ပထမဆုံးအနေနဲ့ကတော့ steemit အတွင်း ရှိကြသူများရဲ့ ရင်ထဲမှာ ဈေးကျခြင်း အကြောင်းအရာများ ရှိကြလိမ့်မည် ထင်ပါသည် ။ steem သျေးများမှာ 1$ usd ဝန်းကျင် မဆိုထားလေနှင့် 0.5$ usd အနီးသို့ပင် အားခဲလို့ မတက်ရောကိနိုင်တော့သော အခြေနေတွင် ရှိလေသည် ။ ထို့ကြောင့်ပင် လူအများ၏ အားထုတ်မှုများ လျှော့ပါးသွားကြသည် ။ လူများလဲ လျှော့ပါးသွားကြသည် ။ တစ်နေ့ တစ်နေ့ အသစ် ထွက်ပေါ်လာသော post များပင် အရေ အတွက် အလွန်နည်းပါးလွန်းလှသည် ။ post တွေ vote တွေ လဲ ကျလာကြသည် ။ post တွေ ကျလာသည် ဆိုရာတွင် အရေအတွက်ရော အရေအသွေးများပါ ပါဝင်လေသည် ။
ယခင် hf က vote ပေးလျှင် 0.03 ခန့် တက်သော ကျွှန်တော့ power မှာလဲ 0.02 ခန့်သာ ရှိတော့သည် ။ vote နှင့် steem ထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားသော်လည်း ဈေးကတော့ မာန ကြီးဆဲ မတက်နိုင်ဆဲပါ ။ ထို့ပြင် game များမှာလဲ steem ရနိုင်သည် ဆိုသော အချက်ထက် ပိုပြီး ဆွဲဆောင်နိုင်ခြင်း မတွေ့ရသလောက်သာ ရှိသည့်အတွက် ဆော့သည့်သူများမှာလဲ ပုံမှန်ရှိနေသူများအပြင် ဆော့ကစားမှု ကျလာသည်ပင် ။ game rewards များလဲ တစ်ဖြည်းဖြည်း ကျဆင်းလာသည်ကို ။
ဒါဖြင့် steemit ကြီးထဲမှာ တက်လာတာ ဘာများ ရှိပါသလဲ ဆိုလျှင် ဘာမှတော့ မတွေ့ဖြစ်ပါ ။ ကျွှန်တော် မကြည့်တတ်လို့ ဖြစ်ပါလိမ့်မည် ။ steem-engine က coin များတော့ တစ်ခုပြီး တစ်ခု ပေါ်လာပါသည် ။ ဒါပေမဲ့ ထိုအရာက အတက်မဟုတ် ။ အမှိုက်များပင် တက်လာခြင်း မရှိသလို ထင်မိပါတယ် ။ အလံပြသော အဖွဲ့များပင် ထောင်စရာမရှိ၍ တွေ့ကရာ လိုက်ထောင်နေသည်ကို တွေ့မြင်ကြရပါလိမ့်မည် ။
ဈေးကျ ၊ စိတ်ဓါတ်တွေကျကြ ၊ post တွေကျ ၊ tag တွေ ပျောက်ပျက် ကျ ။ steemit ရယ် တစ်ခုခုများ တက်လာဦးမည်လား ?