စည်းကမ်းသည်လူ၏တန်ဖိုးဟူသောစကားကိုလူတိုင်း
ကြားဖူးပေလိမ့်မည်။မှန်ပေသည်။တချို့စည်းကမ်းတွေ
သည် လူလူချင်းစာနာထောက်ထားမှူ တဖက်သားအပေါ်
ကိုယ်ချင်းစာစိတ်ဖြင့် ဖြစ်လာသည်ဟုပြောရပေမည်။
တချို့သောကိစ္စများသည် သတ်မှတ်ထားခြင်းမရှိသော်
လည်းအလိုလိုနေရင်း နားလည်သဘောပေါက်ရမည့်
စည်းကမ်းဥပဒေပင်ဖြစ်သည်။
ဥပမာအားဖြင့် တဘက်အိမ်၌နာရေးဖြစ်နေသည်ဆိုပါစို့။
ဘေးပတ်ဝန်းကျင်မှအိမ်များက သီချင်းအကျယ်ကြီးဖွင့်ခြင်း
မြူးထူးပျော်ပါးခြင်းစသည့်ကိစ္စရပ်များကိုဆင်ခြင်ရပေမည်။
ထို့အတူတပါးသူများအိပ်ချိန်၌ သီချင်းအကျယ်ကြီးဖွင့်ခြင်း၊
စကားအကျယ်ကြီးပြောခြင်းတို့သည်မလုပ်သင့်သောကိစ္စ
ရပ်များဖြစ်သည်။တခြားနိုင်ငံများ၌ ဥပဒေရှိ၍ တိုင်ကြားပါကရဲဌာနမှဖြေရှင်းခြင်းရှိသော်လည်းမြန်မာပြည်၌မူ ထိုကဲ့
သို့သောစိတ်အနှောင့်အယှက်ဖြစ်စေသော ကိစ္စရပ်များကို
ဥပဒေမဲ့စွာကျူးလွန်နေကြပေသည်။
ဂျပန်နိုင်ငံ၌ ရထား၊ကားပေါ်၌ ဖုန်းပြောခြင်းအလေ့အထမ
ရှိပေ။သတ်မှတ်ထားသောစည်းကမ်းဥပဒေမရှိသော်လည်း
တခြားသူများကိုအနှောင့်အယှက်ဖြစ်မည်ဆိုး၍ ဂျပန်လူမျိုး
များလိုက်နာကျင့်သုံးကြသည်။
မြန်မာနိုင်ငံ၌မူYBSပေါ်၌ အော်ဟစ်၍ဖုန်းပြောနေကြသူများဒုနဲ့ဒေးဖြစ်သည်။လူမျိုးတမျိုး၏ဂုဏ်သိက္ခာသည်ထိုလူမျိုးတို့၏စည်းကမ်းရှိမှူနှင့်သက်ဆိုင်ပေသည်။
ဘာသာတရားတို့တွင်လည်းစည်းကမ်းဥပဒေမျအသီးသီး
ရှိကြပေသည်။မြတ်ဗုဒ္ဓ၏ လူများအတွက်သတ်မှတ်ထား
သောစည်းကမ်းဥပဒေမှာ ၅ပါးသီလဖြစ်၍ ရဟန်းများ
အတွက်သတ်မှတ်ချက်ဥပဒေမှာ ၂၂၇ပါးသောဝိနည်း
သိက္ခာပုဒ်ဖြစ်ပေသည်။
တခြားဘာသာများတွင်လည်းသတ်မှတ်ထားသောစည်း
ကမ်းဥပဒေများရှိကြပေသည်။ထို့ပြင် လူတယောက်နှင့်
တယောက်ပေါင်းသင်းဆက်ဆံခြင်း၊ ရဟန်းနှင့်ဒကာဒကာ
မတို့၏ဆက်ဆံရေးတွင်လည်း စည်းတခုရှိသင့်သည်။
သူတပါး၏အတွင်းရေး သူတပါး၏လွတ်လပ်ခွင့် ဂုဏ်သိက္ခာအစရှိသဖြင့် ထိပါးစော်ကားခြင်းစပ်စုခြင်းမရှိပဲစည်း
ကမ်းဘောင်အတွင်းကသာပြောဆိုဆက်ဆံသင့်ပေသည်။
ထို့ကြောင့်နိဂုံးချုပ်အနေဖြင့် တရားဥပဒေအရသတ်မှတ်
ထားသောစည်းကမ်းဥပဒေများရှိသလို တဖက်တွင်လည်း
လူ့ဘောင်အဖွဲ့အစည်းတွင် လူသားချင်းစာနာထောက်
ထားမှူဖြင့်လိုက်နာသင့်သည့်စည်းကမ်းဥပဒေများသည်
လည်းရှိပေသည်။ထိုစည်းကမ်းများကို အလိုက်တသိနား
လည်လိုက်နာကျင့်သုံးဖြင်းအားဖြင့်မိမိတို့လူမှူအဖွဲ့အစည်း
သည်လည်းစိတ်ချမ်းမြေ့ပြီးနိုင်ငံကြီးသားပီသသောလူ့
ဘောင်အဖွဲ့အစည်းဖြစ်လာပေမည်။
Photo credited from google.