Crush ချဉ်းကပ်​နည်း

Words
73
Reading
1 min
Listen
Play
9y

image
ကိုယ်သဘောကျနေတဲ့ Crush ကိုချဉ်းကပ်နည်း
ချစ်တတ်တဲ့နှလုံးသားရှိတဲ့လူတိုင်းက အချစ်နဲ့မကင်းနိုင်ကြပါဘူး။ ကိုယ်တစ်ဖက်သတ်ကျိတ်ကြွေနေတဲ့ ကိုယ့်ရဲ့ Crush ကကိုယ့်ခံစားချက်တွေကို သိချင်မှသိပါလိမ့်မယ်။ သူမသိတဲ့ သင်သူ့ကိုစိတ်ဝင်စား နေတဲ့အကြောင်းတွေကို ရိုးရိုးရှင်းရှင်းလေးပဲ ထုတ်ဖော်ပြနိုင်ပါတယ်။
ပန်းစည်းလေးတွေလက်ဆောင်ပေးပါ။ အချစ်ရဲ့သင်္ကေတကိုဖော်ပြနေတဲ့ ပန်းတွေရှိပါတယ်။ ဒီလိုပန်းလေးတွေပေးပြီး သင့်ရဲ့Crush ကိုသင်စိတ်ဝင်စားနေတဲ့အကြောင်းကို ဖွင့်ဟနိုင်ပါတယ်။

image

အချစ်သီချင်းတွေစုစည်းထားပြီး နားထောင်ခိုင်းတာ။ ကိုယ့်ရဲ့ခံစားချက်နဲ့ ကိုက်ညီတဲ့အချစ်သီချင်း လေးတွေကို သူ့ကိုပေးနားထောင်လိုက်ပါ။ သူ့ဘက်ကသင် သူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာ သိလာပါလိမ့်မယ်။

image

စိတ်ဝင်စားနေတဲ့အကြောင်းကိုလည်း စာတိုလေးတွေပို့တာပဲဖြစ်ဖြစ် Facebook ကနေ Message ပို့တာပဲဖြစ်ဖြစ်လုပ်ပါ။ ဝတ္တုရေးသလိုတော့ အရှည်ကြီးရေးပြနေစရာမလိုပါဘူး။ အရမ်းရှည်နေရင်

သူပျင်းသွားမှာပေါ့။

image

အချစ်ရဲ့အဓိပ္ပာယ်ကို ဖော်ပြနေတဲ့ မိုးပျံပူဖောင်းလေးတွေကိုသုံးပြီးတော့ ကိုယ့်ရဲ့အချစ်တွေကို Crush လေးရိပ်မိအောင်လုပ်နိုင်ပါတယ်။

နောက်ထပ်ချစ်စရာကောင်းတဲ့ နည်းလမ်းတစ်ခုကတော့ သဲနဲ့ပုံဖော်ပြီး ချစ်တဲ့အကြောင်းရေးတာပဲဖြစ်ဖြစ် ကျောက်ခဲလေးတွေနဲ့ ပုံဖော်တာပဲဖြစ်ဖြစ်လုပ်ပြီး Crush လေးကိုပြောပြနိုင်ပါတယ်။

ကိတ်မုန့်ပေါ်မှာချစ်တဲ့အကြောင်းလေးတွေကို ရိုးရိုးရှင်းရှင်းလေး ရေးပြီးလက်ဆောင်ပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ Crush ကိုချဉ်းကပ်ဖို့ စိတ်ထဲမှာမဝံ့မရဲ ဖြစ်နေရင်တောင် သူ့ကိုစိတ်ဝင်စားနေတဲ့ အကြောင်းကို အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံး ဝန်ခံတတ်ပါစေ။

ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးတွေကို သုံးပြီးကိုယ့်ရဲ့ Crush လေးကြွေသွားအောင် ကြိုးစားကြည့်ပါဦးနော်။

Crush ချဉ်းကပ်​နည်း | Ecency