မင်္ဂလာပါ။
ဒီနေ့ တောဓလေ့ရိုးရာ စိုက်ပျိုးရေး လုပ်ကြပုံကို မျှဝေပေးချင်ပါတယ်။
ကျွန်တော် နေထိုင်ရာ ကျေးလက်ဒေသမှာ ယခုလို မိုးရာသီ၌ မြေပဲ နှင့် စပါး တို့ကို စိုက်ပျိုးလေ့ရှိကြပါတယ်။
ယခု ဖော်ပြမည့် စိုက်ပျိုးရေး ကတော့ မြေပဲမျိုးချခြင်း ဖြစ်ပါတယ်။
မိုးရွာပြီး နောက်တစ်ရက်မှာ တောင်သူလယ်သမားတွေဟာ မြေပဲ စိုက်ပျိုးရန် နွားများဖြင့် ထွန်ယတ်ကြပါတယ်။
ထို ထွန်ယတ်ထားသော ထွန်ကြောင်းရာ တစ်လျှောက်မှာ မြေပဲစေ့များကို အတန်းလိုက် ချကြပါတယ်။
ထိုနောက် မြေပဲစေ့တွေကို မြေဖြင့် ဖုံးလိုက်ကြပါတယ်။
သို့ဖြစ်၍ မိုးရွာပြီးစ နောက်တစ်ရက် မြေလွှာကို ထွန်ယတ်ပြီး မြေပဲစေ့ချ စိုက်ပျိုးရေးလုပ်ငန်းမှာ ရိုးရှင်လှပါသည်။
အောက်ပါ ပုံကတော့ မြေပဲစေ့ချစိုက်ပျိုးရေး လုပ်ကြသော တောင်သူလယ်သမားအချို့ လုပ်ငန်းခွင်မှာ နေ့လည်စာ စားသောက်ကြရင်း အနားယူနေကြပုံ ဖြစ်ပါတယ်။
တောဓလေ့က လူနေမှုဘဝ ရိုးရှင်းလှပါတယ်။
လုပ်ရင်းကိုင်ရင်း စားသောက်ကြသည်မှာလည်း အိမ်မှ ချက်ပြုတ်ယူလာသော တောထမင်း၊ တောဟင်းတွေကို မြေကြီးပေါ် ချခင်း၍ ဟန်ဆောင်မှုကင်းစွာ ဗိုက်ဝရေး အလေးပေး စားသောက်ကြခြင်း ဖြစ်သည်။
ဤသည်မှာ တောသဘာဝ ရိုးရာဓလေ့ အလှတရားများ ဖြစ်ပါသည်။
ရွှေအနာဂတ်ပိုင်ရှင်