အချစ်နှင့်အချိန်

Words
143
Reading
1 min
Listen
Play
9y

images (5).jpg
အချစ်နှင့်အချိန်
လူတို့သည်ငယ်ရွယ်ကတည်းက ချစ်တတ်ကြသည်။သားသား၊မီးမီးလေးအရွယ်ကပင် ဖေဖေ၊မေမေတို့ချစ်လား မေးရာ ချစ်တယ်ဟုဖြေတတ်ကြသည်။ထိုအရွယ်တွင်အချစ်ဆိုသောအရာမှာ မည်သို့မည်ပုံမသိ။အသက်အရွယ်ရတာနှင့်အမျှ ပတ်ဝန်းကျင်ကိုလိုက်၍ အချစ်ဆိုသောအရာကိုသိတတ် မြင်တတ်လာကြသည်။

maxresdefault_11714.jpg
ယခုခေတ်ကလေးများသည် ငယ်စဉ်ကပင်အချစ်ကိုလက်တည့်စမ်းချင်ကြသည်။စူးစမ်းရှာဖွေလာကြသည်။သို့သော် ရှာဖွေရင်းလမ်းလွဲကာဘမိမိဘဝ တန်ဖိုးဆုံးရှုံး၍ တစ်သက်လုံးအမဲစင်ထင်ကျန်သောအရာများလည်းရှိနေကြပြီဖြစ်သည်။ထို့ကြောင့် မိမိကိုယ်ကိုတန်ဖိုးထားရင်း မိမိတစ်ကယ်ချစ်သောသူကို အချိန်ကာလတစ်ခုအထိစောင့်စားသင့်သည်။အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းတရားသည်တန်ဖိုးကြီးမားသောကြောင့်ဖြစ်သည်။အချိန်ကာလတစ်ခုအထိ မစောင့်ဘဲ ဆုံးဖြတ်ချက်တစ်ခုမှား၍ချခဲ့ပါက တစ်ဘဝလုံးစိတ်ဆင်းရဲပေလိမ့်မယ်။

ယောက်ျားလေ၊မိန်းကလေး နှစ်ဦးစလုံးပင် အသွားမတော်တစ်လှမ်း၊အစားမတော် တစ်လုပ်ဖြစ်ပေသည်။မိန်းကလေးများမှဆင်ခြင်ရမည် ဟူ၍မဟုတ်ပေ။ယောက်ျားလေးများလည်း ဆက်ခြင်သင့်သည်။ကိုယ်တစ်ကယ်ချစ်မှ မိန်းကလေးတစ်ယောက်ကို သွယ်ဝိုက်ကာဖြစ်စေ၊ဒဲ့ဖြစ်စေ ကိုယ်ချစ်ကြောင်းကို သိစေပြီး အဖြေကိုစောင့်စားသင့်သည်။ထို့အတူ မိန်းကလေးများသည်လည်း မွေးရပါသဘာဝအရ အများစုသည် အားနာတတ်ကြသည်။အချစ်ကို ဆုံးဖြတ်ရာတွင် အားနာလို့ဟု ခေါင်းစဉ်တပ်၍မရပေ။ ကိုယ်နှင့်ကိုယ့်ပတ်ဝန်းကျင်မိဘအသိုက်အဝန်းနှင့် ကိုက်ညီမှုရှိ မရှိ။နားလည်မှုပေးနိုင် မပေးနိုင်။တစ်ယောက်ကိုတစ်ယောက် နားလည်ကာ ပြင်နိုင်မှာသာ သာယာသောအချစ်ရေးတစ်ခုဖြစ်ပေလိမ့်မည်။ထို့ကြောင့်အချစ်ဟူသောအရာသည် ဘဝ၏အစိတ်အစိတ်အပိုင်းတစ်ခုဖြစ်ပေသည်။မပေါ့ဆသင့်ပေ။ထို့ကြောင့် လူတစ်ယောက်ကိုချစ်မိလျှင် ကိုယ်တိုင်စဉ်းစားသုံးသပ်ပါ၊အချိန်ကိုစောင့်ပါ၊ကိုယ်ချစ်နေတာသူသိပါစေ။

