Good Day Steemit Team

Words
121
Reading
1 min
Listen
Play
9y

image
GoodDay Steemit Team All Friends
နေပြည်တော်မယ် today မိုးအုံ့နေပါတယ် မိုးဖွဲဖွဲလေး ရွာနေပါတယ် ဝါခေါင်လပြည့် နေ့ဖြစ်ပါ၍ကျောင်းသား /သူများ ကျောင်းပိတ်ရက်ဖြစ်ပါတယ် တနင်္လာနေ့တိုင်း မယ် နေပြည်တော်မြို့မဈေး ပိတ်ရက် ဖြစ်ပါတယ် ညနေဈေးကတော့ နေ့ခင်း ၂နာရီမယ် စဖွင့် ည ၉ နာရီသိမ်းပိတ်ကြပါတယ် နေ့တိုင်းပါ ပိတ်ရက်မရှိပါ
နေပြည်တော် ဗုဒ္ဓဂါယ ဘုရားကတော့ မနက်၅နာရီ ဖွင့်ပြီး ည၇နာရီပိတ်ပါကြောင်း
နေပြည်တော်ဘုရားကြီးကတော့ မနက်၅နာရီဖွင့်ပြီး ည၉နာရီမယ် ပိတ်ပါတယ်
နေပြည်တော် ရေပန်းဥယျာဉ်ကတော့ မနက် ၇နာရီမှ ည၉ နာရီအထိ ပိတ်ပါတယ် လူကြီးတစ်ယောက် ၇၀၀ကျပ်ဖြစ်ပါတယ်
ဆာဖာရီဥယျာဉ်ကတော့ နံက် ၇နာရီဖွင့်ပြီး ညနေ၆နာရီပိတ်ပါတယ် ကားဖြင့်လည်ပတ်ရပါတယ် တစ်ဦး ၂၀၀၀ကျပ်ပါ ၁၀ဦးပြည့်လျင် ကားထွက်ပေးပါတယ်
တိရစ္ဆာန်ဥယျာဉ်ကတော့ ဖွင့်ချိန်ပိတ်ချိန်တူပေမည့် လူကြီးတစ်ဦးဝင်ကြေး၁၀၀၀ကျပ် ခလေး ၅၀၀ကျပ်ဖြစ်ပါတယ် တိုင်းရင်းသားကျေးရွာကတော့ မနက် ၇နာရီဖွင့် ည၆နာရီပိတ်ပါတယ်
လူကြီး ၁၀၀၀ကျပ် ခလေး ၅၀၀ကျပ်ဖြစ်ပါတယ် ဝန်းအတွင်းမယ် ဆိုင်ကယ်ဖြင့် လည်မလား စက်ဘီးစီးလည်မလား ကားဖြင့်လည်မလား အဆင်ပြေရာဖြင့် လေ့လာကြည့်ရှုနိုင်ပါသည်
စစ်သမိုင်း ပြတိုက်ကတော့ free ပါ ကြည်းရေလေ သေရှာစွာ လေ့လာလို့ရပါတယ်
အမျိုးသားပြတိုက်ကတော့ တနင်္လာပိတ်ပါတယ် မနက် ၉ နာရီဖွင့် ညနေ ၃ နာရီပိတ်ပါတယ် ကျောင်းသားများ freeပါ လူကြီး ၅၀၀ကျပ် ပါ လေ့လာလို့ရပါတယ်
နေပြည်တော်ကားဂိတ်တွေကတော့ ပျဉ်းမနား ဘောဂသီရိ ကားကွင်းကြီး
နေပြည်တော် သပြေကုန်း
နေပြည်တော် မြိုမဈေး
နေပြည်တော် ဒက္ခိဏ ဈေး ကားကွင်းတို့ရှိကြပါတယ် အလွယ်တကူ လေ့လာ သွားလာလို့ ရပါကြောင်း steemit user များကို တင်ပြပေးလိုက်တာပါ
အားလုံး vote ပြီး အောင်မြင်ကြပါစေ

Good Day Steemit Team | Ecency