နှစ်​တစ်​နှစ်​၏အစ

Words
23
Reading
1 min
Listen
Play
8y

"အစ​ကောင်းမှအ​နှောင်း​သေချာ"ဟူ​သောမြန်​မာစကားပုံ
ကိုလူတိုင်းကြားဖူး​ပေလိမ့်​မည်​။ထို့​ကြောင့်​နှစ်​တစ်​နှစ်​၏
အစသည်​တစ်​နှစ်​လုံးအတွက်​အ​ရေးကြီး​ပေလိမ့်​မည်​။
ထို့​ကြောင့်​ယ​နေ့ကူး​ပြောင်းကျ​ရောက်​လာပြီဖြစ်​​သော
မြန်​မာနှစ်​သစ်​၏အစတွင်ကုသိုလ်​တရားအား​ကောင်းစွာ
ထုံမွှမ်းလွှမ်းခြုံ၍အစစအရာရာကံ​ကောင်း​စေရန်​ကြိုးစား
ရ​ပေလိမ့်​မည်​။
နှစ်​​ဟောင်း၌ဖြစ်​​ပေါ်ခဲ့​သော​လောဘ၊​ဒေါသ၊မလိုမုန်းထားစိတ်​ထားများ၊ဣသာမစ္ဆရိယဝန်​တိုစိတ်​ထားများ
အားနှစ်​​ဟောင်း​တွေချန်​ရစ်​၍​ကောင်းမြတ်​​သော​မေတ္တာ၊
ဂရုဏာ၊မုဒိသာ၊ဥ​ပေက္ခာတရားများအားလက်​ခံကျင့်​သုံးလျက်​နှစ်​သစ်​၏ခရီးအားစတင်​ရ​ပေ​တော့မည်​။
ထို့အတူပျင်းရိ​တွေ​ဝေတွန့်​ဆုတ်​တွန့်​ဆုတ်​ဖြင့်​​ရော့ရဲ​နေ
သည့်​လုံ့လဝီရိယကိုလည်းအရှိန်​အဟုန်​ပြင်းစွာဖြင့်​နှစ်​သစ်​တွင်​​တိုးပွားလာ​စေရန်​လုပ်​​ဆောင်​ရ​ပေဦးမည်​။
မည်​သို့ပင်​ဆို​စေကာမူဤမင်္ဂလာရှိ​သောနှစ်​သစ်​အခါ
ရက်​မြတ်​ချိန်​ခါတွင်​စိတ်​ထားနှလုံးဖြူ စင်​ကုသိုလ်​ထုထည်​ကြီးမားစွာဖြင့်​ဘဝ​အောင်​မြင်​​ရေးအတွက်
ကြိုးစားသင့်​လှ​ပေသည်​။
ထို့​ကြောင့်​စာ​ရေးသူကျွန်​မသည်​လည်းနှစ်​​ဟောင်း၌အပျင်းထုလုံ့လဝီရိယနည်းပါးစွာ​လျော့တိ​လျော့ယဲ
ဖြင့်​steemit၌postတင်​လိုက်​မတင်​လိုက်​ပြုခဲ့သည်​ကိုချန်​ရစ်​၍နှစ်​သစ်​၌စိတ်​သစ်​လူသစ်​ဝီရိယအသစ်​ဖြင့်
အရှိန်​အဟုန်​ပြင်းစွာလုပ်​​ဆောင်​သင့်​​ကြောင်းမိမိကိုယ်​မိမိဆုံးမရင်းနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

MSCမှညီအစ်​ကို​မောင်​နှမများအားလုံးနှစ်​သစ်​တွင်​steemit၌အောင်​မြင်​မှူအထူးရရှိကြပါ​စေဟု
ဆုမွန်​​ကောင်း​တောင်းရင်းအိအိခိုင်​​ရေးသားသည်​။
MSC No.173.

image

နှစ်​တစ်​နှစ်​၏အစ | Ecency