Advertise And Post On MediaOfficials

Words
214
Reading
1 min
7y
Listen to this post
~1 min

မင်္ဂလာပါ...

ဒီနေ့မနက်ခင်း ၄နာရီခွဲမှာ အိပ်ရာထပါတယ်။

ဘုရားဝတ်ပြု၊ တရားထိုင်၊ စိတ်လေ့ကျင့်ခန်းလုပ်ပြီး

၅နာရီခွဲလောက်မှ စ၍ ဖုန်းကိုင်ဖြစ်ပါတယ်။

ဖုန်းကိုင်ဖြစ်တော့ ပထမဆုံး Steemit နှင့် ပတ်သက်တာတွေ

လျှောက်ကြည့်ဖြစ်ပါတယ်။

Community Token တွေကလည်း မှိုလို ပေါက်လာလေတော့ သတိထားပြီး ကြည့်မိပါတယ်...

မှိုကျင်းများ တွေ့ရမလားလို့ပေါ့။

ထိုမှိုများစွာထဲမှ MOT ဆိုတဲ့ Token လေးကို သွားသတိ

ထားမိခဲ့ပါတယ်။ ဘယ်လိုများ ရနိုင်မလဲပေါ့။ ဒါနဲ့ပဲ...

၎င်းsite တွေကို ရှာကြည့်မိခဲ့ပါတယ်။

MOT token ထွက်ရှိရာ ဒေသ အရင်းအဖြစ်ကတော့

https://mediaofficials.io/ ပါ။

၎င်းထဲကို ဝင်ကြည့်လိုက်သောအခါ သူတို့ရဲ့ ကိုယ်ပိုင်

Platform နှင့် Steemit နဲ့ တွဲထားသော steem-engine

အခြေခံတဲ့ site တို့ ထပ်ရက်ယှဉ်ရက် တွေ့ရပါတယ်။

အခြား palnet, steemleo တို့လို့ မဟုတ်ပါဘူး။

ဒါနဲ့ပဲ ပထမဆုံး signin ကို အပေါ်ဆုံးမှ Facebook

အကောင့် အသုံးပြုကာ ဝင်ခဲ့ပါတယ်။ (gmail ဖြင့် ဝင်ရင်လည်း

ရပါတယ်။) ၎င်း site အတွင်းမှာတော့ Copy/paste ကို

ရှောင်ခိုင်းကာ ကိုယ်ပိုင် အရေးအသားများဖြင့် သတင်းမီဒီယာ၊

ရာသီဥတု၊ နိုင်ငံရေး၊ စီးပွားရေး၊ ကြော်ငြာမားကပ်တီး ပိုင်းဆိုင်ရာ

အကြောင်းအရာ အမျိုးမျိုးအတွက် Blog များ ရေးသားတင်

နိုင်ပါတယ်။

ထိုမှ ပြန်ထွက်ခဲ့ကာ အောက်တစ်ဆင့် Steemit account

Posting key ဖြင့် signin ထပ်လုပ်ကြည့်ခဲ့ပါတယ်။

ထိုအခါ အခြား Community Token site တွေလိုပဲ

အသုံးပြုရသော site ကို တွေ့ရပါတယ်။

Source Link for MOT

ထို့နောက်တစ်ခါ ဘာတွေ ဘယ်လို လုပ်ရ သိရမလဲ ဆိုပြီး

သူတို့ရဲ့ မူရင်း site ကို ပြန်သွားကြည့်ပါတယ်။ ၎င်းထဲမှာ

Advertise and Post နှစ်ကဏ္ဍ ရှိပါတယ်။

Media များစွာနှင့် ချိတ်ဆက်ထားပြီး ဗဟုသုတ မျိုးစုံ ရချင်လျှင်

Blog တွေကို ဖတ်ရှုနိုင်ပြီး မိမိ၌ ကုန်ပစွည်း ရှိပါကလည်း

ကြော်ငြာနိုင်ပါသည်။

Source for Advertise and Post media

ထိုမှတစ်ဆင့် Advertise က ဘယ်လိုမျိုးလဲ သိရအောင်

ထပ်ဝင်ကြည့်ခဲ့ပါတယ်။ ဤတွင် အခြားသော Social Media

များစွာနှင့် ချိတ်ဆက်ထားပြီး မိမိ၏ Product များကို

အမျိုးအမည်တင်သွင်း၍ ကြော်ငြာနိုင်ပါမည်။

Source for Advertise

ဤ Platform သည် MOT token ဖြင့် ပေးချေမည်ဖြစ်ပြီး

Steem-engine မှာလည်း Trade လို့ ရပါသည်။

ဤသည်မှာ ယနေ့တွေ့ရှိ site အသစ် တစ်ခုကို

အကြမ်းဖျဉ်း မျှဝေပေးခြင်းသာ ဖြစ်၍ မည်သို့ အကျိုးဖြစ်ထွန်းနိုင်မည်ကို တိတိကျကျ မသိရသေးပါသောကြောင့်

မိတ်ဆွေတို့လည်း အားရင် လေ့လာကြည့်နိုင်ရန် တင်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။
ပုံနှင့်တကွ တင်မလို့ လုပ်ထားသော်လည်း မတက်တတ်တော့၍ ကွန်မန့်ပေးခဲ့ပါတယ်😁😁😁

MSC 193

@golden.future

Advertise And Post On MediaOfficials | Ecency