အမေ(ထာဝရ မေမေ)

Words
217
Reading
1 min
Listen
Play
9y

image
မိဘဆိုတာဟာ သားသမီးတစ်ယောက် အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ရတာဟာ တကယ်ကိုမလွယ်ကူလှပါဘူး။မိခင်အနေနဲ့ ပဋိသန္ဓေ ရယူပြီးကတည်းကစလို့ ဝမ်းကြားထဲမှာ ဖြစ်နေတဲ့ ကလေးအတွက် မပူလောင်စေရန် အပူ အဖန် အခါး အစပ် ကိုရှောင်ကျဉ်ကြရပါတယ်။ဘယ်လိုပင် စားချင်သော်ငှါးလဲ လောကထဲမရောက်သေးတဲ့သားသမီးအတွက် အမြင်တွေ့ရသေးတဲ့သားသမီးကို မေတ္တာပိုခဲ့ကြတယ်။ဂရုစိုက်ခဲ့ကြတယ်။

"အမေ..အမေမေတ္တာတွေဟာ အနှိုင်းမဲ့ပါ အမေ"
image
ကိုယ်ဝန်ဆောင်ချိန်မှာ အသွားအလာ အနေထိုင်က အစ သတိထားခဲ့ရတယ်။အလေးအပင်တွေလဲမမရ အကုန်းအကွ အထိုင်အထမှစပြီး အမေ ဂရုစိုက်ခဲ့တယ်။
"အမေ့ ဂရုဏာတွေ ကြီးမားလွန်တယ် အမေ"

အမေဟာ ကိုဝန်ဆောင်ချိန်မှာ လောကထဲရောက်မလာသေးတဲ့သားသမီးအတွက် ခြေလက်အင်္ဂါစုံလင်အောင် ရုပ်ရည်လှပအောင် ဆုတောင်းပေးကြတယ်။မွေးဖွားချိန်မှာလဲ
"ယောက်ျားဖောင်စီး မိန်းမမီးနေ"ဆိုသလို အမေဟာ အသက်နဲ့ရင်းပြီး မွေးဖွားခဲ့တယ်။
"အမေ့ မေတ္တာတွေ အနိုင်းမဲ့ပါ အမေ"
image
အမေဟာ ပုခက်ထဲတွင် အိပ်ပျော်စေရန် သားသမီးကို သီချင်းတီတီတာတာငြိမ့်ငြိမ့်ညောင်းညောင်နဲ့ သားကို ချော့သိပ်ခဲ့တယ်။အမေ့ရဲ့ မေတ္တာဓာတ်အရှိန်အဟုန်ကြောင့် ဖြစ်တည်လာတဲ့ နို့ရည်ကို သားသမီးအပေါ် တိုက်ကြွေးခဲ့တယ်။သားတို့ အရွယ်ရောက်လာပြန်တော့လဲ အမေဟာ ထမင်းဝါးပြီးသားတို့ ကိုအငတ်ပြေစေရန် ကစီဓာတ်ကိုခွံကြွေးခဲ့တယ်။
"အမေ့ မေတ္တာတွေ နိုင်းတုလို့မရဘူး အမေ"
image
အမေ..အမေဟာ သားတို့မွေးကင်းစငယ်ငယ် နုနယ်သေးတဲ့အရွယ်မှာ မက်၊ခြင်၊ယင် ကင်းအောင် ဂရုစိုက်ခဲ့တဲ့အချိန်တွေသားရေတွက်လို့မရဘူးအမေ။အမေဟာ...သား ညအချိန်ထထငိုတဲ့အခါ် အအိပ်ပျက်သော်လည်း...သားအတွက် ဂရုစိုက်ပြီး ယုယခဲ့တယ် အမေ...အမေ သားအတွက် ပင်ပန်းဆင်းရဲလှပါတယ်အမေ။
"အမေ ဒီကျေးဇူးတွေ သားဘယ်လိုဆပ်ကုန်မှာလဲ အမေရယ်.."

