Firmware update မှာ ယခင်ထက် customize လုပ်စရာတွေ အများကြီး ပိုပါလာခဲ့၏။ Setting, UI design ပိုင်းမှာလည်း ပြောင်းသွား၏။ အားသွင်းကြိုး ထိုးလိုက်ပါက battery percent ဘယ်လောရှိကြောင်း screen အလယ်မှာ စက္ကန့်ပိုင်းလောက် ပြပေး၏။ ယခင် version 12.1 မှာတုန်းက မပါပေ။ Status bar က icons တွေကို ပြောင်းဖို့ ဒီဇိုင်းတွေလည်း အများကြီး ပါလာခဲ့၏။
Wifi logo ပုံကို ဆေးခြောက်ပုံလေးနဲ့ ထားလို့ရသည့် design ကတော့ အကြိုက်ဆုံး ဖြစ်၏။ လက်ရှိမှာလည်း အဆိုပါ design လေးကို သုံးထား၏။ battery icon လည်း အသစ်တွေ ထပ်ထည့်ပေးထား၏။ လောလောဆယ် အဝိုင်းအတွင်းမှာ battery percent ပြပေးသည့် icon သုံးထား၏။ ယခင် version တုန်းက အလျားလိုက် လေးထောင့် ကွက် ပုံစံလေး တွေသာ များ၏။
UI ပိုင်းနဲ့ Customize ပိုင်းကိုတော့ ယခင် version ထက် ပိုသဘောကျ၏။ ပြီး app icon shape နဲ့ ပတ်သက်ပြီး ယခင် version ထက်စာလျှင် ရွေးချယ်စရာတွေ ထပ်ဖြည့်ပေးထား၏။ လောလောဆယ် icon shape ကို အသဲပုံ ပုံလေး သုံးနေ၏။
Game space မှာလည်း FTS (frame refresh rate) ဖော်ပြပေးသည့် အရာလေးတခု အပို ပါလာ၏။ ယခင် version တုန်းက မပါပေ။ ယခင် version လိုပဲ ဂိမ်းဆော့လျှင်တော့ ပူနေသေး၏။ ဂိမ်းဆော့မှာပါ၊ ဂိမ်းမဆော့နေဘဲ normal use ဆိုလျှင်တော့ မပူပေ။ ယခင် version ထက် စာလျှင် သုံးရတာ ပိုကောင်း ပိုသွက် ပိုပြီးတော့လည်း အဆင်ပြေ၏။
တချိန်တော့ Android 13 base custom rom တွေများ ထွက်လာခဲ့လျှင်တော့ ပြောင်းပြီး သုံးကြည့်ပါဦးမည်။ ph အသစ် အဝယ်နိုင်သေးတော့ အဟောင်းလေးကိုပဲ customize, modify လုပ်ပြီး သုံးနေရပေလိမ့်ဦးမည်။