ဆူရှီ
ဂျပန်အစားအစာဖြစ်သောဆူရှီကိုလူတိုင်းနီးနီးသိကြမည်ဟုထင်ပါသည်။ဆူရှီ ဆိုသည်မှာ ဂျပန်လူမျိုးတို့အမြတ်တနိုးစားကြသောအစားအစာဖြစ်ပါတယ်။ဆူရှီအမျိုးပေါင်းမြောက်များစွာရှိသည့်အနက် ငါးဖြစ်ပြုလုပ်ထားသောဆူရှီသည်ပို၍ကျော်ကြားပါသည်။ထို့ပြင် ထမင်းတွင်တခြားသော အရွက်၊နတ်တိုးခေါ်ဂျပန်ပဲငပိ၊တန်ပူရာအမျိုးမျိုး၊တခြားသောအစာများ စသည့်အရာတမျိုးမျိုး၊မရောနိစ်၊ကြက်ဥလိပ်၊စသည်တို့ ကိုထည့်သွင်းပြီးရေညှိအား အတွင်းလိပ် သို့မဟုတ် အပြင်လိပ် လိပ်ထားပါသည်။ထို့နောက် ဂျပန်ပဲငံပြာရည်၊ဝါဆဘိ၊ဂျင်းစိမ် တို့ဖြစ်တွဲဖက်စားရခြင်းဖြစ်ပါသည်။
ဆာရှိမိ
နိုင်ငံခြားသားများအကြားအလွန်ရေပန်းစားသောဆာရှီမိမှာ ငါးအစိမ်းလက်လက်ဆက်ဆက်အားအလွှာပါးလေးများဖြစ်အောင်လွှာ၍ ဂျပန်ငံပြာရည်၊ဝါစဘိနှင့် တွဲဖက်၍စားသောက်ရခြင်းဖြစ်သည်။