📝📝✉

claye(37)
Published in
#esteem
Words
1141
Reading
6 min
Listen
Play
9y

Mind is the forerunner of all good and evil states
စိတ်သည် အကောင်းအဆိုး အခြေအနေအားလုံး၏ ရှေ့ပြေးဖြစ်သည်

How to live a worry-free life
သောကကင်းဝေး နေနိုင်ရေး

Some people have a very shallow concept of the world and of human existence. They do not know what constitutes this world in reality. When the Buddha said there is neither a beginning nor an end to the world system, people could not understand what he meant. This was because they could not see that the world is really within us. If you examine the whole world and compare it with your body, you can understand that the same elements and energies and conditions co-exist so called world and in our body. The only difference is that you have a mind to think and comprehend the nature of existence.

လူအချို့ရဲ့ ကမ္ဘာလောကနဲ့ ပတ်သက်တဲ့ အမြင်သဘောထား၊ လူ့ဘဝနဲ့ ပတ်သက်တဲ့ အမြင်သဘောထားဟာ အလွန် ပေါ့ပေါ့ပျက်ပျက်နိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာလောကကို ဘာနဲ့ဖွဲ့စည်းထားတယ်ဆိုတာ အမှန်တကယ် သဘောမပေါက်ကြပါဘူး။ မြတ်ဗုဒ္ဓက လောကကြီးရဲ့ ဖွဲ့စည်းပုံဟာ အစမရှိသလို အဆုံးလည်းမရှိလို့ မိန့်တော်မူတဲ့အခါ လူတွေဟာ ဗုဒ္ဓ၏ ဆိုလိုချက်ကို သဘောမပေါက်ကြပါ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာလောကဆိုတာ ကျွန်တော်တို့ ခန္ဓာအတွင်းမှာ ရှိတယ်ဆိုတာကို သူတို့ မမြင်နိုင်ကြလို့ပါ။ တကယ်လို့ လောကကြီးတစ်ခုလုံးကို စူးစမ်းလေ့လာပြီး ကျွန်တော်တို့ ကိုယ်ခန္ဓာနဲ့ နှိုင်းယှဉ်ကြည့်ရင် ကမ္ဘာလောကလို့ ခေါ်တဲ့အရာနဲ့ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲက အရာတွေဟာ တူညီတဲ့ ဓာတ်သဘောတွေ၊ စွမ်းအင်တွေ၊ အခြေနေတွေ အတူတည်ရှိနေတယ်ဆိုတာ သင် သိမြင်နိုင်ပါတယ်။ ကွဲပြားတာဆိုလို့ သင့်မှာ ဘဝသဘောတရားကို စဉ်စားနားလည်နိုင်တဲ့ အသိစိတ်ရှိခြင်းပဲ ဖြစ်ပါတယ်။

The ​ extra-ordinary mental energy that human beings experience cannot be found in other living beings. However, this mental energy must be trained and ​controlled. Otherwise the human mind can become the main cause for all the problems in the world. When a mind is properly trained harmony, understanding​ and peace prevail. Academic knowledge without mental development is more dangerous than ignorance. Knowledge without spiritual development can be abused for destructive purposes.

လူတွေမှာရှိနေတဲ့ သာမန်ထက်ထူးခြားသည့် အသိစိတ်ဆိုင်ရာ စွမ်းအင်ကို အခြား သတ္တဝါတွေထံမှာ မတွေ့နိုင်ပါဘူး။ ဒါပေမယ့် ဒီ အသိစိတ်ဆိုင်ရာ စွမ်းအင်ကို လေ့ကျင့်ပေးရမယ်၊ ထိန်းချုပ်ရပါမယ်။ အဲလိုမလုပ်ရင် လူ့စိတ်ဟာ ကမ္ဘာကြီးထဲမှာ ဖြစ်ပေါ်သမျှ ပြဿနာအားလုံးရဲ့ အဓိက အကြောင်းရင်း ဖြစ်သွားနိုင်ပါတယ်။ စိတ်ကို မှန်မှန်ကန်ကန် လေ့ကျင့်ပေးတဲ့အခါ စိတ်သဘောထားညီညွတ်ခြင်း၊ နားလည်မှုရှိခြင်း၊ ငြိမ်းချမ်းခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိရင် သင်ယူထားတဲ့ အတတ်ပညာဟာ မသိမတတ်တာထက် ပိုပြီး အန္တရာယ်များပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ အတတ်ပညာကို အဖျက်သဘော ရည်ရွယ်ချက်တွေအတွက် အလွဲသုံးစားလုပ်နိုင်ပါတယ်။

Everything is subjected to the universal law of impermanence. It is the nature of all existing things. They deteriorate and disintegrate according to the same universal law. The combination of elements and energies and their existence together produce an illusion of objects, which are visible and tangible. We create the concept of solidity and permanence of them due to our delusion. The causes of their change are friction of the elements and energies. When a visible object disintegrates it is the dissolution of the elements and energies, which are compounded. This is a natural phenomenon and every component thing is conditioned in this way. There is no reason for us to regard this situation as a creation of a Divine being or that it is the result of punishment for a ​primordial crime.

