အဆိုးဆုံးသံသရာ

eisan(28)
Published in
#feeling
Words
49
Reading
1 min
Listen
Play
9y

တစ်ခါတလေ ကိုယ့်ဘဝကိုဘယ်လိုတိုးတက်အောင်လုပ်ရမယ်ထက်
ကြုံနေရတဲ့ နေ့ရက် အချိန်တိုင်းက စိတ်ညစ်စိတ်ပျက်စရာတွေကြုံ
တွေ့နေရတော့ဘဝကို အရှုံးပေးချင်စိတ်တောင်ပေါက်လာတယ်
ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲကိုယ့်ကိုကိုယ်လည်းအားငယ်
တတ်လာပြီ လမ်းဆုံးကိုလည်းမရောက် လမ်းတစ်ဝက်လည်းမကျော်
အစမှာတောင်အခြေနေက စိတ်ပျက်စရာတွေချည်းပဲ ညည်းညူနေ
လို့မပြီးနိုင်ဘူးဆိုပေမယ့် ညည်းညူနေတာကလည်းစိတ်ပြေရာပြေ
ကြောင်းဖြသ်နေသလိုပဲ၊ထိုင်နေလို့ဘာမှမဖြစ်ဘူးဆိုလို့ ထသွားပြန်
တော့လည်းအကျိုးမဲ့နေတယ်။စိတ်ပျက်အားငယ်နေလို့ ဒီတိုင်းနေ
ပြန်တော့လည်း ဒုံရင်းကဒုံရင်း ထလုပ်တော့လည်းအပျက်ပျက်နဲ့
နှာခေါင်းသွေးထွက်ပြန်ရော ဘယ်မှာလဲ ထွက်ပေါက် ဘယ်မှာလဲ
အဆက်ပြေနိုင်မယ့်အဖြေ ရှာလေ မောလေပဲတကယ်ကိုအရှုံးပေးပြီး
ထိုင်နေလိုက်တော့တာပဲကောင်းမယ်ထင်တယ် ဒီအချိန်ကာလတစ်ခုလောက် ဘာမှအကျိုးမဖြစ်တဲ့အချိန်ဒီအချိန်
ပဲရှိမယ် စိတ်ပျက်ခြင်းအားငယ်ခြင်း သိမ်ငယ်ခြင်းနဲ့ စိတ်ရှိရှိထိုင်နေ
ပြီး ဖြစ်ချင်ရာဖြစ် ထိုင်နေလိုက်တော့မယ်ကွာ
ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ပဲလုပ်လိုက်တော့မယ်
😑😑

HFS .13 Group B
eisan@eisan

အဆိုးဆုံးသံသရာ | Ecency