Votes or No Votes in Myanmar Election

Words
89
Reading
1 min
Listen
Play
6y

တစ်ချို့​သော လူများက ဒီနှစ် ​ရွေး​ကောက်ပွဲမှာ ဘယ်ပါတီကိုမှ မဲမ​ပေးဘဲ ​နေကြဖို့ ​ပြော​နေကြတယ်။

ကျွန်​တော်က​တော့ အဲဒီလို မ​နေပါဘူး။ NLD ကိုပဲ မဲ​ပေးမှာပါ။ NLD ရဲ့ လုပ်​ဆောင်ချက်​တွေက

အားရစရာ မရှိဘူးဆို​ပေမယ့် NLD လုပ်ကိုင်​နေရတဲ့ အ​ခြေအ​နေက ၂၀၀၈ ဖွဲ့စည်းပုံရဲ့

အကန့်အသတ်​တွေ​အောက်မှာ လုပ်​နေရတာပါ။ ပြီး​တော့ NLD အစိုးရ လုပ်သွားတဲ့

၅ နှစ်အတွင်းမှာ အစိုးရအဖွဲ့ထဲက ဘယ်ဝန်ကြီးမှ ​ဒေါ်လာ ဘီလျံချီပြီး ချမ်းသာသွားတာ မရှိဘူး။

လာဘ်စားဖို့လုပ်တဲ့ ဝန်ကြီး နှစ်​ယောက်လည်း မြင်တဲ့အတိုင်း အ​ရေးယူ ခံလိုက်ရတယ်။

မဲ​ပေးစရာ ပါတီ​ကောင်းမရှိလို့ မဲမ​ပေးဘဲ​နေရင် အရင် ဒုံရင်းဘဝ ပြန်​ရောက်သွားမယ်။

၂၅ ရာခိုင်နှုန်း အ​ကျော​ပေးပြီး ပြိုင်ရတာဆို​တော့ ကံမ​ကောင်းရင် နယ်လှည့် ပါးရိုက်လာတာဆိုတဲ့

လူမျိူး​တွေ လက်​အောက်ပြန်​ရောက်သွားနိုင်တယ်။ NLD ကို မ​ပေးဘဲ တခြားပါတီ တစ်ခုခုကို

​ပေးရ​အောင်လည်း ​လောက်​လောက်လားလား ဘယ်ပါတီမှ မရှိဘူး။ NLD အ​ပေါ် အားမရကြတဲ့

အ​ကြောင်းရင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အကန့်အသတ်​တွေ​ကြောင့် ဆို​တော့ ၂၀၀၈ ဖွဲ့စည်းပုံကို

ပြည်သူအ​ပေါ် မျက်နှာမူတဲ့ ဖွဲ့စည်းပုံဖြစ်​အောင် ​ပြောင်းလဲနိုင်တာ ဘယ်ပါတီရှိမလဲ။ ရှိရင် NLD ကို

မ​ပေးပါဘူး။ အဲဒီပါတီကို ​ပေးမှာ​ပေါ့။

img_0.27666880077763717.jpg

Votes or No Votes in Myanmar Election | Ecency