Home Stay (Chapter 59)

Words
245
Reading
2 min
Listen
Play
6y

IMG_4862-01.jpeg

Bluetooth ကိစ္စ အဆင်ပြေသွားပြီးနောက် အဆင်ပြေသွားပြီ ထင်ပေမယ့် မပြေသေးပေ။ window က update တွေ ပေးနေပြန်၏။ 1808 ကနေ 1909 ပေးခြင်း ဖြစ်၏။ ကျနော်ကလည်း ရှည်တော်မူပြီး update ကို သွားစစ်မိတာကိုး။ ကျနော်က စစ်ရုံပဲ စစ်တာကို သူက တန်း down တော့၏။ ဖြစ်ချင်တော့ ကျနော်က နေ့လည်ခင်းတုန်းကလိုပဲ software အသေးစားလေးတွေ update ပေးတာပဲ ထင်ပြီး သွားတင်မိလိုက်၏။ ဆိုခဲ့သည့်အတိုင်း သူက window တခုလုံးကို update ပေးခြင်း ဖြစ်၏။ သို့နှင့် မထူးပါဘူးဆိုပြီး ပေး down ထားလိုက်၏။ အဲ့မှာ ထပ်မှားသွားတော့၏။

ညက (၁၀) နာရီ ထိုးနေပြီ။ ပြီး ကျနော့် wifi က 2Mb။ ဒီအတိုင်းဆို မိုးလင်းပေလိမ့်မည်။ ပိတ်ပြီး အိပ်လိုက်မည်၊ မနက်မှ ပြန်တင်လျှင် ကောင်းမလားဟု တွေးမိ၏။ သို့ပေမယ့် လောလောဆယ် ကိုယ်မှ မအိပ်သေးဘဲ ဆိုပြီး ဒီအတိုင်းလေးပဲ ထားပြီး TV ကြည့်နေလိုက်၏။ ဇာတ်ကား တကား ကြည့်ပြီးသွားတော့ ဆရာသမားက 60% တော့ down ပြီးနေပြီ ဖြစ်၏။ ကျနော့်မှာ ဆက်ပဲ စောင့်ရမလား။ မစောင့်တော့ဘဲ ပိတ်ပြီးတော့ပဲ အိပ်လိုက်ရမလားပေါ့။ မနေ့ညကလည်း Bluetooth error ကြောင့် နောက်ကျမှ အိပ်ရာ ဝင်ခဲ့ရသည် မဟုတ်လား။

windows-10-bluetooth-audio-devices-5.png

နောက်တော့ မထားပါဘူးဆိုပြီး အားအပြည့်သွင်းထားပြီးနောက် အားသွင်းကြိုး ဖြုတ်ကာ ပေး down ထားလိုက်၏။ သို့ပေမယ့် စိတ်ကလည်း မချချင်သေးပေ။ ဟိုလုပ် ဒီလုပ်နှင့် download က 70% နား ကပ်သွား၏။ မဆိုးဘူးပဲပေါ့။ အချိန်ကလည်း မနက် (၁) နာရီ ထိုးနေပြီ ဖြစ်၏။ ကဲ မထူးတော့ပါဘူး ဆိုပြီး အိပ်ရာ ဝင်လိုက်၏။ Laptop ကို ဗီဒိုပေါ် တင်ထားလိုက်၏။ အိပ်ရာ ပေါ်ကနေ လှမ်းမြင်ရသည့် နေရာပေါ့။ သိပ်လည်း မအိပ်ချင်သေးသလို ဖြစ်နေသဖြင့် ဂိမ်းဆော့ရင်း ခဏ စောင့်ကြည့်ဖို့ တွေးလိုက်၏။ ထိုသို့ တွေးလိုက်လို့လား မသိ။ download က တော်တော်နှင့် မတက်လာတော့ ပြန်ပေ။ ဒါတောင် ကျနော်က ဂိမ်းကို mobile data နှင့် ဆော့နေခြင်း ဖြစ်၏။

ကဲ မထူးပါဘူးလေ ဂိမ်းလေး (၁) ပွဲလောက် ဆော့ပြီး အိပ်မယ်ပေါ့။ ဂိမ်းဆော့ပြီး လှမ်းကြည့်တော့ download က 80% ။ ဟုတ်ပြီပေါ့။ သို့နှင့် ကနေဦးက အိပ်မည့် အစီအစဉ်ကို ဖျက်လိုက်ပြီး ဆက်စောင့်ဖို့ တွေးလိုက်၏။ ဂိမ်းထပ်ဆော့၏။ ဆော့လိုက်၊ စောင့်လိုက်နှင့် မနက်လည်း (၃) နာရီ ထိုးသွားတော့၏။ laptop အားကလည်း မရှိတော့ပေ။ download ကလည်း 99% နားမှာပဲ ရပ်နေတော့၏။ တကယ် လုံးဝကို တက်မလာတော့ပေ။ ကျနော်လည်း ဂိမ်း ထပ်မဆော့နိုင်တော့ပေ။ လူလည်း နားချင်နေပြီ။ မအိပ်ချင်သေးပေမယ့် နားမှတော့ ရမည်။ ရှေ့ရက်ကလည်း အိပ်ရေး ပျက်ထားခဲ့သည်ကိုး။

Laptop ကို အားသွင်းကြိုး တက်ပေးလိုက်ပြီး အိပ်ဖို့ ပြင်တော့၏။ မနက်မှပဲ ဆက်လုပ်တော့မည်။ ကျနော့် phone firmware က စလိုက်သည့် ဇာတ်လမ်းက တော်တော်လေး ဇာတ်သွား ရှည်ဦးမည့် ပုံပင်။ လုပ်လက်စနှင့်တော့ မထူးတော့ပေ။ တခါတလည်း ပြီးအောင် လုပ်ဖို့သာ ရှိတော့၏။ သို့မှ နားမြန်မြန် အေးမည် မဟုတ်လား။ ခုတော့ နက်ဖြန်မှာ ထပ်အလုပ် ရှုပ်ရပေလိမ့်ဦးမည်။

Don Jaun

Home Stay (Chapter 59) | Ecency