"ရေစက်ရှိလို့တွေ့ကြတာပေါ့"အစရှိသဖြင့်လူများပြောနေ
ကြစကားဖြစ်သည်။ကမ္ဘာပေါ်၌လူဦးရေသန်းပေါင်းများ
စွာရှိသော်လည်းတယောက်နှင့်တယောက်ရေစက်ရှိ၍သာ
တွေ့ဆုံကြခြင်းဖြစ်သည်။
social media၌လည်းဤသို့ပင်ဖြစ်ပေလိမ့်မည်။
အတွေးတူသူခြင်း၊ခံယူချက်တူသူခြင်းသည်သာအသိ
မိတ်ဆွေဖြစ်ပါလိမ့်မည်။
Facebookကိုတကမ္ဘာလုံးရှိလူဦးရေသန်းပေါင်းများစွာ
သုံးကြသည်။သို့သော်လည်းတယောက်နှင့်တယောက်
ဆုံဆည်း၍ မိတ်ဆွေဖြစ်ကြသည်မှာဘဝအဆက်ဆက်က
ရေစက်ရှိ၍သာဖြစ်ပေလိမ့်မည်။
မိမိ၏friend listထဲ၌ မိမိ၏ဆွေမျိုးများ၊သူငယ်ချင်းများ
တပည့်များအစရှိသဖြင့်ရှိကြသလို အပြင်၌တကြိမ်တခါမျှ
တွေ့ဆုံဖူးခြင်းမရှိသည့် မိတ်ဆွေများလည်းရှိကြပေသည်။
online၌ခင်မင်ရင်းနှီးပြီး အပြင်မှာလည်းမိတ်ဆွေဖြစ်
သွားသောမောင်နှမအရင်းအချာကဲ့သို့ရင်းနှီးသွားသော
မိတ်ဆွေများလည်းရှိပေသည်။
steemit myanmarမှစတင်၍ တွေ့ဆုံရင်းနှီးခဲ့
သောသူငယ်ချင်းမိတ်ဆွေများသည်လည်း ထိုနည်း၎င်းပ
ပင်ဖြစ်ပေသည်။တွေ့ဆုံပွဲလုပ်ကြသော်လည်း မိမိမအား
လပ်၍မသွားနိုင်ခဲ့ပေ။
သို့သော်လည်း steemitမှစ၍ရင်းနှီးခဲ့သောမိတ်ဆွေ
များသည် ရင်ဘတ်ချင်းတူသူများဖြစ်သည်ဟုမှတ်ယူရပေ
မည်။အဖွဲ့ထဲမှ တချို့တလေသည်လည်းရန်ကုန်ရောက်
ရှိတုန်းမိမိနှင့်လာရောက်တွေ့ဆုံခဲ့သည်လည်းရှိပေသည်။
မည်သို့ပင်ဖြစ်စေကာမူ မိမိတို့သည်ဘဝရေစက်ရှိ၍သာ
ဤနေရာ၌တွေ့ဆုံကြသည်။စိတ်တူကိုယ်တူဝါသနားချင်း
တူညီကြသည်။ရှေးဘဝအဆက်ဆက်ကလည်း အတွေး
အခေါ်ဝါသနာခြင်းတူညီကြ၍ ဆုံဆည်းကြသည်ဟုမှတ်ယူ
မိရင်း မနက်ကတည်းကwifiမကောင်းသည့်ကြားမှ
ရေးတင်လိုက်ရပါတော့သည်။
Photo credited from google.