သား...စကားမပီကလာ ပီကလာ ပြောတတ်တဲ့အချိန်မှာ အမေဟာ "ဖေဖေ..မေမေ"ခေါ်တတ်အောင်သင်ပေးခဲ့တယ်။သြကာသ ဘုရားရှိခိုးအမျိုးမျိုးကိုလည်း ရှေ့ကနေဆိုပြီး အမေ သားတို့ကို သင်ပေးခဲ့တယ်။ဖေဖေ မေမေ ကိုကို မမ ဦးဦး ဒေါ်ဒေါ် အဖိုးအဖွားကအစ ခေါ်တတ်အောင် အမေဘဲသင်ပေးခဲ့တာအမေ။

"အမေ..အမေဟာ လက်ဦးဆရာပါအမေ"
image
အမေ..အမေဟာ သားတို့ ပြေးလွှားဆော့ကစားတဲ့အရွယ်မှာလဲ သားတို့ရှေ့ရေးအတွက် အမေ ပူပန်ခဲ့မှာဘဲနော်အမေ။အမေက သားကို ပညာတတ်ကြီးဖြစ်စေချင်တာ။သားစာမကျက်လို့ မမေရိုက်တယ်။ပြီးတော့ ကြင်နာစွာပြန်ချော့တယ်။အမေ ခပ်ဖွဖွ ရိုက်ခဲ့တာ သားမနာပါဘူး အမေရယ်။

အမေ အမေဟာ သားတို့ ကျောင်းသွားကျောင်းပြန်ချိန်တွေမှာ အကြိုအပို့လုပ်ခဲ့တယ်။သားတို့အတွက် ထမင်းချိုင့်ထည့်ပြီး ပြင်ဆင်ခဲ့တဲ့အချိန်တွေ...သားဆယ်တန်းအထိ အမေ တနေ့မှ မအားခဲ့ပါလား အမေ။

သားမုန့်ဖိုးတောင်းရင် အဆင်မပြေတဲ့ကြားထဲ့က ရှိတဲ့ငွေလေး အမြဲတန်းပေးခဲ့တယ်။အမေ..အမေ့ကျေးဇူးတွေ သားဘယ်လိုဆပ်ကုန်မှာလဲအမေ။

သားဘွဲ့ယူတော့ အမေ့အပြုံးတွေကြည့်ပြီး သားအရမ်းပျော်ခဲ့တယ် အမေ။အမေ့ကျေးဇူးတွေ သားဆပ်ချင်ပေမဲ့..သားနေရာအသစ် အလုပ်သစ်မှာ သားပျော်နေခဲ့တယ်။အမေ့ကို မေ့နေခဲ့တယ် အမေ။အမေ့ကို လျစ်လျူရှုမိတယ်အမေရယ်။
image
သားအမေ့ဆီ ဖုန်းမဆက်ခဲ့ဘူးအမေ..အမေ ဆက်ခဲ့တဲ့အချိန်တွေ သားလျစ်လျူရှူမိတယ်အမေ။အမေ့ကို သားအရမ်းချစ်တယ်လို့ တခါမှမပြောမိသေးဘူးအမေ။"နေကောင်းအောင်နေ ကျမ်းမာရေးဂရုစိုက်"ဆိုတဲ့ အမေ့ရဲ့ ပူပန်မှုတွေကို သားဂရုစိုက်မမိဘူးအမေ

ဒီတခါ သားအိမ်ပြန်လာရင် အမေ့ကို စိတ်ချမ်းသာအောင် ထားမယ်အမေ။အမေ့ဆုံးမစကားတွေကိုလည်း အမြဲဂရုစိုက်ပါမယ်အမေ။

"ခလုတ်ထိမှ အမိတ"ဆိုရိုးလို
အမေ့ရဲ့ မေတ္တာ ကို သားနေမကောင်းချိန် အနေဝေးမှ တန်ဖိုးထားတတ်လာပြီအမေ။

"အမေ အမေဟာ ထာဝရအမေ"
"အမေ အမေဟာ အနှိုင်းမဲ့အမေ"

အမေ့မေတ္တာ စမ်းရေလိုအေးမြလှတယ် အမေ။

အမေ့အိမ် သားလူမိုက် ပြန်လာပြီအမေ။

အမေ ကမ္ဘာပေါ်က သားသမီးတိုင်း
အမေကို တန်ဖိုးထားချစ်တတ်သော လူတစ်ယောက် ဖြစ်ကြပါစေ

မိခင်ကို ထာဝရ လုပ်ကြွေးနိုင်သောသူဖြစ်ကြပါစေ။

အမေ စိတ်ချမ်းသာအောင် ထားနိုင်သော သားကောင်းသမီးကောင်းရတနာများ ဖြစ်ကြပါစေ...အမေ..

"အမေဟာ သားအတွက် ထာဝရ အမေပါ အမေ"

"အမေ့ကျေးဇူး မြင်းမိုရ်ဦး
ဆပ်လို့မကုန် မိဘဂုဏ်"

ခံစားချက်ဖြင့်ရေးသည်။

သား လူမိုက်htetnainglin@htetnainglin
Photo credit google
Msc-188

အမေ(ထာဝရ မေမေ) | Ecency