လုပ်ခလစာ

Words
199
Reading
1 min
Listen
Play
8y

ယနေ့ မြန်မာနိုင်ငံနေပြည်သူ ပြည်သားများ နိုင်ငံသူ
နိုင်ငံသားများမှာ လုပ်ခလစာ၏ အနိုင်ကျင့်စော်ကားခံ
နေသည့်ဒဏ်ကို ခံစားနေကြရတာ နှစ်ပေါင်း ၂၀ကျော်ပီ
ဆိုလျှင်မမှားနိုင်ပါ။ အဘယ့်ကြောင့် ဤသို့ပြောရသနည်းဟု
မေးခွန်းပြန်ထုတ်ပေးမည့် သူလည်း ရှိနိုင်မည်မထင်ပါဘူးခင်ဗျ

image
Credit :google image

ဘာလို့လည်းဆိုတော့ အားလုံးက ဒီဒဏ်ကိုခံစားနေကြရလို့
ဖြစ်ပါသည်။ ဘယ်အချိန်မှာ လွတ်မြောက်နိုင်ပါနည်းဟု
မျှော်လင့်နေသော မျှော်လင့်ချက်ကလေးမှာလည်း ယနေ့ထိ
အရိပ်အရောင်မမြင်ရသေးပါဘူးဗျာ..မျှော်လင့်ချက်လေး
မြင်ရဖို့ အရိပ်အရောင်သမ်းလာလျှင် ကုန်ဈေးနှုန်းဆိုတဲ့
ပိဿာချိန် အလေးကြီးက ကျွန်ုပ်တို့၏ လုပ်ခလစားလေးများ
ပြားပြားဝပ်အောင် ဖိထားကြတယ်ဆိုတာလည်း လူတိုင်း
သိပီးသားဖြစ်၏ ထို့ကြောင့် ကျွန်တော် စာရေးသူလည်း
အလုပ်ကောင်း လစာကောင်းသည့် အလုပ်များ အင်တာနက်
ဖေ့ဘုတ် သတင်းဂျာနယ်များတွင် လိုက်လံမွှေနောက် ရှာဖွေ
ရပါပီ အလုက်ရှာဖွေရင်း သတင်းတစ်ခုကို ကျွန်တော် အမှတ်
မထင်ဖက်မိလိုက်ပါသည်။ခေါ်ယူမည့် လုပ်ငန်း ခေါ်ယူမည့်
ရာထူးမှာ ကျွန်ုပ်နှင့် လုံးဝ မသက်ဆိုင်သော အလုပ်ခေါ်
ကြေငြာစာဖြစ်သော်ငြားလည်း စပ်စုချင်စိတ် သိချင်စိတ်
အလွန်များသော ကျွန်တော်မနေနိုင်၍ ဖက်မိခဲ့သည်ဆိုလည်း
မမှားပါဘူးခင်ဗျ ။ ဖက်လိုက်ရတဲ့သတင်းက တကယ့်
မြန်မာနိုင်ငံတွင် နာမည်ကျော်ကြားပီးဝင်ငွေကောင်းကောင်း
လည်ပါတ်နေသော ကုမ္ပဏီ တစ်ခုမှအလုပ်ခေါ်စာဖြစ်ပီး

image

Credit :google image
ခေါ်ယူမည့်ရာထူးများက BE electronic ဘွဲ့မှာ အနိမ့်ဆုံး
ဖြစ်ပီး ခေါ်ယူမည့် လုပ်သားအသက်မှာလည်း ၃၅နှစ်ထက်
မကျော်လွန်သော အညွန့်အဖူး ခိုင်းကောင်းမည့်
အရွယ်များကိုသာ လက်ခံစဉ်းစားပေးမည်ဖြစ်ပီး လုပ်ခ
လစာပေးထားသည်မှာ 18000ကျပ် နှင့် အဆောင် ပီးလျှင်
တစ်နေ့ ထမင်းဖိုး 1000ကျပ် ထောက်ပံ့မည်ဟု ဂုဏ်ယူ
ဝင့်ကြွားစွာ ဖော်ပြကြော်ငြာမှာ သတင်းစာ၏ ခေါင်းစီးပိုင်းတွင်
ရောင်စုံစားလုံးများဖြင့် သတင်းစာမျက်နှာဖုံးအား အပြည့်နေရာ
ယူထားပီးဖြစ်သည် ။ ထိုအလုပ်ကြောငြာစားအားဖက်၍
ကျွန်တော်အတော်လေး စိတ်ပျက်သွား၏ အဘယ်ကြောင့်နည်းဟု
မေးလျှင် 18 နှစ် 19 နှစ်မျှ လေ့လာစည်းပူးသင်ယူခဲ့ရသည့်
ပညာ၏ တန်ဖိုးမှာအဲ့ဒီပမာဏလောက်ဘဲထိုက်တန်သလား
နည်းပညာကျောင်းသားများအနေဖြင့် BE ဘွဲ့တစ်ခုရရှိဖို့
ဆိုလျှင် အနည်းဆုံး ၆နှစ် တက္ကသိုလ်တက်ခါ လေ့လာစည်းပူး
ရသည်ဖြစ်ပီး အဆောင်စရိတ် ကျောင်းစရိတ် အထွေထွေစရိတ်
များသည်ပင်လျှင် ထိုအလုပ်ခေါ်စာ၏ ပေးထားသောလစာထက်
သေချာပေါက် ပို၍ကုန်ကျမည်ဖြစ်သည် ဘာကြောင့်လည်း

image

Credit :google image
မြန်မာနိုင်ငံ၏ အခြေခံလုပ်ခလစာများမှာ အလွန့်အလွန်
အားနည်းနေသောကြောင့်ဖြစ်၏ ယနေ့အချိန်တွင် အခြေခံလစာ
တိုးမြှင့်နေပေမယ့်လည်း ကုန်ဈေးနှူန်းပါတပြိုင်တည်း
တိုးမြှင့်လာသောကြောင့် ဘဲစားဘဲခြေသာဖြစ်နေ၏ ဤသည်မှာ
အဘယ့်ကြောင့်နည်း အစိုးရမှ ၄င်းတို့၏ အစိုးရ၀န်ထမ်းများ
အတွက်သာ လုပ်ခလစာတိုးမြှင့်ပေးနေပီး ၄င်းတို့အား
ထမင်းကျွေးနေသော ပြည်သူများ၏ လုပ်ခလစာအား ဥပဒေဖြင့်
ကာကွယ်ပေးထားခြင်းမရှိသောကြောင့် ကုန်ဈေးနှူန်း တိုးမြင့်မှာ
ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေပေအုန်းမည် ။ ထို့ကြောင့် ကျွန်ုပ်တို
ပြည်သူပြည်သားများ၏ လုပ်ခလစာအား ကာကွယ်ပေးမည့်
ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းလာဖို့သာဆုတောင်းရင်း
ကုန်ဈေးနှူန်းဆိုတဲ့ ပိဿာချိန်အလေးကြီးအောက်မှာ
ကြံ့ကြံ့ခံရင်း ဘ၀ကိုရင်ဆိုင်ဖြတ်သန်းရပေအုန်းတော့မည်
ဖြစ်ပါသည်ခင်ဗျားးးးးးး

Post writer : ThiHaKo(gelatofresco@gelatofresco)
Credit :google image
MSC 019

လုပ်ခလစာ | Ecency