Onions Salads : I Eat Daily

Words
56
Reading
1 min
Listen
Play
6y

ခုနေခုချိန်ခါမှာတော့ ရွာမှာ 🏠အိမ်မှာ အပေါဆုံးက
ကြက်သွန်နီ ပါပဲ။

ဒီတော့လည်း စားစရာများစွာမှာ ကြက်သွန်နီဟာ
နေရာပေးခံရတော့တာပါပဲ။

သား ငါး တွေ ချက်တော့လည်း ဟင်းနှစ်ရအောင်
ကြက်သွန်နီ များများထည့်ရတာပဲ။

🐐ဆိတ်သားခြောက် အမွကြော်၊ ကြက်ဥအကြေကြော်တော့လည်း
ဟင်းစားများအောင် ကြက်သွန်နီနဲ့ ပွားရတာပဲ။

မနက်မနက်တွေ breakfast ဆိုလည်း ပဲကြမ်းကြော်ကို
ကြက်သွန်နီနဲ့ ရောသုပ်သလို၊ ဆန်မှုန့်လေးများနဲ့ ရောပြီး
ကြက်သွန်ကြော် ကြော်စားရတာပဲ။

တစ်ချို့မနက်စာတွေ ထမင်းဆီဆမ်းဆိုလည်း ကြက်သွန်နီ
လေးခြမ်းစိတ်ပြီး မြှုတ်စားသေးတာပဲ။

ဒီလိုတွေကြားထဲ နေ့ခင်းဘက်တွေမှာ ကြက်သွန်နီ
အလုံးလိုက်ပြုတ်သုပ် စားကြပြန်သေးဗျာ။
av3xpg.jpg
ကြက်သွန်နီ ကြက်သွန်နီ
တယ်လည်း အရာရောက်သလို ဟင်းတွေထဲ ထည့်ချက်တော့
ချိုမွှေးစားလို့မြိန်တာကိုး။

ကြက်သွန်နီ စားလို့ covid ကာကွယ်နိုင်ရင်တော့
ကိုယ်တွေက ရှယ်ကျန်းမာနေတာပေါ့ဗျာ။