်၌မှာ ဘာမှမသုံးစွဲသော်လည်း ပတ်ဝန်းကျင်အမြင်တွင် မိမိသည်လဲ ထင်ယောင်ထင်မှားခံရတတ်ပါတယ်။"ကိုယ်ကောင်းရင်ခေါင်းမရွေ့"ဆိုတဲ့စကားဟာ စိတ်ဓာတ်ခိုင်မာပြတ်သားတဲ့သူတွေအတွက် ပြသနာမဖြစ်ပေမဲ့ စိတ်ဓာတ်ပျော့ညံ့သူတွေအတွက်ကတော့ အမှောင်ဘက်လမ်းကိုတဖြည်းဖြည်းရောက်သွားတတ်ကြပါတယ်။အောင်မြင်တိုးတက်ဖို့အတွက် မကောင်းတဲ့သူကို အပေါင်းအသင်းမပြုလုပ်တာအကောင်းဆုံးပါဘဲ။ရှောင်ကျဉ်တတ်ဖို့ အရေးကြီးလှပါတယ်။မိတ်ဆွေသူငယ်ချင်းအပေါင်းအတင်းကြောင့် ဂုဏ်တန်ဖိုးတက်နိုင်သလို သူတို့ကြောင့်လဲ မိမိတို့ရဲ့ ဂုဏ်သိက္ခာ ပျက်စီးတတ်ပါတယ်။ဒါကြောင့်မို့ မိတ်ဆွေအပေါင်းသင်းနဲ့ပတ်သက်လျင် ပေါင်းသင်းဆက်ဆံတော့မယ်ဆိုရင် သူ့ကိုပေါင်းလျင် မိမိဂုဏ်တက်စေမည်လား။ဒါမှမဟုတ် ဂုဏ်သိက္ခာကျဆင်းစေမှာလားဆိုတာ ခွဲ ခြားပြီး ပေါင်းသင်းဆက်ဆံမှသာ မိမိတို့ ဘဝကို အောင်မြင်အောင် တိုးတက်အောင် ဆောင်ရွက်နိုင်ပါမည်။နည်းမှား လမ်းမှား လိုက်ရင် အောင်မြင်မှုဆိုတာ ဝေးသထက်ပိုဝေးနေမည်။ဒါကြောင့်မို့ မိတ်ဆွေကောင်းကို ရှာဖွေရင်း ပန်းတိုင်ရောက်အောင် ခရီးဆက်ကြရအောင်ဟု ဆန္ဒပြုလိုက်ပါသည်။
htetnainglin
Msc 188
Photo crd google