Friends(naypyitaw. . .round)

Words
121
Reading
1 min
9y
Listen to this post
~1 min

IMG20170904130444.jpg
steemit friends all mingalarpar
တော်သလင်းလဆန်း(၁၄)ရက် တောင် ရောက်နေပြီမနက်ဖြန်ဆို လပြည့်ပါပြီလေ ကောင်းကင်က လမင်းကြီးကို မိုးသာတို့က ဟန့်တားနေသလို လမင်းကြီး မြင်ရဖို့ လသာချိန်တွေကုန်ဆုံးနေသလိုပါလေ။နေပူလိုက် မိုးရွာလိုက်နဲ့ ပူစပ်ပူလောင် ဖြစ်နေတာတော့ အမှန်ပါ လေ ကားအော်တာလေး မောင်းလိုက် aircon လေးဖွင့်လိုက်နဲ့ တနေကုန် အချိန်တွေတော့ ကုန်ဆုံးသွာတာအမှန်ပါလေ။ကားမောင်းရတာကလည်း မလွယ်ပါလား ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ကိုယ်တစ်ယောက်တည်း လိုက်နာလို့မရ အများပြည်သူပိုင် လမ်းမပေါ် သွားလာနေကြသော သူအားလုံးနှင့် လိုက်နာမှုရှိမှဘေးကင်းမှာတော့ အမှန်တရားပါလေ။ကားမောင်းရင်း ခါးပတ် ပတ်မှ ဆိုင်ကယ်စီးရင် ဦးထုတ်ဆောင်းမှ အခြေခံလုပ်ရမည့် လိုက်နာ ရမည့် အချက်တွေပါလေ။လူအများ သွားလာဖို့က မော်တော်ဆိုင်ကယ် အဓိက အားထားနေရတာ မြန်မာတစ်ပြည်လုံးပါလေ။ဆိုင်ကယ်မဖြစ်မနေ စီးကြရင် ဦးထုပ် ဆောင်းဖို့ မမေ့ကြပါနဲ့လို့ တိုက်တွန်းချင်တာပါ ဘီး၂ဘီးထဲမလို့ ဟန်ချက်ပျက်ရင် အခိန်မရွေး လဲနိုင် သောကြောင့် ဦးခေါင်းကို ၉၀%ကာကွယ်ပေးထားသလိုမလို့ပါ လေ ဦးထုတ်ကို အရည်အသွေး ကောင်းခိုင်ခန့်တာ ဝယ်အသုံးပြုကြစေချင်ပါတယ် အသက်ထက် ဘယ်အရာမှ တန်ကြေးမရှိပါ လူ့ဘဝဟာ စိတ်သွားတိုင်း ကိုယ်ပါနိုင်မှ အဆင်ပြေတာမလို့ပါလေ။ညနေခင်းလေးရောက်တော့ ရေပန်းဥယျိဉ် ဘက် လိုက်ပို့ ပေးရပါတယ် နေလေးက အေးလာပြီး လူတွေအားလုံး အအေးဓါတ်လေးရှိမှလန်းဆန်းတာဆိုတော့ လူငယ်တွေကတော့ ရေပန်းသို့ ဦးတည် လာလျက်ပါဘဲလေ။
IMG20170904181914.gif
တစ်ယောက်ဝင်ကြေး၇၀၀ပေးပြီး လူငယ်တွေအတွက်တော့ ပျော်စရာပါပေ အစားမျိုးစုံစားလိုက် ရေတံခွန်သွားလိုက် ဓါန်ပုံရိုက်လိုက် ဖုန်းပွတ်လိုက်နဲ့ အချိန်တောင် အားမယ်တောင် ထင်မိပါတယ်။
IMG20170904182302.jpg
မနက်ဖြန်လပြည့်ရက်ဆို ညနေပိုင်း ဆို လူတွေတိုးမပေါက်အောင် စည်ကား အပန်းဖြေကြဦးမယ်လေ။
IMG20170904182216.gif
နေပြည်တော် ကားမောင်းရတာ က စိတ်ကိုတော့ကြည်နူးစေတာအမှန်ပါ ဧည့်သည် ခေါ်ရာ လိုက်နေရတော့ ဘုရားဖူးလိုက် ထမင်းဆိုင်သွားလိုက် ကုန်တိုက်ဈေးဝယ်သွားလိုက် ရုံးကိစ္စသွားလိုက် အစုံ ဆိုတော့ စိတ်ကိုတော့ ကြည်နူးစေပါတယ်ဗျာ
steemit friendsများ အားလုံးရွှင်လန်းချမ်းမြေ့ပါစေလို့

Friends(naypyitaw. . .round) | Ecency