This content got low rating by people.

ခဲသွားတဲ့နွေ အပိုင်း ၁

Words
98
Reading
1 min
Listen
Play
8y

မာန
ပညာမာန
ဥစ္စာမာန
ပြီးတော့…
ရှိမာန
မရှိမာန
မာနကြောင့် အောင်နိုင်သူ ဖြစ်ရသည်။
မာနကြောင့် ရှုံးနိမ့်သူ ဖြစ်ရသည်။
မာနရှိရန် ပြောကြသည်။
မာနမရှိရန် ပြောကြသည်။
ဝန်းကျင်အခြေအနေန ကြုံတွေ့နေကြရခြင်းများအပေါ်မှာ မာနကို အမျိုးမျိုး သတ်မှတ်ကြသည်။ မှတ်ချက်ပေးကြသည်။
မာနကြောင့်…


မန္တလေးမြို့၊ ၂၆ လမ်း ကျုံးဘေးအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်ပြေးလွှားနေသော ကားများ
ကြားဝယ် မာစီးဒီးကားနက်ကြီးမှာ အရှိန်ပြင်းပြင်းနှင့် မောင်းနှင်၍ ကားများအားလုံးကို ကျော်ဖြတ်ပြီး
အရှေ့ကျုံးထောင့်အရောက်တွင် လက်ဝဲဘက်သို့ ချိုးကွေ့လိုက်သည်။
ကျွီ…
လမ်းအရှေ့ဘက် ပလက်ဖောင်းပေါ်မှ အနောက်ဘက်သို့ ဖြတ်ကူးရန် ဟန်ပြင်နေသော ရှင်ညိုမှာ
တရှိန်ထိုး ပြေးကွေ့ဝင်လာသော ကားနက်ကြီးကြောင့် နောက်ပြန်ဆုတ်လိုက်ရာ ပလက်ဖောင်းနှင့်
ခြေထောက် တိုက်မိပြီး ပလက်ဖောင်းပေါ် စောင်းလဲကျသွားသည်။ ရှင်ညိုက ကားကြီးကို အကြောက်မပြေသေးသော မျက်လုံးဖြင့် ကြည့်လိုက်၏။ ကားနောက်ခန်းမှ မှန်တံခါးက လျှောကနဲ ပွင့်သွားကာ လူငယ်တစ်ယောက် မျက်နှာပေါ်လာပြီး…
“သေချင်လို့လား”

မာကျောသောလေသံ။ ရှင်ညို၏ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားသည်။ ယာU်မောင်းနေရာမှ
ထိုင်နေသော ဦးသြဇာက သက်ပြင်းချလိုက်ပြီး ကပျာကယာ ထရပ်လိုက်သော ရှင်ညိုကို…
“ကလေးမ ထိခိုက်မိသေးလား”
ရှင်ညိုက ကပျာကယာ ခေါင်းရမ်းလိုက်သည်။
“နမော်နမဲ့နိုင်သူကို မတိုက်မိအောင် ရပ်ပေးလိုက်ရကတည်းက လူမှုရေးတာဝန် ကျေသွားပါပြီ
ဦးလေးသြဇာ
အပိုင်း ၂ ဆက်ရန်. . .
evernew@evernew
msu 084