Turning Points

Words
237
Reading
2 min
Listen
Play
2M

ရှုံးထွက်အဆင့်မှာ Group F နောက်ကို လိုက်သွားတာကတော့ Group E ဖြစ်လေ၏။ Group F အသင်းတွေ ၃၂ သင်းအဆင့်မှာပဲ ကျေနပ်ခဲ့ဪသလို Group E အသင်းတွေလည်း လက်ပြ နှုတ်ဆက်သွားခဲ့လေပြီ ဖြစ်၏။ မနေ့က Group E မှ အကောင်းဆုံး တတိယနဲ့ နောက်တဆင့်တက်လာသည့် Ecuador အနေဖြင့် အိမ်ရှင် Mexico ကို ၂-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။

သတ်မှတ်ထားသည့် အချိန်ထက် တနာရီလောက် နောက်ကျပြီးမှ ပွဲကို စတင်နိုင်ခဲ့၏။ အိမ်ရှင် Mexico အနေဖြင့် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ ကတည်းက သွင်းယူခဲ့ခြင်း ဖြစ်၏။ ၂၂ နှင့် ၃၁ မိနစ်တို့မှာ ၂ ဂိုး ဆက်တိုက် သွင်းယူပြီး Ecuador ၏ မျှော်လင့်ချက်တွေကို ခပ်စောစောပဲ ရုတ်သိမ်း စေခဲ့လေ၏။ ဒုတိယပိုင်းမှာ ဂိုးထပ် မသွင်းနိုင်ကြဘဲ ၂-၀ ဖြင့်သာ ပွဲပြီးသွားခဲ့၏။

Netherlands, Germany တို့နောက် လိုက်ရမလို ဖြစ်သွားသည့်အသင်းက England ဖြစ်၏။ DR Congo ၏ ပွဲအစ ၇ မိနစ်မှာ ကတည်းက သွင်းယူထားသည့် ဂိုးကြောင့် England တို့ အတော်လေး ဒုက္ခ များခဲ့ရ၏။ ဦးဆောင်ဂိုး ရပြီးနောက် DR Congo အနေဖြင့် England ၏ တိုက်စစ်ကို အကောင်းဆုံး ခုခံ ကစားနိုင်ခဲ့၏။ ဦးဆောင်ဂိုးကို ၇၅ မိနစ်အထိ DR Congo တို့ ထိန်းထားနိုင်ခဲ့ပါသေး၏။ သို့ပေမယ့် Kane ၏ ၇၅ မိနစ် ချေပဂိုး၊ ၈၆ မိနစ် အနိုင်ဂိုးတွေကြောင့် ၂-၁ ဖြင့် England ကို ရှုံးနိမ့် သွားခဲ့ရလေ၏။

Belgium vs Senegal ပွဲကတော့ ပွဲကောင်းတပွဲ ဖြစ်ခဲ့၏။ အုပ်စု အဖွင့်ပွဲစဉ် ၂ ပွဲလုံး လိမ်ဖယ်လိမ်ဖယ် ဖြစ်နေသည့် Belgium အနေဖြင့် ရှုံးထွက် အဆင့်မှာလည်း မိုးထဲ ရေထဲ ရောက်ခဲ့ရပြန်သေး၏။ သူတို့ အဆင်ပြေတာ ဆိုလို့ အုပ်စု နောက်ဆုံးပွဲစဉ်သာ ရှိ၏။ အဆိုပါ ပွဲကိုမှ မနိုင်ရင်လည်း ရှုံးထွက်တက်ရဖို့ မဖြစ်နိုင်ပေ။

ဝါရင့် တိုက်စစ်မှူး Lukaku အနေဖြင့် အရံခုံကနေ ထလာပြီး ဂိုးတွေ သွင်းပေးနေလို့သာပေါ့။ အုပ်စု နောက်ဆုံးပွဲတုန်းကလည်း သူ ဂိုးသွင်း၏။ ခု ၃၂ သင်းအဆင့် Senegal ပွဲမှာလည်း ဂိုးသွင်း၏။ Senegal ၏ ၂ ကြိမ် တိုင်တိုင် ဦးဆောင်မှု အောက်ကနေ Belgium တို့ အချိန်ပိုထိ ရောက်သွားခဲ့ရ၏။ ၂၄၊ ၅၁ မိနစ်တို့မှာ ၂ ဂိုးပြတ် သွင်းထားပြီး Senegal တို့ ပွဲကို ဦးဆောင်ထားခဲ့၏။

ဒီရလဒ်နဲ့ ပွဲပြီးပြီ ထင်မှတ် ခဲ့ပေမဲ့ ၈၆၊ ၈၉ မိနစ်တို့မှာ Belgium တို့ ချေပဂိုးတွေ ပြန်လည် သွင်းယူပြီး အသက်ဆက်နိုင်ခဲ့၏။ အချိန်ပို ဒုတိယပိုင်း ပွဲပြီးဆုံးခါနီးမှာ ရရှိခဲ့သည့် ပင်နယ်တီကို Tielemans က အမှားအယွင်း မရှိ ကန်သွင်းယူပြီး Belgium ကို ၁၆ သင်း အဆင့်သို့ တက်လှမ်းစေခဲ့၏။ Senegal အနေဖြင့် ဦးဆောင်ဂိုး ၂ ဂိုးထိ သွင်းယူထားခဲ့ပေမဲ့ နောက်တဆင့် တက်ရေးအတွက် လုံလောက်ခဲ့ခြင်း မရှိခဲ့ပေ။

(photos from FIFA World Cup page)

Turning Points | Ecency