ဒါအမှန် ဒါအမှား
ငါအများကြီးသင်ခဲ့ရတယ်..လိုအပ်တာတွေများပြီပိုနေတာတွေနည်းခဲ့တယ်
တစ်ခါတစ်လေအတုဟာအစစ်ထက်ပိုကောင်းနေတယ်
အမှန်တရာကခါးတော့လူကြိုက်နည်းတာပေါ့
ဘဝမှာ မလိုတာတွေဖယ်
လိုတာတွေသယ်ပြီး စွန့်လွှတ်ခြင်းတွေနဲ့
ငါ့လမ်းငါဖောက် ခိုင်မာတဲ့စိတ်ဓာတ်တွေက
ငါ့ကို အဖော်ပြု..
နောက်ပြန်မကြည့်ခြင်းတွေနဲ့
ရှင်သန်ခဲ့ရလို့လားမသိ
နောက်ထပ် ဘာတွေ နာကျင်ရအုံးမှာလဲလို့
တွေးပြီး မကြောက်တက်တော့ဘူး..
ဘဝခရီးလျှောက်ရင်း လမ်းမှာတွေ့တဲ့
ဆူးညှောင့် နဲ့တူတဲ့ စိတ်ပျက် အားငယ်
မလိုအပ်တဲ့ အမှိုက်တွေကို ဖယ်ရှားရင်း..
အမြင့်ကိုရောက်ဖို့ ကြိုးစားတက်နေတယ်
အမြင့်ကို ရောက်ဖို့ လိုအပ်တယ်
အမြင့်ကိုရောက်မှ များများမြင်နိုင်မှာမို့
လဲကျတိုင်း ပြန်ထလို့ ဆက်လျှောက်ရအုံးမယ်....
တစ်ခါတစ်ခါ ငါရင့်ကျက်ပြီလားလို့
ကိုယ့်ကိုကိုယ် မေးမိတယ် မေးမိတိုင်းလဲ
ငါမရင့်ကျက်သေးဘူးဆိုတာ သိလာတယ်....
မနက်ဖြန်တွေရှိနေသေးသရွေ့
ငါ့မျှော်လင့်ချက်..
မပြီးဆုံးတက်တဲ့ ဘဝခရီးကို
လဲကျတိုင်း ပြန်ထရင်း လိုရာခရီး
ရောက်အောင် ငါ ဆက်လျှောက်နေမယ်...
တစ်ယောက်ထဲလာပြီးတစ်ယောက်ထဲပဲအပျော်တွေနဲ့ပြန်တော့မယ်......
Bye. ..SMT10