သိပ်ချစ်ရင် စောင့်လိုက်ပါ အချိန်တန်ရင် နားလည်လာပါလိမ့်မယ်

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့်သင်ယူပါ။
ဒီနေ့အတွက်သာ ကိုယ်နဲ့အတူတူ ဘေးနားမှာ မရှိနိုင်ပေမယ့် နောင်အနာဂတ်အတွက်တော့ သူ တစ်နေ့ ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်။

images (3).jpg
လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စိတ်ရှည်သည်းခံခြင်းကို လေ့လာသင်ယူပါ။
ဒီနေ့အတွက်သာ ကိုယ့်အချစ်ကို သက်သေမပြနိုင်သေးပေမယ့် နောင်အနာဂတ်အတွက်တော့ တကယ်စစ်မှန်ရင် သူ နားလည်လာနိုင်ပါတယ်။

နားလည်လာဖို့ဆိုတာ ကိုယ့်အပေါ်မူတည်သလို သူကိုယ့်အချစ်ကိုနားလည်နိုင်မှာလည်း ပေါင်းစည်းခွင့်ရမှာပါ။ထို့ကြောင့်အကောင်းဆုံးပြုပြင်နေထိုင်ပြီး အချိန်အခါကိုစောင့်ပါ။

ကိုယ့်တကယ် ချစ်သောသူကို မျှော်လင့်စောင့်စားရတယ်ဆိုတာ နာကျင်စရာအကောင်းဆုံးပါပဲ။တကယ်ချစ်ရင် အချိန်ဆိုတာခဏလေးပါ အနှေးနှင့်အမြန် သူကိုယ့်အနားကိုရောက်လာမှာပါ။

ဒါပေမယ့် အချိန်မစောင့်ဘဲ ဆုံးဖြတ်ချက်လေးတစ်ခုမှားလိုက်ရင် လက်လျော့လိုက်ရတဲ့ဘဝမှာ တစ်သက်တာ နောင်တတွေပါသွားခဲ့ရင်တော့ ပိုပြီးတော့ အရမ်းနာကျင်စရာကောင်းပါလိမ့်မယ်။

တကယ်ချစ်ရင် တန်ဖိုးထားပြီး အချိန်ကိုစောင့်ပါ။ရွေးချယ်စရာနှစ်ခုရှိမယ်ဆိုရင် ဘယ်အရာကအကောင်းဆုံးလည်း ဘယ်သူကအချစ်ဆုံးလဲရွေးချယ်ပါ။

အချိန်ကြာလာတာနှင့်အမျှ မေတ္တာတရား(သို့မဟုတ်)အချစ်-ချစ်ခြင်းသည် ယောင်ပြန်ဟပ်လေ့ရှိပါသည်။လူပင်မဆိုထားနဲ့ အသိဉာဏ်နည်းပါးသော တိရိစ္ဆာန်များတွင်ပင်လျှင် သံယောဇဉ်ဖြစ်ခြင်း ဟုသောအရာဖြစ်လာတတ်ပါသည်။ထို့ကြောင့်မည်သည့်အရာမဆို အလွယ်တကူမရနိုင်သကဲ့သို့ အလွယ်တကူရသောအရာသည်လည်း တန်ဖိုးရှိမည်မဟုတ်ပါ။အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် အလကားရသောအရာကို တန်ဖိုးမထားတတ်ကြသောကြောင့်ဖြစ်သည်။ထို့ကြောင့် ကိုယ်တစ်ကယ်ချစ်နေလျှင် ကိုယ်ချစ်နေတာကို ချစ်သောချစ်သူတော့သိပါစေ။အခြေအနေနှင့်အချိန်အခါအရ တစ်ချို့အရာများသည် ချစ်လျက်နှင့်လွဲခဲ့ကြရတတ်သည်။ထို့ကြောင့်အချိန်အခါကောင်းကိုစောင့်ပါ။တကယ်ချစ်လျှင်စိတ်ရှည်ပါ။နားလည်နိုင်အောင်ကြိုးစားပါ။
images (2).jpg
တကယ်ချစ်ရင်တန်ဖိုးထားပြီးအချိန်ကိုစောင့်ပါ. . . . . . . . . . .

written by hponekokomyint
Credit to Google Images
MSC-120

အချစ်နှင့်အချိန် | Ecency