လူငယ်တွေဘာလုပ်သင့်ပြီလဲ ? ? ?

Words
122
Reading
1 min
Listen
Play
9y

images.jpg
လူငယ်တွေ ဘာလုပ်သင့်လည်း ? ? ?
ယနေ့ခေတ်မြန်မာနိုင်ငံဟာ ခေတ်နှင့်အညီတိုးတက်လာတာနှင့်အမျှ လူငယ်တွေလည်း လိုက်ပြီးပြောင်းလဲသင့်တာတွေကိုပြောင်းလဲသင့်ပါပြီ။
ယနေ့လူငယ် နောင်ဝယ်လူကြီး ဟူသောစကားအတိုင်း ယနေ့ခေတ်အခါ လူငယ်များ ပြောင်းလဲမှသာ နောင်ခေတ်အခါတွင် တိုးတက်သောမြန်မာနိုင်ငံကြီးကိုထူထောင်နိုင်မည် ဖြစ်သည်။
ယနေ့ခေတ်လူငယ်များသည် ပြောင်းလဲရန် ပထမအချက်မှာ ယခင်ကတိုင်အရိုးစွဲလာသော အကျင့်ဆိုးများကို ဖျောက်ဖျက်ရန်ဖြစ်ပြီး ပျင်းမနေသင့်တော့ပေ။ လေ့လာရမည့်အရာထဲတွင် စာများများဖတ်ကာ မိမိဝါသနာပါသော အလုပ်ကို တစိုက်မတ်မတ်လုပ်ဆောင်သင့်ပေသည်။အဘယ်ကြောင့်ဆိုသော် မိမိဝါသနာပါသောအလုပ်ကို လုပ်ဆောင်ပါက စိတ်ဖိအားမများဘဲ ပေါ့ပါးကာ စိတ်ကျန်းမာရေးကောင်းမွန်စွာ အလုပ်ကိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။မိမိပညာရေးနှင့်အတူ မိမိဝါသနာပါသော အလုပ်ကိုလုပ်ဆောင်ပါက တိုးတက်မည်မှာမလွဲဧကန်ပင် ဖြစ်သည်။

download (1).jpg
ထို့ပြင် နည်းပညာကိုလည်းလေ့လာလိုက်စားသင့်သည်။လူငယ်တိုင်းဖုန်းကို အသုံးပြုနေကြပြီဖြစ်သည်။မိမိလက်ထဲရှိ ဖုန်းကိုအကျိုးရှိရှိအသုံးချသင့်ပေသည်။မိမိလက်ထဲရှိဖုန်းမှ စာပေများလေ့လာဖန်ရှုနိုင်သလို မိမိတို့စိတ်ဝင်စားသော ဘာသာရပ်များ နည်းပညာများကိုရှာဖွေလေ့လာနိုင်ပေသည်။ယနေ့ခေတ်လူကြီး၊လူငယ်အသုံးများသောအရာမှာ Facebook ပင်ဖြစ်သည်။ Facebook ပေါ်တွင် အသိပညာစာအုပ်စာပေများရှိသလို ရှောင်ရှားသင့်သောအရာများလည်းများစွာရှိပေသည်။မိမိတို့လိုအပ်သည်များကို ရှာဖွေစုဆောင်းကာ မလိုအပ်သည့်အရာများကို ရှောင်ရှားသင့်ပေသည်။ Facebook ပေါ်တွင်သာမက online ပေါ်တွင် ရှာဖွေလေ့လာသင့်ပေသည်။

school-1063556_960_720.jpg
ဒုတိယအရေးပေးလေ့လာသင့်သည်မှာ ဘာသာစကားဖြစ်ပေသည်။မိမိဘာသာစကားတစ်ခုတည်း တတ်ထားရုံမျှမလုံလောက်နိုင်ပေ။နိုင်ငံတကာမှဘာသာစကားအားလုံးတွင် အင်္ဂလိပ်စာဘာသာစကားမှာ မပါမဖြစ်ဖြစ်ပေသည်။ထို့ကြောင့် မိမိပညာရေးကိုသာမက English Speaking အဆင့်ဆင့်ကိုပါလေ့လာမှတ်သားသင့်ပေသည်။သို့မှသာ မိမိအတွက်သာမက မိမိနိုင်ငံအတွက်ပါအကျိုးပြုနိုင်ပေမည်ဖြစ်သည်။ English စာကိုလေ့လာရာတွင် အရေးအဖတ်အပြောသာမက နားထောင်နိုင်စွမ်းရည်ကိုပါ စနစ်တကျလေ့လာမှတ်သားမှသာ မမေ့နိုင်မည်ဖြစ်သည်။

hourglass-time-hours-sand-39396.jpeg
တတိယအနေနှင့်လိုက်နာလုပ်ဆောင်သင့်သည်မှာ မိမိအားလပ်ချိန်များကို အချိန်မဖြုန်းသင့်ဘဲ မိမိအတွက်အကျိုးရှိသောနေရာများတွင်ကုန်ဆုံးကာ အချိန်ကိုအကျိုးရှိရှိအသုံးချခြင်းပင်ဖြစ်သည်။ အချိန်ကိုအကျိုးရှိရှိအသုံးချခြင်းမှာ လူငယ်ဘဝတွင်သာမက တစ်သက်လုံးအကျိုးရှိစေသောအလေ့အထပင်ဖြစ်သည်။ မနက်ခင်းမိုးလင်းသောအချိန်မှသည် ညပိုင်းအိပ်သည့်အချိန်အထိ အချိန်ကိုစနစ်တကျခွဲခြမ်းစိတ်ဖြာကာ အသုံးချသင့်သည်၊ထိုနေရာတွင် တစ်နေ့တာအတွက်အချိန်ဇယားများဆွဲ၍ဖြစ်စေ တစ်လလျှင်မိမိရည်မှန်းချက် မည်မျှရှိသည်ကိုလေ့လာဆန်းစစ်၍ မှတ်သားထားကာ တစ်ဆင့်ခြင်းလုပ်ဆောင်၍ဖြစ်စေ အကျိုးရှိရှိအသုံးချသင့်ပေသည်။
နောက်ဆုံးအနေနှင့်မှတ်သားရမည်မှာ မိမိအလုပ်ကိုယုံကြည်ရန်နှင့် မိမိလုပ်သောအလုပ်သည် မိမိကိုယ်ပိုင်ဟုမှတ်ယူကာ အလုပ်ကိုတန်ဖိုးထားရန်ဖြစ်ပြီး အလုပ်ရှိသည်ကိုမကြောက်ဘဲ အလုပ်မရှိသည်ကိုကြောက်ရန်ပင်ဖြစ်သည်။အသက်ငယ်စဉ်မိမိကိုယ်ကို မခိုင်းပါက အသက်ကြီးလျှင်သူများခိုင်းတာကို ခံရတတ်ပါသည်။ထိုကြောင့်ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသောစကားအတိုင်း လိမ္မာပါးနပ်ပြီးစွမ်းရည်ပြည့်ဝသောလူငယ်အပေါင်းမှသည် စွမ်းအားပြည့်ဝသောလူတော်လူကောင်းများတည်ဆောက်သော နိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်းနိုင်ရန် အားလုံးတူညီကြိုးစားကြပါစို့...........................
MSC-120
Written by hponekokomyint
Credit to Google Image