ကစဉ့်​ကလျားအ​တွေးများ

Words
80
Reading
1 min
Listen
Play
8y

လူတကိုယ်​လုံးကိုက်​ခဲ​နေ၏။ဖြစ်​​နေကျနာတာရှည်​​လေး
ဖက်​နာ​ဝေဒနာသည်​နိုးထလာ​နေသည်​။မိမိကိုယ်​မိမိမတည့်​တာစားမိ​လေလားဟု​တွေး​တောမိသည်​။တရားခံကား​ခေါင်းထဲ၌တ​ရေး​ရေး​ပေါ်လာ​လေ၏။
မိမိ၏​လေးဖက်​နာ​ရောဂါ၏​ရန်​သူ ASOတက်​​စေ​သော
ကလီစာများအားစားမိ​ပေ​တော့သည်​။
အသက်​ကိုဥာဏ်​​စောင့်​၏။ထို့​ကြောင့်​မိမိ၏စည်းကမ်းမဲ့
စား​သောက်​​နေထိုင်​မှူအား​ရှောင်​ကြဉ်​ရ​ပေဦးမည်​။
စာ​ရေး​ဖို့စဉ်းစား​နေရင်းဖြင့်​မနက်​ကမိမိ၏ဦး​လေး​ပြော
ပြသည်​များကိုစဉ်းစား​နေမိသည်​။ပြီးခဲ့သည့်​ဇူလိုင်​လထဲ၌
မိမိ၏ဦး​လေးသည်​မတ်​တပ်​​ကောင်း​ကောင်းမရပ်​နိုင်​။စုံတကာ​စေ့​အောင်​ဆရာဝန်​​ပေါင်းစုံ၊အထူးကု​ပေါင်းစုံဖြင့်
ကုသ​နေခဲ့သည်​။သို့​သော်​လည်းအနာနှင့်​​ဆေးမတည့်​ဖြစ်​​နေခဲ့သည်​။ရောဂါရှာ​ဖွေစမ်းသပ်​ရသည့်​စရိတ်​ကပင်​မနည်းလှ​ပေ။
ဆရာဝန်​နှင့်​ပြသပြီးပါလာသည့်​ပိုက်​ဆံမ​လောက်​၍အိမ်​သို့ဖုန်းဆက်​၍ပိုက်​ဆံလာပို့​ပေးရန်​​တောင်းသည့်​အကြိမ်
အ​ရေအတွက်​သည်​လည်းမနည်းလှ​ပေ။နောက်​ဆုံး၌အရိုးအ​ကြောအထူးကုဆရာဝန်​တစ်​​ယောက်
နှင့်​ပြမိပြီးအနာနှင့်​​ဆေးတွဲမိပြီးသက်​သာလာ​ပေ​တော့
သည်​။
ထို့​ကြောင့်​လည်းမတ်​တပ်​ရပ်​နိုင်​ပုံမှန်​အတိုင်းသွားလာ
နိုင်​သည့်​ဦး​လေးအားကြည့်​၍ဝမ်းသာ​နေကြ​ပေ​တော့
သည်​။မိမိ၏အ​တွေး၌အသက်​ကိုဥာဏ်​​စောင့်​သည်​သာမကပိုက်​ဆံပါ​စောင့်​​ပေ​တော့သည်​ဟု​တွေး​နေမိ
သည်​။မိမိတို့တိုင်းပြည်​၌​ငွေ​ကြေးချို့တဲ့သူများဤကဲ့
သို့​ရောဂါ​ဝေဒနာများခံစားရမူမည်​သို့ပြုလုပ်​ကြမည်​ဟုစဉ်းစား​တွေး​တောမိ​နေ​တော့သည်​။
ဆင်းရဲချို့တဲ့၍အသက်​မဆုံးရူံှးသင့်​ဘဲဆုံးရူံှးရသည်​များ
လည်းရှိ​နေ​ပေလိမ့်​မည်​။ဆင်းရဲချို့တဲ့ခြင်းသည်​လူဖြစ်​ရူံှးလှ​ပေသည်​ဟုလည်း​တွေးမိ​နေ​တော့သည်​။
ထို့​ကြောင့်​လည်းအလဟဿ ​ငွေ​ကြေးဖြုန်းတီးမှူမရှိ​စေ