အရာရာဟာ မမြဲတဲ့ လောကဥပဒေသကို နာခံရပါတယ်။ ဒါဟာ ရှိနေတဲ့ အရာအားလုံးရဲ့ ပင်ကိုယ် သဘာဝဖြစ်ပါတယ်။ အရာရာဟာ တူညီတဲ့ လောကဥပဒေသအတိုင်း အခြေနေတွေ ယိုယွင်းပြီး ပျက်ဆီးသွားရတာပါ။ ဓာတ်သဘာဝတွေ၊ စွမ်းအင်တွေ အစုအပေါင်းနဲ့ အတူတကွ ဖြစ်တည်နေမှုဟာ မျက်လုံးနဲ့ မြင်နိုင်ပြီး အထည်ကိုယ်ဒြပ်ရှိတဲ့ အရာဝတ္ထုတွေအပေါ် အထင်အမြင် မှားယွင်းမှု ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ဟာ မောဟဖုံးလွှမ်းခံရတာကြောင့် အရာဝတ္ထုတွေအပေါ် ခိုင်ခံ့တယ်၊ မြဲတယ်ဆိုတဲ့ အယူအဆ ဖြစ်ပေါ်စေပါတယ်။ ပြောင်းလဲသွားရခြင်းရဲ့ အခြေခံအကြောင်းတွေကတော့ ဓာတ်သဘာဝတွေ၊ စွမ်းအင်တွေ ပွတ်တိုက်ခြင်းပဲ ဖြစ်ပါတယ်။ မျက်စိနဲ့ မြင်ရတဲ့ အရာတစ်ခု အစိတ်စိတ်အ​မြွှာမြွှာ ကွဲသွားတာဟာ ပေါင်းစုထားတဲ့ ဓာတ်သဘာဝတွေ၊ စွမ်းအင်တွေ ပြိုကွဲခြင်းပါ။ သဘာဝဖြစ်စဉ်နဲ့ အစိတ်အပိုင်းတိုင်းဟာ ဒီနည်းနဲ့ ပြုပြင်စီမံ ခံရတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအခြေနေကို ဘုရားသခင်က ဖန်တီးတာလို့ မှတ်ယူစရာ အကြောင်းမရှိပါဘူး။ သို့မဟုတ် ဒါဟာ ကမ္ဘာဦးက ပြစ်မှုအတွက် အပြစ်ပေးခံရတဲ့ အကျိုးဆက်လို့ မှတ်ယူစရာအကြောင်းမရှိပါဘူး။

Buddhists regard this as a natural phenomenon which is the result of change and impermanence. The unsatisfactoriness of our life begins when we cling to the idea that permanence is possible. But others explain this in terms of a Divine force which is called 'God's will.' Unlike the teachings of science religion teaches that invisible energies can affect our lives. Cosmic forces also influence the elements and energies within and around our physical body. Some of our physical and mental problems are due to their influence. Some other unknown forces also disturb our life which primitive people regard as evil spirits.

