ပြတ်သားပါ" ဤစကားစုလေးအား စဉ်းစားနေမိသည်။
အလုပ်တခု(သို့မဟုတ်)ဆုံးဖြတ်ချက်တခုကိုချီတုံချတုံဖြစ်
နေ၍မရပါ။ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ ဆုံးဖြတ်ဖို့လိုအပ်ပါသည်။အရာရာတိုင်း၌ ပြတ်သားမှူသည်အရေးကြီး
ပေသည်။
တချို့သောအခွင့်အလမ်းများ၌ ပြတ်သားမှူမရှိ၍ လက် လွှတ်ခဲ့သောအရာများ ဘဝမှာတွေ့ကြုံခဲ့ရသည်များရှိပေ
လိမ့်မည်။အသင်းအဖွဲ့တခုခုကိုဦးဆောင်သည်ပဲဖြစ်ဖြစ်
companyတခု စီးပွားရေးလုပ်ငန်းတခုကိုလုပ်ဆောင်
သည်ပဲဖြစ်စေ ပြတ်သားမှူသည်အရေးကြီးလှပေသည်။
ကိုယ့်ဘဝခရီးလမ်းကိုလျှောက်လမ်းရန်အတွက် အသက်
ဝမ်းကျောင်းတခု သို့ ပညာရပ်တခုကိူရွေးချယ်ဖို့ရန်အတွက်
ရွေးချယ်ရာတွင်လည်းပြတ်သားမှူသည်အရေးကြီးသည်။
မိဘဆွေမျိုး(သို့မဟုတ်)တပါးသူ၏တိုက်တွန်းချက် အကြံဥာဏ်ကို လက်ခံသင့်လက်မခံသင့်ပြတ်သားဖို့အရေးကြီး
ပါသည်။မိမိကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ပြီး လျှောက်
လှမ်းရမည်ဖြစ်၍ မိမိနှစ်ခြိုက်သည့် ဝါသနာပါသည့်
ဘယ်သောအခါမှ ငြီးငွေ့မသွားသည့်လမ်းကြောင်းဖြစ်ဖို့
အရေးကြီးပေသည်။
မိမိသည်ဆရာဝန်လိုင်းအမှတ်မီပါသော်လည်း ဝါသနာမပါ
သောအလုပ်ဖြစ်ပါက မိဘ၏တိုက်တွန်းချက်ဖြစ်သော်
လည်းဆရာဝန်လိုင်းကိုတက်ရန်မရွေးချယ်သင့်ပေ။
ပြတ်ပြတ်သားသားငြင်းဆိုပြီး စိတ်ဝင်စားသည့်ပညာကို
သာသင်ယူသင့်သည်။
ထို့ကြောင့်ပြတ်သားမှူသည်အရာရာတိုင်း၌ အရေးကြီးပေ
သည်။လူတိုင်း အရာရာတိုင်း၌ပြတ်သားကြပါစေဟု
တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ရပါတော့သည်။
Photo credited from google