အာစရိယနွယ်ဝင်ဆရာဟူသည်

Words
53
Reading
1 min
Listen
Play
2y

အနန္တောအနန္တငါးပါးဟူသည် ဘုရား တရား သံဃာ ဆရာ မိဘဖြစ်သည်ဟုမြန်မာပြည်ရှိလူတိုင်းသိရှိကြပေသည်။
ထိုအထဲ၌ မိမိသည်အိမ်ထောင်မရှိသူ အပျိုကြီးဖြစ်၍ မိဘ
နေရာ၏ ခံစားမှူမျိုးတော့မသိရှိမခံစားဖူးပါ။
သို့သော်မိမိလုပ်ကိုင်သောအလုပ်သည် ဆရာအလုပ်
ကြောင့်ဆရာတယောက်၏ခံစားချက်ကိုတော့သိရှိနေပေ
သည်။မိမိစာသင်သည့်တပည့်တယောက် စာမေးပွဲအောင်
သည်ပဲဖြစ်ဖြစ်တခုခုကောင်းစားသွားသည်ပဲဖြစ်ဖြစ်
ပျော်ရွှင်ရသည့်အပျော်ပီတိသည် ဘာကိုမျှရယူခံစားလို
သည့်စိတ်မရှိပဲ သန့်စင်လွန်းလှသည်။
ထို့ကြောင့်ပင်မိမိသည် မိမိ၏အလုပ်ကိုတန်ဖိုးထားသည်။ဂုဏ်ယူသည်။ပညာဖြင့်အသက်မွေးသည့်လူ၏ အသက်
မွေးမှူသည် အမြင့်မြတ်ဆုံး အသန့်စင်ဆုံးအသက်မွေးဝမ်း
ကျောင်းဖြစ်သည်ဟု မြတ်ဗုဒ္ဓကဟောပြောခဲ့သည်ဟု ဖတ်
ရှူမှတ်သားဖူးသည်။
ငွေကြေးကြောင့်တခုတည်းကြောင့်လုပ်ကိုင်နေသည်မ
ဟုတ်မိမိစိတ်ထဲ၌နှစ်ခြိုက်လွန်းလှသောကြောင့်လုပ်ကိုင်
နေခြင်းဖြစ်ပေသည်။မိမိ၏passionဖြစ်သည်ဟုပြော
ရပေမည်။
ဆရာတို့၏မိမိတပည့်ပေါ်စိတ်ပူပန်မှူသည်လည်း မိဘ
တို့၏အပူကိုမမှီသော်လည်းအလွန်အမင်းတော့လျော့
နည်းလိမ့်မည်မထင်ပေ။မနေ့ကမိမိ၏တပည့်လေးများ
စစ်မှူထမ်းဖို့မဲနှိူက်ရမည်ဟုအသိပေးလာသောအခါ၌
မိမိသည်မဲပေါက်သွားမည်ကိုစိုးရိမ်သဖြင့် နေမရပြုမရ
စိတ်ပူပန်မှူကအထွတ်အထိပ်ရောက်သွားသည်။
ညနေ၌မဲမပေါက်ပါဟုအသိပေးလာမှဟင်းချနိုင်သည်။
ဤအလုပ်ကိုလုပ်ကိုင်နေသည့်မိမိအပူသည်မနည်းလှပေ။
ထို့ကြောင့်ပင်အနန္တောအနန္တငါးပါး၌ဆရာကိုထည့်သွင်း
ထားခြင်းဖြစ်ပေလိမ့်မည်ဟုတွေးမိရင်းနိဂုံးချုပ်လိုက်ရပါ
တော့သည်။
Photo credited from google.

အာစရိယနွယ်ဝင်ဆရာဟူသည် | Ecency