မင်္ဂလာပါ...ဒီနေ့ ဖတ်လိုက်ရတဲ့ "အောင်မြင်မှုရဲ့ ပုံသေနည်းလမ်း"စာအုပ်မှ ဆောင်းပါးလေးတစ်ပုဒ်ကို myanmar steemit community မှအဖွဲ့သားအားလုံးကို မျဝေပေးချင်ပါတယ်။
တခါတုန်းက ခမောက်သည် တစ်ဦးဟာ ခြင်းတောင်းကြီးနှစ်ခုကို ဝါးလုံးနဲ့လျိုထမ်းပြီး တစ်ရွာဝင် တစ်ရွာထွက် ခမောက်ထမ်းပြီးလှည့်ရောင်းသတဲ့။တနေ့တော့ သူဟာ တရွာဝင် တရွာထွက် လှည့်လှည်ရောင်းရင်း ရွာအပြင်က သစ်ပင်ကြီးတစ်ပင်အောက်မှာ အနားယူရင်း မောမောပန်းပန်းနဲ့ အိပ်ပျော်သွားတယ်။
ဒီလိုနဲ့...အချိန်တွေ နှစ်လတွေ ကြာညောင်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုမှာ ခမောက်ရောင်းတဲ့ ဈေးသည်နောက်တစ်ယောက် အဲ့ဒီအပင်ကြီးအောက်ပြန်ရောက်လာခဲ့တယ် ။သူလဲ မောမောပန်းပန်းအနားယူပြီး အိပ်ပျော်သွားတဲ့တယ်။အထက်ပါ အဖြစ်အပျက်လိုဘဲ သူနိုးလာပြန်တော့ သူ့ခြင်းတောင်းထဲ ခမောက်တလုံးမှမရှိပြန်တော့ဘူး။ညောင်ပင်ကြီးပေါ်မော့ကြည့်လိုက်တော့ မျောက်တွေဟာ ယူဆော့ပြီး နေပြန်တယ်။ခမောက်ရောင်းသမားဟာ ပြုံးလိုက်ပြီး "အေးဆေးပေါ့"ကွာ ငါ့အဖိုးလုပ်ခဲ့သလို ပြန်လုပ်ရင်ရတယ်ဆိုပြီး အေးဆေးနေလေတယ်။ ညနေနေစောင်းခါနီးမှ...သူ့အဖိုးပြောပြခဲ့တဲ့အတိုင်း ကွင်းပြင်ကြီးထဲ သစ်ပင်နဲ့မနီးမဝေးမှာရပ်ပြီး မျောက်တွေကို ခေါင်းပုတ်ပြတယ်.. ဒါပေမဲ့ မျောက်တွေဟာ သူလုက်တဲ့အတိုင်း လုပ်မလုပ်ကြတော့ဘူးတဲ့ဗျ။ခမောက်ရောင်းသမားလေး စိတ်ဓာတ်ကျသွားပြီး သူ့အဖိုးတုန်းက လုပ်တာရပြီး သူ့အလှည့်ကြတော့ ဘာကြောင့်မရသလဲပေါ့။ မျောက်တွေကလည်း ပြန်ပြောတယ်။ "မင်းမှာလဲ အဖိုးရှိတာမဟုတ်ပါဘူးကွာ ငါတို့အဖိုးမျောက်ကလည်း ငါတို့ကို အကုန်ပြောပြထားတယ်တဲ့ကွ"လို့ ဆိုလေသတဲ့ဗျ။
ဒီဆောင်းပါးကို ဘာလို့ကျနော် မျဝေဝေပေးချင်တာလဲဆိုတော့...ဆောင်းပါးဖတ်ရင်း ရင်ထဲကျန်တဲ့ message က ကျနော်တို့ လောကီလူသားတွေအတွက် အကျိုးတစ်ခုခု သက်ရောက်စေခဲ့ပါတယ်။
ဘယ်အရာမဆို ပုံသေနည်းနဲ့ တွက်ချက်လို့မရဘူးဆိုတဲ့ message တခုပါ။
ဘဝအောင်မြင်ဖို့အတွက် ကျနော်တို့ အတူတူလျောက်လမ်းနေတဲ့ ခရီးလမ်းမှာ ဘယ်အရာမှ ပုံသေနည်းကျမရှိပါဘူး။
"ခေတ်ပြောင်းရင် စနစ်ပြောင်းတယ်"ပေါ့ဗျာ.....
ဒီဆောင်းပါးလေး မျဝေပေးခွင့်ရတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
Writter @htetnainglin
Msc-188
Photo credit google image