online ငွေတွင်း(သို့)ငွေထုတ်စက်

Words
92
Reading
1 min
Listen
Play
3y

ငွေတွင်းထဲကငွေတွေနိူက်ထုတ်လို့ရရင်ကောင်းမယ် ဟူ
သောစကား လူကြီးသူမများပြောသည်ကို ကြားသိခဲ့ရပေသည်။မြန်မာနိုင်ငံ၌ အင်တာနက်စပေါ်ခါစကမိမိတွေး
ခဲ့ဖူးသည့်အတွေးတခုရှိခဲ့သည်။အင်တာနက်သည်ငွေတွင်း
တခုဖြစ်လျှင်ကောင်းမည်ဟူသောအတွေးဖြစ်သည်။
ယနေ့ခေတ်၌၎င်းအတွေးသည်တကယ်ဖြစ်လာသည်ဟု
ပင်ပြောလို့ရပေမည်။၂၀၁၀ခုနှစ်လောက်ကဖြစ်ပေလိမ့်
မည်။အိန္ဒိယနိုင်ငံမှ အိမ်ရှင်မများ PTC websiteများ
၌ click၍ဈေးဖိုးရှာကြသည်ဟု အင်တာနက်ကဖီး၌
သွားထိုင်ရင်း မိမိဖတ်ရှူလိုက်ရသည်။
တဖန် ၂၀၁၃ခုနှစ်လောက်၌ BTCဆိုသည့်
cryptocurrencyတမျိုးကို onlineရွှေဟုတင်စား
ထားသည့် ဆောင်းပါးတပုဒ်အား အမှတ်မထင်ဖတ်ရှူ
မိခဲ့သည်။ Englishစာသိပ်မကျွမ်းကျင်သည့်မိမိမှာ
ဆိုလိုရင်းကိုထိထိမိမိနားမလည်ခဲ့ပေ။
ထို့နောက်မြန်မာbloggerတစ်ဦး ရေးသားထားသည့်
blogတခုကို ဝင်ကြည့်ရင်းဖြင့်ဖတ်ရှူမိခဲ့သည်။ထိုအခါ
မှရေးတေးတေးသဘောပေါက်လာခဲ့ပေသည်။
ထို့နောက်မိမိPerfect money၊paypalအစရှိသဖြင့်
သုံးနည်းများကိုသိရှိလာပြီး PTC websiteများကို
စတင်၍ clickလာခဲ့သည်။ထို့နောက် faucetများ
claimခြင်းအစရှိသဖြင့် သိရှိလာသလောက်လုပ်ဆောင်
ခဲ့သည်။
ဤအချိန်မှစ၍ online ငွေတွင်းကိုစတင်တွေ့ရှိလာ
သည်ဟုဆိုရပေမည်။ထို့နောက်investment websiteများ၌ ရင်းနှီးခဲ့ဖူးပြီး ဆုံးရူံးသွားသည်လည်း
ရှိခဲ့ဖူးသည်။
Forex tradingအကြောင်းဖတ်ရှူမိသည့်အချိန်မှ
စ၍ မြန်မာပြည်၌ သင်ကြားသည့်Forex trading
သင်တန်းတက်ခဲ့ဖူးသည်။သို့သော်ယခုအချိန်ထိ တကြိမ်
တခါမှ ပိုက်ဆံထည့်၍tradeခဲ့ဖူးခြင်းမရှိပေ။
ထိုမှတဖန်Airdropနှင့်cryptocurrency tradeသည်ကိုလုပ်ခဲ့ပေသည်။ ထို့သို့လုပ်ကိုင်နေရင်း
ဖြင့်steemitကိုတွေ့ရှိခဲ့၍ စာရေးသည်မှာလည်း
မိမိဝါသနာဖြစ်သဖြင့် ရေငတ်တုန်းရေတွင်းထဲကျသကဲ့သို့
စာရေးရင်းငွေရှာခဲ့ပါသည်။
ယခုအချိန်ထိလည်း onlineငွေတွင်းမှငွေနှိူက်ယူနေဆဲ
ပင်ဖြစ်သည်။ရသင့်သလောက်လည်းonlineမှငွေရှာရင်း
ရရှိခဲ့ပေသည်။
ထို့ကြောင့်မိမိဘဝအတွက်အင်တာနက်သည် ဖျော်ဖြေရေး
သက်သက်မဟုတ်ပဲ မိမိလိုသလို ကျွမ်းကျင်လျှင် ကျွမ်း
ကျင်သလို အချိန်မရွေး နေရာမရွေးငွေထုတ်ယူနိုင်
သည့် ငွေထုတ်စက်ငွေတွင်းကြီးသဖွယ်ဖြစ်ပါကြောင်း
ရေးသားတင်ပြလိုက်ရပါသည်။

Photo credited from google

online ငွေတွင်း(သို့)ငွေထုတ်စက် | Ecency