Home Stay (Chapter 58)

Words
280
Reading
2 min
Listen
Play
6y

85ptci.jpg

ရိုးရိုး နားကြပ်က အုပ်နားကြပ်ဆိုတော့ နည်းနည်း ကြာကြာ ပြောလျှင် သူတို့ နားတွေ နာလာမှကို စိုးရိမ်မိ၏။ Bluetooth နားကြပ် ကြပြန်တော့လည်း ချိတ်လို့က မရနေပေ။ ယခင် window 7,8 တွေမှာလည်း အဆိုပါ Bluetooth ကိုက မချိတ်ဘူးခဲ့ပေ။ ထိုစဉ်ကလည်း လိုမှ မလိုအပ်ခဲ့တာကိုး။ ခုမှ လိုလာတော့ ရှာရ၊ ဖွေရတော့၏။ မတွေ့ မရတော့ google ခေါက်ရတော့၏။ you tube video တွေ ကြည့်ပြီး လုပ်ကြည့်၏။ သူတို့ တင်ပေးထားသည့် နည်းလမ်းအတိုင်း စမ်းကြည့်၏။ မရပေ။ နည်းလေးတွေက လွယ်လွယ်လေးပင်။ ပြောသလို၊ ရေးထာသလို လုပ်ပေမယ့် Bluetooth ချိတ်မရပေ။ ချိတ်မရတာထက် device manager မှာ Bluetooth ကို မပေါ် မသိနေခြင်း ဖြစ်၏။

Driver မသိနေခြင်း ဖြစ်မည်။ laptop ဝယ်တုန်းက driver ခွေ ရှိသေးပေမယ့် ထို driver ခွေက window 7 မှာပဲ အဆင်ပြေ၏။ ခု ကျနော့် window က 10 ဖြစ်နေသည်ကိုး။ ကိုယ့်မှာ ရှိသည့် software ခွေတွေကို မွှေနောက် ရှာကြည့်တော့ driver park ခွေ တွေ့၏။ သို့ပေမယ့် 2014 ဆိုတော့ နည်းနည်း date out နေပြီ။ Bluetooth driver တခုတည်း ရှာ down ဖို့ ကြိုးစားကြည့်၏။ ကံဆိုးချင်တော့ ကိုယ် down ပြီး Install လုပ်လိုက်သည့် driver တိုင်းက မသိ၊ အလုပ် မလုပ်နေပေ။ ခက်တော့နေပြီ။ driver park 2019 online exe တခု သွားတွေ့၏။ သို့နှင့် အနှီ software ကနေသာ driver တွေ တင်ကြည့်လိုက်ဖို့ တွေးရပြန်၏။

8d8c28.png

ထိုအခါမှ ပိုဆိုးတော့၏။ online ကနေ သွင်းပေးခြင်းဆိုတော့ အတော်လေး ကြာ၏။ ကြာတာမှ တော်တော်ကို ကြာ၏။ တဖြည်းဖြည်း install လုပ်၊ reboot ချဖို့ ကြိုးစားနေရင်း 95% မှာ ရပ်နေတော့၏။ သူကလည်း ပြောတော့ ပြောပါ၏။ driver တွေ သွင်းဖို့ 15 မိနစ်ကနေ မိနစ် 50 လောက် ကြာမည်ဖြစ်ကြောင်းပေါ့။ ခက်တာက (၁) နာရီခွဲ၊ (၂) နာရီတောင် ရှိလာပြီ အနှီ driver တွေက သွင်းလို့ မပြီးသေးပေ။ မနက်ခင်းလည်း (၂) နာရီ ထိုးလာပြီ ဖြစ်၏။ မခံနိုင်သည့် အဆုံး မပြီးသေးသည့် driver သွင်းခြင်းကို ပိတ်ကာ အိပ်ရာသို့သာ ဝင်လိုက်၏။

နောက်နေ့မှပဲ ဆက်လုပ်တော့မည်။ နောက်နေ့ကြပြန်တော့လည်း အဆင်က မပြေနေပေ။ နည်းလမ်းပေါင်းလည်း စုံနေပြီ ဖြစ်၏။ သို့နှင့် မရသည့် အဆုံး pc, laptop တွေကို service ပေး၊ ပြင်ပေးသည့် သူငယ်ချင်း တယောက်ထံ phone ဆက်ပြီး မေးရတော့၏။ သူက link တခု ပို့လာပေး၏။ သူ ပို့ပေးသည့် Link ထဲကအတိုင်း ဖတ်ပြီး လုပ်ကြည့်ပြန်၏။ မရပြန်ပေ။ သူငယ်ချင်းကို ပြန်ဆက်တော့ သူက စက်ကို ယူလာခဲ့ဖို့ ပြော၏။ သို့နှင့် ကျနော်လည်း မထူးသည့်အဆုံး သူ့ထံသို့သာ သွားလိုက်တော့၏။ ကိုယ်လည်း လုပ်တာ လုပ်လို့မှ မရတာကိုး။

သူ့နားရောက်တော့ ခဏလေးနှင့် ရသွား၏။ shortcut key လေး နှိပ်ပြီး ရသွားခြင်း ဖြစ်၏။ ရယ်လိုက်ရသည့် ဖြစ်ခြင်း။ ကျနော့်မှာ ကိုယ့်ကို ဒီလောက် အိပ်ပျက်ခံ၊ စိတ်ညစ်ခံ ရှာထား ဖွေထားခဲ့ပြီး တကယ်တမ်းကြတော့ shortcut key နှင့်တဲ့၊ ကောင်းရော။ ကိုယ့်ကိုလည်း ငါ ဘာလို့ ဒီ key ကို မစဉ်းစားမိပါလိမ့်ဆိုပြီး တွေးတွေးပြီး ရယ်နေမိတော့၏။ ပြီး အဆိုပါ key ကိုလည်း ဘယ်တော့မှ မမေ့တော့ပေ။ function (fn) နှင့် F3

Don Jaun

Home Stay (Chapter 58) | Ecency