ရန်​မိမိကိုယ်​မိမိဆန်းစစ်​​ဝေဖန်​ရ​ပေဦးမည်​။စာ​ရေးသူ
သည်​ငယ်​ရွယ်​စဉ်​ကပင်​စိတ်​ချမ်းသာမှူအားအလွန်
မက်​​မောလှသူဖြစ်​သည်​။ပွစိပွစိမြည်​တွန်​​တောက်​တီးသည့်​သူများအား​ဝေး​ဝေး​ရှောင်​​လေ့ရှိသူဖြစ်​သည်​။
မိမိအားစိတ်​အ​နှောင့်​အယှက်​​ပေးမည့်​သူများအားလည်း
အတတ်​နိုင်​ဆုံး​ရှောင်​ရှား​လေ့ရှိသည်​။
မိမိအားစိတ်​ဓာတ်​​ရေးရာအရစိတ်​ဒုက္ခ​ပေးမည့်​သူများ
အားလည်းအတတ်​နိင်​ဆုံးမဆက်​ဆံမိ​စေရန်​​နေထိုင်​တတ်​ပါသည်​။မိမိ၏စားဝတ်​​နေ​ရေးအတွက်​အလုပ်​အကိုင်​​ရွေးချယ်​သည့်​အခါ၌လည်းမိမိ၏စိတ်​ချမ်းသာမှူနှင့်​ယှဉ်​၍​ရွေးချယ်​လုပ်​ကိုင်​ခဲ့သည်​။
မိမိအားစိတ်​ဖိစီးမှူအများကြီး​ပေးသည့်​company
အလုပ်​မှထွက်​၍လွတ်​လွတ်​လပ်​လပ်​လုပ်​ကိုင်​နိုင်​သည့်
ကျူ ရှင်​ဆရာမအလုပ်​အား​ရွေးချယ်​လုပ်​ကိုင်​ခဲ့သည်​။
၎င်းအလုပ်​အကိုင်​၌လည်းမိမိ၏စိတ်​ဆန္ဒနှင့်​မကိုက်​ညီသည့်​စာသင်​အိမ်​များအားတစ်​နှစ်​သာ​အောင့်​အီးသည်းခံ၍သင်​ခဲ့သည်​။ဆက်​လက်​သင်​ကြားခြင်းမပြုဘဲဖြုတ်​ပစ်​သည်​သာများခဲ့သည်​။မိမိရရှိမည့်​​ငွေ​ကြေးထက်​စိတ်​ချမ်းသာမှူကိုသာဦးစား​ပေးခဲ့သူဖြစ်​သည်​။
ထို့​ကြောင့်​စာ​ရေးသူ၌တခြားကျူ ရှင်​ဆရာများ​လောက်​ဝင်​​ငွေမ​ကောင်းသည်​ကများသည်​။ထို့​ကြောင့်​လည်းမိမိအ​ကြောင်းမိမိသိ၍online၌​ငွေရှာသည့်​အလုပ်
က​လေးများပါတွဲဖက်​၍လုပ်​ကိုင်​​နေခြင်းဖြစ်​သည်​။
online​၌​ငွေရှာရာ၌မိမိ၏အထက်​လူကြီးမရှိ၊ပွစိပွစိဖြင့်
မျိုးစုံcomplainတက်​မည့်​​ကျောင်းသားမိဘများလည်း
မရှိ​ပေ။ထို့​ကြောင့်​စိတ်​ချမ်းသာမှူအ​တော်​အတန်​ရရှိသည့်
အလုပ်​အကိုင်​ဖြစ်​​ပေသည်​ဟု​တွေးမိပြီးလုပ်​မိခြင်းဖြစ်​သည်​။
သို့​သော်​လည်းထိုကဲ့သို့အသက်​ကိုပိုက်​ဆံ​စောင့်​သည့်​ကိစ္စများဖြစ်​​ပေါ်လာပါကမိမိစိတ်​အလိုလိုက်​ခဲ့သည်​များမှရရှိနိုင်​သည့်​​ငွေ​ကြေးများအခွင့်​အလမ်းများဆုံးရူံှး
ခဲ့ဖူးသည်​ကို​နောင်​တရ​ကောင်းရနိုင်​သည်​လားစသဖြင့်
