အခုတလောစိတ်အရမ်းရှုပ်သည်။ဘာကိုမကျေနပ်နေမှန်း
မသိ။စိတ်ထဲမှအလိုမပြည့်မှူများမကျေနပ်ချက်များများနေ
သည်။လက်ထဲ၌လည်း စီစစ်သုံးနေသည့်ကြားမှငွေကြေး
ပြတ်လတ်မှူလည်းကြုံရသည်။
သို့သော်မိမိစိတ်ကိုအတတ်နိုင်ဆုံး ထိန်းညှိပြီးနေပါသည်။
လုပ်နေကြဘာသာရေးအလုပ်များလည်းမလုပ်ချင်သလို
စိတ်ကမကြည်လင်ပေ။သို့သော်လည်းရသလောက်စိတ်ကို
အလိုမလိုက်ပဲလုပ်သည်။
စာသင်ရတာလည်းစိတ်မပါသလိုစိတ်ပါသလိုဖြင့် သို့သော်
လည်းမိမိလုပ်နေကျအလုပ်ဖြစ်၍စိတ်ပါလက်ပါဖြစ်အောင်
ကြိုးစားလုပ်သည်။
ကုသိုလ်ကံကလေးက ငွေကြေးပြတ်သည့်အချိန်၌ ကြံဖန်၍
ငွေဝင်သည်။စားဖို့သောက်ဖို့မပြတ်ဟုဆိုရမည်။သို့သော်
စိတ်မကြည်လင်သည်ကမကြည်လင်သည်သာဖြစ်သည်။
ဘာသာရေးအဆုံးအမနဲ့ဖတ်ထားသည့်စာများကြောင့်သာစိတ်ထင်ရာမလုပ်မိခြင်းဖြစ်သည်။
ဤနိုင်ငံ၌ နေနေရသည်ကိုလည်းမကျေမနပ်ဖြစ်မိသည်။
တပါးသူများ၏ ပူဆွေးစိုးရိမ်နေမှူအတွက်လည်း မကျေမ
နပ်ဖြစ်မိသည်။ဝန်ထုပ်တခုထမ်းပိုးထားရသလိုခံစားရ
သည်။
သိူ့သော်လည်း မဟာဇနကမင်းသားသည်မုန်တိုင်းတိုက်
ပြီးသဘောင်္နစ်မြှပ်သည့် ကံဆိုးမှူမျိုးနှင့်မကြုံတွေ့လျင် မေခလာနတ်သမီးနှင့်လည်းမဆုံတွေ့နိုင်သလိုမင်းလည်း
မဖြစ်လာနိုင်ချေ။
ဘုရားလောင်းကဲ့သို့ လောက၌အတုမရှိလူသားတောင်မှ
ဒုက္ခနှင့်ကြုံတွေ့ပြီးမှသာသုခလာသည်ဟုတွေးမိသည်။
အရာရာတိုင်းသည်အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ
နှင့်ကြီးမားသောအောင်မြင်မှူများရရှိဖို့အကြောင်းဖန်လာ
ခြင်းဖြစ်သည်ဟုတွေးမိသည်။ထို့ကြောင့်လက်ရှိကြုံတွေ့
နေရသောဒုက္ခများသည်အနိစ္စသဘောဖြစ်၍ ပျက်ချိန်တန်
ပျက်မည်သာဖြစ်သည်ဟုဆင်ခြင်နေမိတော့သည်။
Photo credited from goo