ယင်​ဖိုမသန်းသူ(၂)

Words
178
Reading
1 min
Listen
Play
9y

ယင်​ဖိုမသန်းအပျိုကြီးသီသီအ​ကြောင်း စာရှူသူများ အားလုံး အပိုင်း(၁)၌ ဖတ်​ရှူပြီး ဖြစ်​ပါလိမ့်​မည်​။
အဖြစ်​အပျက်​က​တော့ဖြင့်​ သီသီအတွက်​ဒီလိုဒီပုံဖြင့်​ စတင်​ခဲ့​လေသတည်း။အရင်​တုန်းကကြိုးဖုန်းများပင်​သူများအိမ်​၌ ပိုက်​ဆံ​ပေး၍ အသုံးပြုခဲ့ရ​သော မြန်​မာနိုင်​ငံတွင်​ ၁၅၀၀တန်​ကဒ်​ဟု​ခေါ်တွင်​​သော ဖုန်းများ​ပေါ်​ပေါက်​ လာ​လေသတည်း။
အပျိုကြီးသီသီလည်း အများသူငှာနည်းတူစွာ ထို၁၅၀၀တန်​ ဖုန်းများအား ကိုင်​သုံးပြီး​နောက်​ facebookဟု​ခေါ်တွင်​​သော social media ကြီးအားစတင်​သုံးစွဲမိ​လေသတည်း။
ထိုsocial mediaကြီး၌ ပုရိဿ ကျားများက​ ပုံစံအမျိုးမျိုးဖြင့်​ ဖွန်​​ကြောင်​ကြ​လေသတည်း။
ှ စာ ​ရေးနိုင်​လွန်းသူဟုထင်​မြင်​ခံရသူ MSC ဟု​ခေါ်တွင်​​သော အ​ပေါက်​အစပ်​များပြဿ နာ​​များစွာ ရှူပ်​​ထွေး​ပွေလီလှ​သောရွာမှ ရွာသူကျွန်​မမှ မဟုတ်​မမှန်​ ​ကော်​ပီမ​သောက်​အခန်းဆက်​ဝတ္ထု ဟု ယူဆချင်​လည်း ယူဆနိုင်​​သောကိုယ်​​တွေ့မဟုတ်​ စိတ်​ကူးယဉ်​၍​ပေါက်​ကရ​လျောက်​​ရေး​သော ယင်​ဖိုမသန်းသူအပိုင်း(၂)စာစုကြီးအား ​ရေးသားတင်​ပြပါ​တော့မည်​။
အပျိုကြီးသီသီလည်း အစပထမ၌ သူ၏မူအတိုင်း ရှက်​ရွှံ့  ရွှံ့ ဖြင့်​ ​နေလာ​ခဲ့​သော်​လည်း ​နောက်​ပိုင်းတွင်​ သူမသည်​လည်း သဲကိုးဖြာရွာမှ မသဘာဝအတိုင်း အီသလိုကလီသလိုဖြင့်​ ဖုန်းထဲ၌ အပြင်​နှင့်​ခြားနားစွာ ပြုမူ​နေ​ထိုင်​​လေ​တော့သတည်း။
ပထမဆုံးသူမပြန်​၍ အီစီကလီလုပ်​မိသူက​တော့ မ​လေးရှားက​ကောင်​က​လေးတစ်​​ယောက်​ဖြစ်​​ပေသည်​။
 ထို​ကောင်​က​လေးသည်​messengerက ဖုန်း​ခေါ်လာ​၍
သူမလည်းလက်​ခံစကား​ပြောခဲ့​လေသည်​။
" ဟဲလို မလား"
ထိုအသံကိုကြားမိသွား​သော သူမမှာ ရှူးရှူး​များပင်​ ထွက်​ကျမလိုဖြစ်​သွား​လေ​တော့သည်​။ သို့​ပေမယ့်​လည်း ငါသည်​မိန်းမ သတ္တိမနည်း။သူများနည်းတူ onlineမှာ ရည်းစား​လေးတစ်​​ယောက်​​တော့ရ​အောင်​ထားမည်​ဟု
အားတင်းကာစတင်​၍ အကြူဇယားခင်း​လေ​တော့သည်​။
"ဟုတ်​မပါ​မောင်​"
"​အချစ်​​မောင်​​လေမဓာတ်​ပုံ​လေးကိုမြင်​ပြီး အိပ်​မ​ပျော်​နိုင်​ဘူးမရယ်မြင်​မြင်​ချင်းချစ်​မိတယ်​ဆိုတာ ဒါပဲလားဟင်​"
"မဘက်​က​မောင့်​ကို ဘယ်​လိုသ​ဘောထားပါသလဲဟင်​"
တစ်​ဖက်​က​ကောင်​​လေး၏ အသံကအညာသားလိုလို အသံမျိုးဖြစ်​သည်​။သူမလည်း မရှိမဲ့ရှိမဲ့ သဲကိုးဖြာ​သော မာယာများအား စတင်​၍သုံး​လေ​တော့သည်​။
"​အချစ်​လည်းတူတူပါပဲ။မောင့်​ကို သဲလို့​ခေါ်ချင်​တယ်​ရမလား။"