ဗုဒ္ဓဘာသာဝင်တွေကတော့ ပြောင်းလဲခြင်း၊ မမြဲခြင်းရဲ့ အကျိုးဆက်ဖြစ်တဲ့ သဘာဝဖြစ်စဉ်လို့ မှတ်ယူပါတယ်။ မြဲခြင်းဆိုတာ ဖြစ်နိုင်တယ်ဆိုတဲ့ ခံယူချက် စိတ်ထဲမှာစွဲလာရာမှ ဘဝနဲ့ပတ်သက်ပြီး ကျေနပ်ဖွယ်မရှိမှု အစပြုတာဖြစ်ပါတယ်။ ဒါပေမယ့် အခြားဘာသာတွေက ဒါကို ဘုရားသခင်ရဲ့ အလိုဆန္ဒခေါ်တဲ့ အံ့ဖွယ်အစွမ်းကြောင့်လို့ ရှင်းပြကြပါတယ်။ သိပ္ပံဆိုင်ရာ သင်ခန်းစာတွေနဲ့ ကွဲလွဲပြီး မမြင်ရတဲ့ စွမ်းအားတွေက သက်ရှိတွေအပေါ် အစွမ်းပြတာလို့ ဘာသာရေးက သင်ကြားပါတယ်။ စကြာဝဠာဆိုင်ရာ အင်အားစုတွေကလည်း ကျွန်တော်တို့ ကိုယ်ခန္ဓာအတွင်းနဲ့ အနီးတစ်ဝိုက်က ဓာတ်သဘာဝတွေ၊ စွမ်းအင်တွေအပေါ် လွှမ်းမိုးပါတယ်။ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ဟာ အဲဒီအင်အားစုတွေရဲ့ လွှမ်းမိုးမှုကြောင့် ပေါ်ပေါက်လာတာပါ။ မကောင်းဆိုးဝါးအဖြစ် ရှေးခေတ်လူတွေက မှတ်ယူတဲ့ အခြား အမည်မသိတဲ့ စွမ်းအားအချို့ကလည်း ကျွန်တော်တို့ ဘဝကို အနှောင့်အယှက်ပေးပါတယ်။

Fear, imagination, suspicion and superstitious ideas always feed on such beliefs to disturb their minds. When the mind is disturbed, they suffer from physical problems also. However, if our minds are well-trained and developed understanding we can prevent many of these problems. This is why the Buddha says mind is the forerunner of all good and evil states. They are mind-made.

စိုးရိမ်ကြာက်လန့်မှု၊ စိတ်ကူးထင်မြင်မှု၊ သံသယဝင်မှု၊ အစွဲကြီးတဲ့ အယူအဆတွေဟာ စိတ်ကို အနှောင့်အယှက်ပေးမယ့် အဲဒီယုံကြည်မှုတွေကို အမြဲ အစာကျွေးပေးပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကနေလည်း ဆင်းရဲဒုက္ခခံစားလာရပါတယ်။ ဒါပေမယ့် စိတ်ကို ကောင်းကောင်း လေ့ကျင့်ပေးလို့ အသိအမြင် ဖွံ့ဖြိုးတိုးတက်လာရင်တော့ အဲဒီပြဿနာပေါင်းများစွာကို တားဆီးနိုင်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စိတ်ဟာ ကောင်းတဲ့ အခြေနေ၊ မကောင်းတဲ့ အခြေနေ အားလုံးရဲ့ ရှေ့ဆောင်ဖြစ်တယ်၊ အားလုံးဟာ စိတ်ကြောင့်ဖြစ်တယ်လို့ မိန့်တော်မူတာဖြစ်ပါတယ်။

Religious conflict
ဘာသာရေး ပဋိပက္ခ

Many of our social problems are also extended into religious conflicts. In fact, religion is the cause of these conflicts. The purpose of religion is to guide mankind to develop unity and a harmonious life and to cultivate humane qualities. Today however, religion is being used to discriminate against other religions and to develop jealousy, discrimination and hostility. Actually human beings are not using religion to maintain peace but to create superiority or inferiority feelings. This hostile attitude and unhealthy religious competition have even created bloodshed in many parts of the world.

ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ လူမှုရေးပြဿနာ အများစုဟာ ဘာသာရေး ပဋိပက္ခတွေအဖြစ် ချဲ့ကားသွားပါတယ်။ အမှန်တော့ ဘာသာတရားဟာ ဒီပဋိပက္ခတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းပါ။ ဘာသာရေးရဲ့ ရည်ရွယ်ချက်ဟာ စည်းလုံးညီညွတ်မှုနှင့် သင့်မြတ်တဲ့ ဘဝအဖြစ် တိုးမြှင့်ပြီး လူသားဆန်တဲ့ အရည်အချင်းတွေ ပြုစုပျိုးထောင်ပေးရန် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခေတ်မှာတော့ အခြားဘာသာတွေကို နှိမ်ချပြီး မနာလိုမှု၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမှုတွေ တိုးပွားလာရန် ဘာသာရေးကို အသုံးချနေကြပါတယ်။ တကယ်တော့ လူတွေဟာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ဘာသာရေးကို အသုံးပြုနေတာမဟုတ်ဘဲ၊ သာလွန်တယ်ဆိုတဲ့ ခံစားချက်နဲ့ သိမ်ငယ်မှုကို ဖန်တီးဖို့ အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒီ ရန်လိုတဲ့ စိတ်သဘောထားနဲ့ ဖောက်ပြန်တဲ့ ဘာသာရေးပြိုင်ဆိုင်မှုတွေဟာ ကမ္ဘာ့နေရာအတော်များမှာ သေကျေဒဏ်ရာရမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်ပါတယ်။

Religious leaders have been guilty of praising their own beliefs as part of their valuable religious customs and traditions, while ridiculing other religious beliefs and traditions. Some others use religions for material gain, political power, self- glorification and worldly power. Religion itself has become a big problem. Those who use religion for worldly material gain also face fear, worry, insecurity, enmity and difficulty of maintaining​ their authority or power. This clearly shows that the accumulation of worldly power is not the solution to overcome human problems.

