မင်္ဂလာပါ။
ဒီနေ့ဟာ တန်ဆောင်မုန်း လပြည့်နေ့ တန်ဆောင်တိုင် အခါတော်နေ့ ဆိုတော့ မိတ်ဆွေတို့ ဘုရားကျောင်း သွားကြပါသလား။
ဒီနေ့အတွက် ဘာတွေ စီစဉ် ထားကြပါသလဲ။
အမှတ်တရ ဘယ်တွေ သွားကြမလဲ။
ဘာတွေ လုပ်စားကြမလဲ။
ဘာတွေ အလှူအတန်း လုပ်ကြမလဲ။
ယောင်္ကျားဘသား အသောက်သမားတွေ ကတော့ သောက်စား ပျော်ပါးကြမယ် ထင်ပါ့။
လူကြီးသူမတွေ ကတော့ ဥပုသ်သီလ စောင့်ထိန်းကြမယ် ထင်ပါတယ်။
မိန်းမသား အများစုကတော့ ဆေးပေါင်းခအောင် မယ်ဇလီဖူးသုပ် စားကြမှာပဲ။
ကာလသားလူရွယ်တွေ ကတော့ ကြက်ကာလသားချက် နှင့် ယမကာရည်လေး တွဲလို့ ဆေးပေါင်းခကြမယ် မဟုတ်လား။
ကလေးတွေ ကတော့ အိမ်လည် အလှူခံကာ မုန့်ဝယ်စားကြမယ်။
မြန်မာ့နိုင်ငံရေး အခြေအနေက ပျော်ပါးရမယ့် အနေအထားတော့ မဟုတ်ပါဘူး။
တစ်ကိုယ်ရည်စာပဲ တွေးတတ်သူအဖို့တော့ ပျော်နိုင်ကြမှာပါပဲ။
အရပ်ဒေသ မတူသလို လူ့စိတ်တွေ မတူတော့လည်း ဘယ်သူ့ဘယ်သူကိုမှ ဝေဖန် မနေတော့ပါဘူး။
ကျွန်တော့် အတွက်တော့ ဒီနေ့ ဘာမှ ထူးထူးထွေထွေ မရှိပါဘူး။
ဘယ်မှလည်း သွားဖြစ်မှာ မဟုတ်ပါဘူး။
တန်ဆောင်တိုင် အခါသမယမှာ မိတ်ဆွေများ ဘေးဘရာ ဝေးကွာ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလိုက်ရပါတယ်။