လူရယ်လို့ဖြစ်လာလျှင် လူအချင်းချင်းပေါင်းသင်းဆက်ဆံရသည်မှာ ရှောင်လွှဲ၍
မရနိုင်ပေ။လူ့အသိုင်းအဝိုင်းနှင့် ကင်းကွာနေထိုင်၍ မရနိုင်ပေ။
ပေါင်းသင်းဆက်ဆံရာ၌လည်း တယောက်
နှင့်တယောက်စည်းကမ်းထား၍ ဆက်ဆံပါကပို၍ကောင်းမွန်သည်ဟုထင်မြင်မိသည်။
ဘယ်လောက်ပင်ရင်းနှီးသည့်သူပါစေ စည်းတခုတော့ထားရှိသင့်ပေသည်။
စပ်စုလွန်းလျှင်မကောင်းလှပေ။သူတပါး
ပြောချင်သည်လား မပြောချင်သည်လား
မသိမေးမြန်းစပ်စုသည့်လုပ်ရပ်မျိုးဆင်
ခြင်သင့်သည်ဟုထင်မိသည်။
တခါတရံ၌ ရပ်ထဲရွာထဲ၌ ထိုသို့စပ်စုတတ်
သည့်လူများနှင့် တွေ့ကြုံရသည့်အခါ၌ စိတ်အနှောင့်အယှက်ဖြစ်ရသည်ကို လူတိုင်းတွေ့ကြုံကြဖူးပေလိမ့်မည်။
ထို့အတူ သမီးရည်းစားဆက်ဆံရေးမျိုး၌
လည်းစည်းထားသင့်သည်ဟု ထင်မြင်မိသည်။ဥပမာအားဖြင့် facebook passwordတောင်းပြီး ဝင်ကြည့်ခြင်းမျိုးဖြစ်ပေသည်။
မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမျိုး၌
လည်းဤသဘောအတိုင်းပင်ဖြစ်သည်။
လူတယောက်နှင့်ချစ်သူရည်းစားဖြစ်ခြင်း
သည် ထိုသူ၏ဘဝတခုလုံးကိုလွှမ်းမိုးချုပ်ကိုင်၍ မရနိုင်ပေ။
ထိုသူဘက်၌ လည်းမိတ်ဆွေအပေါင်း အသင်း အသိုင်းအဝိုင်းရှိပေသည်။သင့်အားအချိန်ပြည့် ၂၄နာရီအချိန်ပေးရမည်
ဆိုသည်မှာမဖြစ်နိုင်သောအရာဖြစ်ပေ
သည်။
ထို့အတူ ရဟန်းသီလရှင်စသည့်သာသနာ
နွယ်ဝင်များ၌ဆက်ဆံရေးတွင်လည်း
ဤသဘောပင်ဖြစ်ပေသည်။ မိမိနှင့်မည်မျှရင်းနှီးသည့်ရဟန်းဖြစ်ပါစေ ရဟန်းသည်
ရဟန်းသာဖြစ်သည်။ အသုံးအနှုန်းမှအစ
သတိထားသင့်သည်။
ယခုခေတ်ကာလ၌ တချို့သောပုဂ္ဂိုလ်များ၏ အရိုအသေတန်မှုကို မိမိပတ်ဝန်းကျင်၌ ကြိမ်ဖန်များစွာတွေ့ရှိနေရ
သည်။ဘဝင်မကျဖြစ်မိသည်။
ကိုရင်လေးပင်ဖြစ်လင့်ကစား အရိုအသေတန်မှုမဖြစ်သင့်ပေ။လူနှင့်ရဟန်းဆိုသည့်
ကွာခြားမှုအားသတိပြုသင့်လှပေသည်။
ထို့အတူမည်မျှရင်းနှီးသည့်လူ၏အိမ်ဖြစ်ပါစေ ခွင့်တောင်းပြီးမှမည်သည့်ပစ္စည်းမဆိုကိုင်သင့်သည်။ မပြောမဆိုဖြင့်မီးဖိုချောင်အထိဝင်၍ အိုးခွက်များလှန်
ကြည့်သည့်သူများ အားတွေ့ကြုံဖူးသည်။
မိမိစိတ်ထဲမနှစ်မြို့လှပေ။
တယောက်နှင့်တယောက်စည်းထား၍ မပြောသင့်တာ ပြောမိကြ၍ မစွပ်ဖက်သင့်သည်ကိုစွပ်ဖက်မိ၍ ပျက်ပြယ်သွားသော
မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးများကို
လည်းမြင်တွေ့ဖူးပေသည်။
အသက်၁၀၀ကျော်မနေရပေမယ့်အမှု၁၀၀
ကြုံရသည့် ဤလူ့ဘဝ၌ ဘောင်မကျော်ခြင်းဖြင့် မိမိတို့၏လူမှုဆက်ဆံရေးသည်
အဖုအထစ်မရှိရေရှည်တည်တံ့နိုင်ပါ
ကြောင်းအကြံပြုရေးသားလိုက်ရပါတော့သည်။