လွတ်မြောက်ခြင်းတဲ့ မြန်မာစကားလေးပါပဲ။ထပ်ခါတလဲလဲ
စဉ်းစားမိသည်။အမျိုးမျိုးရှိပေသည်။ဒုက္ခဆင်းရဲခြင်းမှလွတ်
မြောက်ခြင်း၊စိတ်ဒုက္ခမှလွတ်မြောက်ခြင်းမှသည်လောကုတ္တရာနယ်ပယ်ဖြစ်သည့် နိဗ္ဗာန်တို့ရောက်ရှိခြင်းမှသည် လွတ်
မြောက်ခြင်းအမျိုးမျိုးရှိပေသည်။
လွတ်မြောက်ခြင်းသည်ချမ်းသာခြင်းဖြစ်ပေသည်။လူတိုင်း
လွတ်မြောက်လိုကြသည်။ငွေကြေးကြပ်တည်းနေသူများ
သည်လည်း ငွေကြေးကြပ်တည်းခြင်းမှလွတ်မြောက်ဖို့ ကြိုးစားကြသည်။
ချုပ်ချယ်ကန့်သတ်ခံရသူများသည်လည်း ချုပ်ချယ်ကန့်
သတ်ခြင်းမှလွတ်မြောက်ဖို့ကြိုးစားကြသည်။မည်သို့ပင်
ဆိုစေကာမူ မိမိတို့သည် တနည်းနည်းဖြင့်လွတ်မြောက်
ဖို့ကြိုးစားနေကြသူများဖြစ်ပေသည်။
ကြိုးစားသူများဖြစ်သည့်အတွက် ပန်းတိုင်သည် ရှိနေပေ
သည်။ထိုပန်းတိုင်သို့ရောက်ရှိရန်အတွက် နည်းလမ်းအ
သွယ်သွယ်ဖြင့်ကြိုးစားနေကြပေသည်။
လွတ်မြောက်လိုသူများအတွက် ရောင်နီသည်နီးကပ်လာ
ပေသည်။မကြာခင်၌ မိမိတို့လွတ်မြောက်တော့မည်။
တချိန်ချိန်၌ ရင်ဆိုင်ကြုံတွေ့နေရသော ဒုက္ခဆင်းရဲတို့သည် ရယ်ရယ်မောမောဖြင့်ပြန်ပြောနိုင်သော ပုံပြင်
တပုဒ်ဖြစ်လာပေတော့မည်။
ပန်းတိုင်နီးကပ်လာသည်နှင့်အမျှ မိမိကိုယ်မိမိယုံကြည်မှူ
ရေချိန်သည်မြှင့်တက်လာပေတော့မည်။မိမိ၏ စွမ်းအားကို
မိမိသည်အစွမ်းကုန်ထုတ်သုံးပေတော့မည်။
အောင်မြင်မှူသည် လက်တကမ်းအလို၌ရှိနေပေသည်။ မိမိ
တို့သည် မှန်ကန်သောလမ်းဖြင့် လွတ်မြောက်ဖို့ကြိုးစားနေ
သူများဖြစ်ကြ၍ လိပ်ပြာသန့်စွာဖြင့် စိတ်နှလုံးသည်သန့်ရှင်း
ပေမည်။
အောင်မြင်မှူပန်းတိုင်နီးကပ်လာသည်နှင့်အမျှ မိမိအတွက်
မိမိသည် သူရဲကောင်းဖြစ်နေပေမည်။ရောင်နီသည်ပျပျမြင်
နေရသည်။မိမိတို့သည် မကြာမီမှာ လွတ်မြောက်၍ ပျော်
ရွှင်သောဘဝကိုရရှိကြပေလိမ့်မည်။
Photo credited from google