ယခုကဲ့သို့ အချိန်မျိုးတွင် Steem ဈေးများသည် အတော်အတန် တက်ရမည့် အနေအထား မျိုး ဖြစ်ရမည်ဟု ကျွန်တော်ထင်ပါသည် ။ ဘာဖြစ်လို့များ ဈေးတွေ ကျနေရတာလဲ ?
Game များနှင့် အခြားသော အရာများ steemit တွင် များပြားလာသဖြင့် Steem များ ဈေးတက်သင့်ပါသည် ။ သို့သော် Steem ဖောင်းပွမှုများကို ထိမ်းချုတ်ရန် ယခင်ကထဲက ရှိခဲ့သည်မှာ Steem power သာ ဖြစ်သည် ။ ယခင်က Steemit ပေါ်တွင် တွေ့ကြုံရသမျှ STeem power များနှင့် သက်ဆိုင်လေသည် ။ power မရှိသည့် အတွက် အခက်အခဲများစွာ ကို ကျော်ဖြတ်ခဲ့ရသည် ။ power ကိုလည်း လိုလိုချင်ချင် စုဆောင်းကြသူများ များပြားကြသည် ။
Game များမှာတော့ ထိုသို့ မဟုတ်ပါ power ရှိဖို့ ထက် အရင်ဦးဖို့ အရင်းနှီး တတ်နိုင်ဖို့ကိုသာ ဦးစားပေးတော့သည် ။ steem power ကိုလည်း လိုချင်သူ အလွှန် ရှားသွားလေပြီ ရထားသမျှကို ရထား သလောက်နှင့် ထုတ်ရောင်းကြသည် ။ ယခင်က steem power ဖြစ်ခဲ့ဖူးသော အရာတို့သည် ယခုအခါ ဈေးကွက်များအတွင်း များစွာ ရောက်ရှိနေကြပြီ ။
ကျွန်တော်တို့မှာလည်း ယခင်က တော်တော်တန်တန်ရှိခဲ့သော ယခု သုံးစားမရသော စတင်း အနည်းငယ်ကို ဆုတ်ကိုင်လျှက် ။ မသုံးစားရက် စုထားရခက်နှင့် နောင်တစ်ချိန် ဘယ်လို ဖြစ်လာမည်လဲ စောင့်မျော်ကြည့်မိရင်းပါ ။