"သဲကိုလည်း အချစ်​ကမြင်​မြင်​ချင်းချစ်​ခဲ့မိတာပါအချစ်​ရယ်​။"စသဖြင့်​ ချစ်​ခွန်း​​ချွေကာ အပြန်​အလှန်​ ဇာတ်​လမ်းစခဲ့ကြ​လေ​တော့သတည်း။
ညတိုင်းညတိုင်းအိမ်​ကကြီး​တော်​ကြီးမသိ​အောင်​ အပျိုကြီးသီသီမှာ ခိုး၍ဖုန်း​ပြောရ​လေသည်​။ မနက်​ဆိုလည်း မ​လေးရှားစံ​တော်​ချိန်​ကိုတွက်​ကာအ​စောကြီး ထအိမ်​ကလူများမသိ​အောင်​ချစ်​ခွန်းဆိုရ​လေ​တော့သည်​။
"ညည်းမလဲကုန်​လိုက်​တဲ့ဖုန်း​ဘေ​အေ။ ဘာ​တွေများ ဒီ​လောက်​​တောင်​သုံး​နေတာမို့လို့လဲ​အေ။"
"ကြီးကြီးကလည်းသမီးမှာဒီfbသုံးတာ​လေးပဲ စိတ်​အပန်း​ဖြေစရာရှိတာကို။"
ဖုန်း​ဘေများကုန်​လွန်း၍ ကြီး​တော်​ကပင်​​ပြောယူ ရပါသည်​။
ဒီလိုနှင့်​ အီစီကလီစီလုပ်​​နေရင်းမှ ထို​ကောင်​​လေးမှာ သီသီအားစာလည်း မပြန်​ဖုန်းလည်းမကိုင်​​တော့​ပေ။
အပျိုကြီးမှာ စာ​တွေ​ရေးဖုန်း​တွေ​ခေါ်​ကာ​ဖြင့်​စိတ်​​သော
က​ရောက်​​နေ​ပေ​တော့သည်​။
 ထို​ကောင်​က​လေးဆီမှ​နောက်​ဆုံးစာပြန်​ခဲ့သည်​မှာကား
" အန်​တီစိတ်​မရှိပါနဲ့။အန်​တီကို ဘယ်​လိုမှခံစားလို့မရ​တော့လို့ပါ။"ဟူ​သောစာနှင့်​အတူ
သူမအ​ကောင့်​အားBlockပြီး ဖုန်းနံပါတ်​ကိုလည်း blacklistလုပ်​ထား​လေ​တော့သတည်း။
ထိုအချိန်​မှစ၍ ယင်​ဖိုမသန်းအပျိုကြီးသီသီသည်​လည်း အသည်းကွဲသည်​ဟု​ခေါ်တွင်​အပ်​​သောစားမဝင်​အိပ်​မ​ပျော်​ဖုတ်​လှိုက်​လှိုက်​​ဝေဒနာကြီးအား မည်​သူမှမသိ​အောင်​ခံစား​နေရ​လေ​တော့သည်​။
အချစ်​​ဝေဒနာသည်​သီသီအားကြီး​တော်​အပျိုကြီးမှ
" ဒီ​ကောင်​မ​လေး​တော့ ဘာမှမစားမ​သောက်​ အခန်းထဲမှမထွက်​"ဟုဆိုတာ တဖျစ်​​တောက်​​တောက်​ဖြင့်​မြည်​တွန်​​တောက်​တည်း​နေ​လေ​တော့သတည်း။
သူမ၏ အလုပ်​မှာလည်း သူမ၏ဆရာ လူပျို ကြီး ကိုဟင်​နရီ​အောင်​မှ "မသီသီခင်​ဗျားဘာဖြစ်​​နေတာလဲ။"
"စာရင်း​တွေအမှား​တွေချည်းပဲ။အလုပ်​ကို​အလုပ်​နဲ့တူ​အောင်​​သေ​သေချာချာမလုပ်​ဘူး။"ဟုဆိုကာ
မြည်​တွန်​​တောက်​တည်း​နေ​လေ​တော့သတည်း။
မသီသီသည်​လည်းထိုအသဲကွဲ​ဝေဒနာကြီးအား မျက်​ရည်​စက်​လက်​ ဘယ်​သူမှမသိ​အောင်​ကြိတ်​မှိတ်​ခံစား​နေ
ပါ​တော့သည်​။
"ကျားဟူသည်​မှာအလွန်​မာယာ​ ကြွယ်​​ကောက်​ကျစ်​ကြသကိုး​အေ။"
"ကျုပ်​​တော့ ယင်​ဖိုမသန်းဖြူဖြူ စင်​စင်​အပျိုကြီးဘဝပဲ ကျုပ်​နဲ့ကိုက်​ညီပါ့​အေ။"ဟု​တွေး​တောမိ​နေပါ​တော့ သတည်း။
အပိုင်း(၃)အား​ ဆက်ရန်​ရှိပါ​ကြောင်း။
eieikhing@eieikhing
MSC No.173

image
Credited from google image

အ​တွေးတစ်​စဖြင့်​​တွေးမိ​တွေးရာ​တွေး၍​ပေါက်​ကရ​လျောက်​​ရေးမိသည့်​ ကျွန်​မ၏အခန်းဆက်​ဝတ္ထုအား အား​ပေးဖတ်​ရှုသူများအား​ကျေးဇူးအမျာကြီးတင်​မိပါသည်​။

ယင်​ဖိုမသန်းသူ(၂) | Ecency