ထန်းသမား(4)

heinzaw(42)
Published in
#story
Words
132
Reading
1 min
Listen
Play
8y

'ထန်းရည်နှင်း'ဆိုသည်၌ ဘယ့်နှယ် ထန်းရည်တွေတက်နင်းလို့ ခြေထောက်စိုကုန်မှာပေါ့ဟု ပြောစရာရှိ၏။ စင်စစ် ထန်းရည်တွေကို
တက်နင်းခြင်း မဆိုလိုပေ။ ထန်းရည်ထွက်အောင် ထန်းတက်ရာ၌ ထန်းဝအရင်းထိပေါ်လာရန် ထန်းလက် ထန်းရွာတွေကို ခြေထောက်နှင့်
နင်းချရခြင်းကို ဆိုလိုခြင်းဖြစ်ပေသည်။
ဦးကြင်ဥသည် ဤလေးဆစ်ကို တပို့တွဲဘွဲ့ ဖွဲ့သည်။ မှန်ပါ၏။ တပို့တွဲလသည် ထန်းလှိုင်လှိုင်တက်ရသောလ ဖြစ်ပါသည်။ သို့သော်IMG_20180617_054323.jpg
ထန်းသမားများအဖို့ ထန်းဦးမှာ နတ်တော်လလောက်က ၀ တက်ရသည်။
ထန်းရည်သည် သုံးမျိုးမှ ရနိုင်သည်။ ထန်းဖို၊ သီးနု၊ သီးရင့်။
ပထမဦးဆုံးကိုင်ရသည်မှာ ထန်းတစ်ပင်မှသီးသော သီးနု၊ အသီးကလေးတွေပြုစ၊ အခိုင်ကျမှ ကိုင်ရသည်။ နတ်တော်လ
ထန်းဦးဖြစ်သည်။ ဒုတိယထန်းဖို ပြာသို၊ တပို့တွဲလလောက်မှာ ကိုင်ရသည်။ တတိယနောက်ဆုံးမှာ သီးရင့်ဖြစ်သည်။ အသီးများလည်ရပ်ဝင်၍
စားမဖြစ်အောင် ရင့်သောကာလ၊ မိုးဦးကျလောက်မှ စ ကိုင်ရသည်။
ထန်းရည်ထွက်အောင်လုပ်ရာ၌ ထန်းသမားအဖို့ သီးရင့်သည် အပင်ပန်းဆုံးဖြစ်၏။ အသီးရင့်ကြီးတွေနာပြီး သူ့အဆီအနှစ်တွေ
အရိုးထဲပြန်ဝIMG_20180617_054333.jpgင်သွားအောင် သီးလုံး ချက်ညီညီ ထုရသည်။ ထန်းသမားများသည် အများအားဖြင့် ကကြီး ခခွေး ဆို၍ ထုကြသည်။ ဥပမာ...
အသီးတစ်လုံးကို တင်းပုတ်ဖြင့် (င)အထိ ၅ ချက်ထုလျှင် အလုံးတိုင်းသည်လိုပဲ ခိုင်လုံးထုရ၏။ ရက်ပေါင်းများစွာထု၊ နေ့တိုင်းရ၏။
သီးရင့်သည် လုပ်ရတာခက်ခဲကြန့်ကြာသလောက် ထန်းရည်ထွက်သက်ရှည်၏။ ထန်းဖို ထန်းမတို့သည် (အရိုးစွဲသော တစ်ပင် တစ်စ
နှစ်လောက်မှလွဲ၍) မိုးသံလေသံကြားလျှင် ပြေးကုန်တတ်ကြသည်။ သီးရင့်ကား မိုးဦးကျကဆုန်၊ နယုမှ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊
နတ်တော်အထိ ထန်းကိုင်ကောင်းလျှင် ကောင်းသလောက် ရေရှည်ထွက်လေသည်။
ထေကြီးသည် သူတို့ရွာမှ ထန်းတက်ပညာကို အကုန်တတ်ခဲ့သဖြင့် ထန်းသုံးမျိုးကို နှစ်လုံးပေါက် ထန်းရည်ရအောင် တက်နိုင်လေသည်။
တာကပ်ကြီးရွာတွင် ထန်းပင်ပေါရကား ထေကြီးသည် တစ်နှစ်လျှင် ထန်းပင် ၅ဝ ကျော်တက်၏။ တစ်နေ့ထဲ အပင် ၅ဝ တက်နိုင်သည်ဟု
မဆိုပါ။ ထန်းဖို ထန်းမ၊ သီးနသီးရင့်လိုက်၍ အချိန်ရာသီခြားရပါသည်။ သို့သော် သူသည် တစ်နေ့တည်းကို အပင်အပိတ် သုံးဆယ်လောက်တော့

ထန်းသမား(4) | Ecency