ပြည်သူ့သံပုံး (ဗုံး) (၁၈၀)

Words
57
Reading
1 min
Listen
Play
5y

img_0.7396728979294764.jpg

သွေးမအေးပါဘူး
မမေ့ပါဘူး
ကျခဲ့တဲ့ သွေးတွေ
ပေးဆပ်ခဲ့ရတဲ့ အသက်တွေ
အနားမှာ မရှိတော့တဲ့ မိတ်ဆွေတွေ
ဒါတွေကို
ငါတို့ ဘယ် လွယ်လွယ်နဲ့ မေ့နိုင်မှာလဲ

အားလုံးရဲ့ အိပ်မက်
အားလုံးရဲ့ ပန်းတိုင် ဟာ
အတူတူပဲ
တခုထဲပဲ

ဒီမိုကရေစီက ကွက်ပြီးရမယ့် အရာမှ မဟုတ်တာ
အားလုံးနဲ့ဆိုင် အားလုံးရုန်းမှ

အချို့က အများ အနာဂတ် အတွက်
သူတို့ အနာဂတ်ကို
ရင်း (စတေး) လိုက် (ထား) ကြပြီ

အဆုံးထိ သွားဖို့ပဲ
လမ်းဆုံးရင် ပန်းတိုင်တွေ့မယ်
ဒီပွဲမှာ
ငါတို့ နိုင်ကို နိုင်ရမယ်

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

ပြည်သူ့သံပုံး (ဗုံး) (၁၈၀) | Ecency