12 Intresting Fast of Orange

dabia(44)
Published in
#myanmar
Words
245
Reading
2 min
Listen
Play
9y

လိမ္မော်သီး၏ စိတ်ဝင်စားစရာ အချက်များ
orange.jpg
လိမ္မော်သီး၏ ထူးခြားချက်များသည် အရမ်းစိတ်ဝင်စားစရာ ကောင်းလို့ အကောင်းဆုံး post တစ်ခုကို ရွေးပြီး တင်ဆက်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူအများအပြားက လိမ္မော်ရည်ကို ကြိုက်နှစ်သက်ကြပါတယ်။ လိမ္မော်ဖတ်လေးများက လူသားများကို အကျိုးအများကြီး ရှိစေပါတယ်။ လိမ္မော်သီးရဲ့ စိတ်ဝင်စားစရာ အချက်များကို ဖော်ပြလိုက်ပါတယ်။
or.jpg
(၁) လိမ္မော်ပင်သည် အစိမ်းရောင်အပင်ဖြစ်ပြီးတော့ အမြင့်ပေက ပေ ၃၀ ကနေမှ ၃၃ ပေအထိ မြင့်နိုင်ပါတယ်။ အရွက်တွေက ဘဲဥပုံ ရှိပြီးတော့ အရွက်တွေ၏ ထောင့်စွန်းလေးတွေက ချွန်ထက်သောအရာလေးများရှိတယ်။
(၂) လိမ္မော်ပင်သည် လိမ္မော်သီး မသီးခင် အပွင့်အရင်ပွင့်ပါတယ်။ အပွင့်တွေက အဖြူရောင်ရှိပြီးတော့ နွေဦးပိုင်းမှာ စပွင့်ပါတယ်။
(၃) ၁၈၇၃ ခုနှစ်မှာ ဘရာဇီးနိုင်ငံမှ လိမ္မောပင် သုံးပင်ကို ကယ်လီဖိုးနီးယားနိုင်ငံက ၀ယ်ယူပြီး မြစ်ကမ်းဘေးတစ်လျှောက်တွင် လိမ္မောပင်များ စိုက်ပျိုးခဲ့သည်။ စိုက်ပျိုးထားသော လိမ္မော်ပင်တွေက ယနေ့အချိန်ထိ ရှင်သန်နေပြီးတော့ လိမ္မော်သီးများလည်း တစ်ပင်လုံးပြည့်နှက်နေသည်။
(၄) ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် လိမ္မော်သီးထုတ်လုပ်မှု့ အများဆုံးနိုင်ငံဖြစ်ပြီး တစ်နှစ်ကို လိမ္မော်သီးတန်ချိန်ပေါင်း ၁၇.၈ သန်းအထိ ထုတ်လုပ်သည်။
images.jpg
(၅) သင်မှာ လိမ္မော်ပင်စိုက်ပျိုးဖို့ စိတ်ကူးရှိရင် လိမ္မော်စေ့ တစ်စေ့ပဲ လိုအပ်ပြီးတော့ အဲ့ဒီ လိမ္မော်စေ့ကို စိုက်ပျိုးခဲ့လို့ အပင်ပေါက်လာရင်လည်း အခြားအပင်ထက် အကြီးမြန်ပါတယ်။
(၆) လိမ္မော်ပင်ကနေမှ လိမ္မော်သီးကို မခူးဆွတ်ခင် အချိန်ထိ ပုပ်သိုးသွားခြင်း မရှိပါဘူး။
(၇) လိမ္မော်သီးပင်မှ လိမ္မော်သီးကို အချိန်အကြာကြီး ခူးဆွတ်ခြင်း မရှိပါက လိမ္မော်သီး၏ အရောင်ဖြစ်သော လိမ္မော်ရောင်ကနေမှ အစိမ်းရောင်သို့ ပြောင်းလဲသွားတတ်ပါသည်။ အရောင်တစ်မျိုးထဲသာလျှင် ပြောင်းလဲမှု့ရှိပြီးတော့ အစိမ်းပြန်လည် ပြောင်းလဲခြင်း ဖြစ်စဉ်ဟုခေါ်ပါသည်။ လိမ္မော်သီးသည် အစိမ်းရောင်းသို့ ပြန်ပြောင်းသွားပေမဲ့ သူ၏ အရသာ နှင့် အရည်အသွေးမှာ မပြောင်းလဲပဲ ကျန်ရှိနေပါသည်။ ဒါကြောင့် လိမ္မော်သီး၏ အရောင်သည် အစိမ်းရောင် ဖြစ်နေပါက မမှဲ့သေးဘူးဟု ပြောလို့ရသလို အမှဲ့လွန်နေသည်လို့လည်း ပြောနိုင်ပါတယ်။
(၈) လိမ္မော်သီးသည် ဗီတာမင်စီ ပါဝင်ပါသည်။ လိမ္မော်ရည်ထဲတွင် ကယ်ဆီယမ် ပိုတက်ဆီယမ် ဗီတာမင်အေ နှင့် ဘီများ ရောနှော ပါဝင်နေပါသည်။
(၉) လိမ္မော်သီး အချိုရည်သည် ကမ္ဘာပေါ်တွင် လူအများဆုံးကြိုက်သော အချိရည်ဖြစ်သည့် အတွက်ကြောင့် အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။
ora.jpg
(၁၀) ဖလော်ရီဒါ နိုင်ငံသည် ညအချိန်တွင် အပူချိန်သည် အနည်းငယ်မျှ နွေးသောကြောင့် ဖလော်ရီဒါမှ လိမ္မော်သီးများသည် ကယ်လီဖိုးနီးယားမှ လိမ္မော်သီးများ အရောင်ထက် အနည်းငယ် အရောင်ပိုစိမ်းနိုင်ပါသည်။ အကြောင်းမှာ Chlorophyll အစိမ်းရောင်ခြယ်ပစ္စည်းများ အခွံဆီသို့ ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။ အစိမ်းရောင် ဖြစ်သွားပေမဲ့ လိမ္မောသီးသည် မှဲ့ပြီးတော့ ချိုမြိန်သော အရသာကို ရရှိစေပါတယ်။
(၁၁) ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် လိမ္မော်သီး ထုတ်လုပ်မှု့ကို ဦးဆောင်နေပြီးတော့ ဖလော်ရီဒါနိုင်ငံနှင့် ကယ်ဖိုးနီးယားနိုင်ငံ နှစ်နိုင်ငံပေါင်းပြီးတော့ လိမ္မော်သီး ထုတ်လုပ်ခြင်းဟာလည်း လိမ္မော်သီးပေါင် ၂၅ သန်းနီးပါသို့ ရောက်ရှိခဲ့ပါတယ်။
(၁၂) နောက်ဆုံးအချက်ကတော့ အထက်မှာ ပြောခဲ့ပြီးသားဖြစ်တဲ့ အကြောင်းအရာပါပဲ။ ဘရာဇီးနိုင်ငံ ကမ္ဘာမှာ လိမ္မော်သီး နှင့် ရှောက်ခါးသီး ထုတ်လုပ်မှု့ ပမာဏ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါတွေကတော့ လိမ္မော်သီး၏ စိတ်ဝင်စားစရာအချက်များဖြစ်ပါတယ်။

Thanks for reading and for your support.
I have not perfect and not a good post . If mistakes for my post then I hope you will be forgave. Please.

translator < dabia@dabia >
source < www.dailyworldfacts.com >
Photo credit < Google photo >

12 Intresting Fast of Orange | Ecency