စဉ်းစား​တွေး​တော​နေမိ​လေ​တော့သည်​။
ဤသို့ဖြင့်​​တွေးမိသည့်​​ရောက်​တတ်​ရာရာဟို​ရောက်
ဒီ​ရောက်​အ​တွေးများအားpromotionတင်​ရမည့်​postအဖြစ်​​ရေးသားလိုက်​ရ​ပေ​တော့သည်​။
ပြီးခဲ့သည့်​MSC အစည်းအ​ဝေးပွဲ၌မိမိတို့၏leader
ကMemberများစာမ​ရေးကြသည့်​အ​ကြောင်း
အား​ပြောခဲ့သည်​ကိုလည်းအ​တွေး​ရောက်​သွားမိသည်​။
မိမိသည်​လည်းတပတ်​လျှင်​postတခုမျှသာတင်​ခဲ့မိသည်​။steem​ဈေးကျ၍လည်းမဟုတ်​စာ​ရေးချင်
စိတ်​မရှိ​လောက်​​အောင်​စိတ်​ဖိစီးမှူများလွန်းခဲ့၍ဖြစ်​သည်​။
ထို့​ကြောင့်​လည်းမိမိ၏က​လောင်​​သွေး​နေသည့်​အ​လေ့
အကျင့်​​ကောင်း​လေးစည်းဝါးမမှန်​ပျက်​ပြားသွားခဲ့မိသည်​။
MSCအစည်းအ​ဝေးပွဲမှleader၏​ပြောကြားချက်​များ
ကမိမိ၏ပျက်​ပြားသွား​သောအ​လေ့အကျင့်​​ကောင်း​လေး
အားပြန်​လည်​​မွေးမြူ ရန်​သံပတ်​​ပေးလိုက်​သကဲ့သို့ဖြစ်​​နေ
ပါ​တော့သည်​။သို့​သော်​လည်းယခုအချိန်​ထိ​ရေးလက်​စဝတ္ထုများအားလည်းဆက်​လက်​၍မ​ရေးချင်​၊ဇာတ်​လမ်း
အထားအသိုများအားလည်းဇာတ်​​ကောင်​များအသက်​ဝင်
လှူပ်​ရှား​စေရန်​ဆက်​လက်​မ​ရေးနိုင်​ပုံမှန်​အ​ခြေအ​နေသို့
ပြန်​မ​ရောက်​နိုင်​ဘဲရှိ​နေ​ချေ​တော့သည်​။
ထို့​ကြောင့်​မိမိ၏စိတ်​ကိုအတတ်​နိုင်​ဆုံးအာရုံစူးစိုက်​မှူရှိ
လာ​စေရန်​ကြိုးစားအားထုတ်​၍​ဆောင်းပါးများဝတ္ထုများ
အား​ရေးသားရ​ပေဦးမည်​။
မိမိ၏အ​လေ့အကျင့်​က​လေးအားလက်​ရည်​မှန်​လာ​စေ
ရန်​အချိန်​ယူပြုပြင်​ရ​ပေမည်​။ဤဟို​ရောက်​သည်​​ရောက်
စိတ်​ကူး​ပေါက်​ရာ​ရေးသားထားသည့်​ဤpostအား
သည်းခံ၍ဖတ်​​ပေးကြသူများအား​ကျေးဇူးအထူးတင်​မိ
ပါ​ကြောင်း​ပြောကြားရင်းနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။
မြန်​မာလူမျိုးများsteemitတွင်​​အောင်​မြင်​နိုင်​ကြပါ​စေ။
စာ​ရေးသူ အိအိခိုင်​။
MSC No.173.

2018-08-22_22.55.32.jpg

Credited image from https://pixabay.com/en/gardenia-flowers-white-blue-2054594/

ကစဉ့်​ကလျားအ​တွေးများ | Ecency