နှလုံးသားလေး ကွဲခဲ့တယ်

Words
41
Reading
1 min
Listen
Play
9y

ဟိုးငယ်ငယ် ကလေးဘဝက
ကောင်းကင်ထက်မှ ငွေလမင်းထံ
ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့တောင်းခဲ့ဖူးတယ် ။
လမင်းရောင်းရှိန် အလင်းထိန်ပေမဲ့
ခရီးချိန်ဆ ဝေးလှတာကြောင့်
ရွှေလင်ဗန်းလေး သူမပေးနိုင်ခဲ့ဘူး ။

အရွယ်ရောက်လာ ချစ်တတ်ရှာတော့
ရွှေအိမ်ထက်မှာ နေလာသူထံ
အချစ်တစ်ချို့ကို နှလုံးသားနုနုလေးနဲ့တောင်းခံဖူးတယ် ။
အချစ်စွမ်းအား မြင့်များပေမဲ့
သူဆင်းရဲသား အမြင့်မသွားနိုင်လို့
နလုံးသားနုနုလေး ကျကွဲခဲ့ရတယ် ။

images (3).png

MSC . 9

Photos credit; Google Image

Phyoe Thant Zin

domelay@domelay (အတွေးမျှင်လေးများ)

နှလုံးသားလေး ကွဲခဲ့တယ် | Ecency