HIVE ပန်းလေးများ ပွင့်ဝေလှပနိုင်ပါစေ

Words
114
Reading
1 min
3y
Listen to this post
~1 min

မင်္ဂလာပါ။

ကျွန်တော်က Hive Blockchain စတင်ခဲ့သည်မှ စပြီး အသုံးပြုလာခဲ့သူ တစ်ယောက်ပါ။
ကျွန်တော်က Cryptocurrency အကြောင်း အများကြီး နားမလည်သလို Trading လည်း မလုပ်တတ်ပါဘူး။
သို့ပေမယ့် ကျွန်တော်က Hive Blockchain မှာ မျှော်လင့်ချက်ကြီးစွာဖြင့် ပုံမှန် လုပ်ဆောင်နေပါတယ်။

ကျွန်တော့်မှာ ငွေကြေး အရင်းအနှီးများစွာ မရှိပါဘူး။
နေ့ဖို့ညစာ ပြေလည်ရုံ နေထိုင်နိုင်သူ တစ်ယောက်ပါ။
Hive ကိုတော့ ကျွန်တော်၏ အနာဂတ် ငွေကြေးလွတ်မြောက်မှု အတွက် မျော်မှန်းထားပါတယ်။
ဒါကြောင့် ကျွန်တော် တတ်နိုင်သမျှလေးဖြင့် Hive income ရအောင် နေ့စဉ် လုပ်ဆောင်နေပါတယ်။

ကျွန်တော် Hive မှာ ထူးထူးခြားခြား မစွမ်းဆောင်နိုင်ပါဘူး။
ဒါပေမယ့် ကျွန်တော် သိမြင်တာ၊ တွေ့မြင်တာတွေကို ပြန်လည် မျှဝေနေပါတယ်။
ကျွန်တော် ရောက်ရှိသည့် နေရာက သဘာဝတရား နှင့် ပန်းပင်တွေ ကတော့ ကျွန်တော် မျှဝေလေ့ရှိသည့် အကြောင်းအရာများပါပဲ။

ပန်းလေးတွေ လှတာ မြင်ရလျှင် အမှတ်တရ ပုံရိုက်ပြီး တင်ပြဖြစ်သလို HIVE ကိုလည်း ပန်း လို လှစေချင်ပါတယ်။
သဘာဝ၏ ဤ ပန်းလေးတွေက ကျွန်တော့် အတွက် အလှကြည့်ရရုံသက်သက် မဟုတ်ပါဘူး။
ဒီလို ပန်းလေးတွေကို Hive Blockchain ပေါ်မှာ မျှဝေရင်း ကျွန်တော်၏ အနာဂတ် အတွက် ငွေပင်ငွေရင်း စုဆောင်းနေဖြစ်တာပါ။
ပန်းလေးတွေက ပတ်ဝန်းကျင် အလှဆောင်ပေးသလို Hive ကလည်း Hive Bloggers အများစု အတွက် အကျိုးဖြစ်ထွန်းစေပါတယ်။

HIVE ပန်းလေးများ များများ ပွင့်ဝေ လှပစေနိုင်ဖို့ တောင်းဆုပြုလိုက်ရပါတယ်။

golden.future@golden.future

HIVE ပန်းလေးများ ပွင့်ဝေလှပနိုင်ပါစေ | Ecency