ကျောင်းပိတ်ရက် အတောအတွင်း စာအေးဆေးရေးမည်ဟု တွေထားခဲ့လေသည် ။ သို့ ပေမဲ့လည်း တွေးထားသည့်အတိုင်းဖြစ်မလာခဲ့ပေ ။ ဒါကြောင့် " ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရမူ အဘယ်မှာ အနတ္တ ရှိမည်နည်း " ဟုသံပေါက်ကဗျာ စပ်ဆိုခဲ့ဟန် တူချေသည် ။ တွေးသည့်အတိုင်း ဖြစ်ချင်သည့်အတိုင်း ဖြစ်လာပါက အစိုးရခြင်းတည်းဟူသော အနတ္တတရားကား အဓိပ္ပါယ်မဲ့ချေတော့မည် ။ ဒါကြောင့် မိမိခန္ဓာကိုယ် မိမိပိုင်သည်ဟူပြီး တစ်ထစ်ချသတ်မှတ်ထား၍ မရခြင်းဖြစ်တန်ရာသည် ။ စာမေးပွဲပြီး အမေ့အိမ်ရှိရာ ရန်ကုန်၌ ဖင်ပူအောင်ပင် မနေရချေ ။ ထားဝယ်မှ သူငဟ်ချင်းက မိမိအား ဖုန်းဆက်ခေါ်လေသည် ။ ရွာကျောင်းတွင် ဆရာတော်နှင့် သူသာရှိချေသည်မို့  မိမိအား အဖော်ရအောင် ခေါ်ခြင်းဖြစ့်သည် ။ ကထိန်ရာသီလည်းဖြစ်နေသည်မို့  ကျောင်းကိစ္စဝိုင်းကူရအောင် ခေါ်ခြင်းလည်းဖြစ်တန်ရာသည် ။ ဘာကြောင့်ပဲ ခေါ်ခေါ် မိမိကလည်း ခရီးသွားဖို့  လမ်းစရှာနေသူမို့  အကြိုက်တွေ့လေသည် ။ ဒီတော့ လက်မှတ်ဖြတ် အဖေကလည်း လိုက်ချင်ပါသည်ဆို၍ သားအဖနှစ်ယောက် ထားဝယ်သို့ ရောက်ခဲ့တော့သည် ။
ရန်ကုန်မှ မော်လမြိုင် သို့ ညကားဖြင့် ထွက်လာပြီး မိုးလင်းသည်နှင့် ထားဝယ်သို့ ခရီးဆက်ခဲ့လေသည် ။ သို့ နှင့် သူငယ်ချင်းကျောင်းရောက်တော့ နားချိန်ပင်မရလိုက် ။ ကျောင်းအလှုရှိနေ၍ ဝိုင်းဝန်းကူညီရပြန်ပေသည် ။ မိမိရော အဖေပါ ဖတ်ဖတ်မောတော့သည် ။ သူငဟ်ချင်းကတော့ အားနာသည် ။ သို့ သော် ညီအစ်ကို ရင်းပမာဖြစ်နေသည်မို့  သိပ်တော့ကိစ္စမရှိ မိမိ၏ မိဘများကလည်း သူငယ်ချင်းအပေါ် သားရဟန်းလို သဘောထားသည်မို့ သူ့ အရေး မိမိတို့ အရေးသာပေါ့ အလှုကြီးပြီးသွားတော့ အဖေက ပြန်တော့မည်ဆို၍ ထားဝယ်ရှင်ကိုးရှင်ဘုရား လိုက်ပို့ ရသေးသည် ။ ဘုရားဖူးပြီးပြန်တော့ ကားပေါ်မှာ အဖေက မိမိကိုသေချာကြည့်၍ သားကို ကျေးဇူးတင်တယ်ဟု ဆိုလေသည် ။ ဘာလို့ လဲ ဆိုတော့ အဖေ ထားဝယ်ရောက်ဖူးချင်တယ် ရှင်ကိုးရှင်ဘုရားဖူးချင်တဲ့ ဆန္ဒပြည့်ဝသွားလို့ ပါ ဆိုတဲ့စကားကြားတော့ မိမိရင်ထဲ အတိုင်းမသိ ကြည်နူးမိသည် ။ ငါ့အဖေဆန္ဒတစ်ခု ငါဖြည့်ဆည်းပေးနိုင်ခဲ့ပြီဟူသော ပီတိပင်ဖြစ်မည် ။ သို့ သော် အချိန်နောက်ကျနေ၍ ရေတံခွန်များ တောတွင်း ဝါးအိမ်ဘန်ဂလိုများသို့  လိုက်မပို့ နိုင်လိုက်ချေ ။ ထိုနေရာတွေသာ လိုက်ပို့ လိုက်ရရင်ဖြင့် အဖေဘယ်လောက်ပီတိဖြစ်မည်မသိဟူ၍ပင်တွေးမိပါသေးသည် ။နောက်များမှ ခရီးစဉ်များနှင့် လမ်းခရီးအကြောင်းရေးပေးတော့မည် နောက်လူအများဖူးရအောင်ပေါ့ ။
ယခု မိမိလည်း ထားဝယ်က ပြန်လို့  မုဒုံသို့ ရောက်ရှိနေပြန်သည် ။ ခရီးသွားနေသောကြောင့် စာမရေးဖြစ်ခြင်း ဖြစ်သလို နောက်ထပ်အကြောင်းပြချက်ကတော့ မိမိ၏ မျက်စိပင် မျက်မှန်တပ်ရရှက်သောကြောင့် ဘာမှမဖြစ်သလိုနေခဲ့ရာမှ ယခုတော့ ဖုန်းကြည့်သည်နှင့် စာနှစ်ထပ်ဖြစ်နေတော့သည် ။ နာရီဝက်ထက်ပိုကြည့်မရပေ ။ မျက်ရိုးက သိသိသာသာ ကိုက်လာသည် ။ ရန်ကုန်ပြန်ရောက်လျှင်တော့ မျက်မှန်လုပ်ရမည် ။ ယခုစာရေးနေချိန်ပင် ဝါးတားတားဖြစ်နေသည် ဖောင့်ပင်သိပ်မကွဲချေ ။ ဖျက်လိုက် ရေးလိုက်နှင့် steemit နှင့် အဆက်မပြတ်အောင်တော့ကြိုးစားရပေမည် ။ မိမိ၏ မိသားစုဂရုအတွင်းလည်း hurt token အကြောင်းပြောဆိုရှင်းပြနေသည်များတွေ့ပါသည် ။ တစ်ချိန်က airdrop များညလုံးပေါက် gmail များစွာနှင့် ဝုန်းခဲ့သည့် အကျိုးကြောင့် မျက်စိက စာဖတ်ရအဆင်မပြေတော့ချေ ။ ထိုကြောင့်သိပ်လည်း စူးစိုက်နိုင်ခြင်းမရှိတော့ချေ ။ ထို့ ကြောင့် အများနှင့် သီခြားဖြစ်သလိုလည်း ခံစားနေရသည် စိတ်ဝင်စားပေမဲ့လည်း စူးစိုက်နိုင်ခြင်းမရှိတော့ချေ ။ အများရလည်း မိမိရသလိုပျော်ရွှင်ပေးမည့် ပီတိသာ ထားလိုက်ပါတော့သည် ။
မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။
MSC-181
Author @gunapeya