ဘာသာရေးခေါင်းဆောင်းများဟာ အခြားဘာသာရဲ့ ယုံကြည်ချက်တွေ၊ ရိုးရာဓလေ့တွေကို လှောင်ပြောင်သရော်ပြီး သူတို့ကိုယ်ပိုင် ယုံကြည်မှုတွေကိုသာ တန်ဖိုးရှိတဲ့ ဘာသာရေးဓလေ့ထုံးစံနဲ့ ရိုးရာအစဉ်လာ ကဏ္ဍအဖြစ် ချီးမွမ်းခန်းဖွင့်ရင်း အပြစ်ကျူးလွန်ခဲ့ကြပါတယ်။ အချို့ကတော့ ရုပ်ဝတ္ထုပစ္စည်း ရရှိရေး၊ နိုင်ငံရေး အာဏာရရှိရေး၊ ကိုယ့်ကိုယ်ကို အမွှမ်းတင်ရေး၊ လောကီစွမ်းအား ရရှိရေးအတွက် ဘာသာတရားတွေကို အသုံးချကြတယ်။ ဒါကြောင့် ဘာသာရေးဟာ အလိုလို ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်သွားရတာပါ။ ဘာသာရေးကို လောကီရုပ်ဝတ္ထုပစ္စည်း ရရှိရေးအတွက် အသုံးချသူတွေဟာ ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ လိပ်ပြာမလုံမှု၊ ရန်လိုမှုတွေနဲ့ ရင်ဆိုင်ရသလို၊ သူတို့ရရှိထားတဲ့ ရာထူးအာဏာ ပါဝါကို ဆုပ်ကိုင်ထားရန် ထိန်းသိမ်းရာမှာလည်း အခက်အခဲနဲ့ ရင်ဆိုင်ကြရပါတယ်။ ဒါဟာ လောကီ အာဏာပါဝါကို စုစောင်းခြင်းက လူ့ဘဝ ပြဿနာတွေကို ကျော်လွှားနိုင်တဲ့ အဖြေမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြတာပါပဲ။

Some people concentrate only on wealth. Wealth can help only to overcome certain minor problems. Though worldly happiness, sensual pleasure can be gained through wealth, money cannot eradicate natural problems. Religious teachers, philosophers, great thinkers and rationalists pointed out the nature of human weaknesses and how to overcome them. However the ordinary people regard them as mere theories and not as solutions to their problems.

လူအချိုးကတော့ ဥစ္စာဓနကိုသာ အာရုံစိုက်ကြတယ်။ ဥစ္စာဓနဟာ အနည်းငယ်သော အသေးစား ပြဿနာလေးတွေကိုသာ ကျော်လွှားနိုင်အောင် အကူညီရတာပါ။ လောကီချမ်းသာနဲ့ အာရုံခံစားမှုကို ဥစ္စာဓနကနေ ရရှိနိုင်ပေမယ့် သဘာဝအလျောက်ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ငွေနဲ့ မဖြေရှင်းနိုင်ပါဘူး။ ဘာသာရေးဆရာများ၊ ဒဿနပညာရှင်များ၊ ကျော်ကြားတဲ့ အတွေးအခေါ်ပညာရှင်များ၊ ဆင်ခြင်မှုကို ဦးစားပေးသူများက လူသားတွေရဲ့ အားနည်းချက် အမျိုးအစားတွေနဲ့ ယင်းတို့ကို ဘယ်လိုကျော်လွှားရမယ်ဆိုတာ ညွှန်ပြခဲ့ကြပါတယ်။ ဒါပေမယ့် သာမန်လူတွေက အဲဒီလမ်းညွှန်မှုတွေကို ထင်မြင်ချက်ဟုသာ မှတ်ယူပြီး ပြဿနာဖြေရှင်းနည်းတွေလို့ မယူဆခဲ့ကြပါဘူး။

image

claye@claye