မွန်ပြည်နယ် မုဒုံမြို့ သာသနာထွန်းကားသော ပြည်နယ်ဖြစ်သလို ဘာသာတရားကိုင်းရှိုင်းသော မွန်လူမျိုးတို့ နေထိုင်ရာ ပြည်နယ်တစ်ခုလည်းဖြစ်ပေသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့် က ဗျိုင်းနှစ်ကောင် လျောင်းတော်မှု ရုပ်ပွားတော်ကြီးကြောင့် ခရီးသွားဧည့်သည်များ အဝင်များခဲ့သလို မုဒုံမြို့၏ ကြီးကျယ်ခမ်းနားမှုကလည်း မြင့်မားခဲ့သည် သမိုင်းဝင် ကန်ကြီးဘုရား ကန်ကလေးဘုရား စသည်တို့ ဖြင့် မုဒုံ၏ သာသနာတော် ကျယ်ပြန့် သည် ပြယုဂ်ဖြစ်ခဲ့ပါသည် ယခု နှစ်အနည်းငဟ် အတွင်းမှာပင် မုဒုံမြို့၏ အဝင်လမ်း မြင်းနှစ်ကောင် ဘုရားလည်း တည်ထားကိုးကွယ်ပြီး ဖြစ်ပါသည် အသစ်တည်ခြင်းမဟုတ်ဘဲ ယခင်တည်းက ရှိခဲ့ပြီးသား ဘုရားကျောင်းကန်များကို အသစ်မွမ်းမံပြီး စေတီတော် ရင်ပြင်တစ်ဝိုက် ရှေးဟောင်လက်ရာများ သမိုင်းဝင် ထူးခြားပစ္စည်းများဖြင့် ခရီးသွားဧည့်သည်များ စိတ်ဝင်စားသော နေရာတစ်ခုဖြစ်လေသည် စာရေးသူမိမိသည်လျှင် လေ့လာ၍ မဝနိုင်အောင် မပြန်ချင်အောင် ဖြစ်မိပါသေးသည်