ဒီတစ်ခေါက်ပြောပြ ချင်တဲ့ ဇာတ်လမ်းကတော့ Riddick ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ။ ဒီဇာတ်ကားက သုံးကားရှိပေမဲ့ နောက်ဆုံး တစ်ကားသာ မကြည့်ရသေးတာကြောင့် ကြည့်ဖြစ်လိုက်ပါတယ် ။ သုံးကားလုံး ကြည့်ကောင်းသော ဇာတ်လမ်း လေးများဖြစ်ပါသည် ။ အခြား ဂြိုလ်များတွင် တွေ့ကြုံရသော အရာများကို ရိုက်ထားသည်ကြောင့် ထူးဆန်းပြီး ကြည့်ကောင်းနေသည် ထင်ပါသည် ။ ကျွန်တော်တို့ ထိုနေရာများကို မရောက်ဖူးပေမဲ့ ခဏ ခဏ စိတ်ကူး ယာဉ်ကြည့်တတ်တယ် လေ ။
အမှောင် အတွင်းတွင် မြင်ရသော ထူးဆန်းသော မျက်လုံးများနှင့် Riddick ။ မတူညီတဲ့ အာကာသ အတွင်းမှ ဂြိုလ်များနှင့် အန္တရာယ်မျိုးစုံ တို့ကို ကြည့်ရှုခံစားရမှာပါ ။ တစ်ကားချင်းစီ အလွန်ကောင်းမွန်ပြီး ဘာဖြစ်မယ် ဆိုတာ ကြိုပြော သလို ဖြစ်မှာစိုးလို့ မပြောပြတော့ဘူး နော် ။ တစ်ကယ်တော့ မပြောတတ်တာလဲ ပါတာပေါ့ ။
ထွက်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် ကြည့်ပြီးသား ဖြစ်မည် လို့တော့ ထင်ပါသည် ။ တစ်ကယ်လို့ မကြည့်ရသေးရင် channel myanmar တွင် Riddick ဟူ၍ ရှာယူနိုင်ပါသည် ။ စာတောင် မရေးဖြစ်တာကြာတော့ ဇာတ်လမ်း ညွှန်းတာတောင် နည်းနည်း တိုနေသည် ထင်ပါသည် ။
MSC - 9
@domelay (အတွေးမျှင်လေးများ)