My true love

Words
66
Reading
1 min
Listen
Play
8y

image

ကိုယ့်အပေါ် အရူးအမူးဖြစ်နေတဲ့ ချစ်သူရဲ့ လက္ခဏာများ
ကိုယ့်ချစ်ရတဲ့ချစ်သူက ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲ တကယ်မှချစ်ရဲ့လား ဆိုတာ သူ့ကိုယ့်အပေါ်ပြုမူတဲ့ အပြုအမူတွေအပေါ်မူတည်ပြီး သိနိုင်ပါတယ်။
ကိုယ်မှကိုယ်ပဲ ကိုယ်ကလွဲရင်ဘယ်သူမှမမြင်တော့ဘူးဆိုပြီး ရူးရူးမူးမူးချစ်မိနေတဲ့ ချစ်သူတစ်ရဲ့ ပုံစံတွေက တော့ဒီလိုလေးတွေရှိပါတယ်။

(၁) သူ့မှာရှိတဲ့အစားအသောက်တွေကို မျှဝေကျွေးတတ်လာမယ်။ ချစ်သူကိုအစားအသောက် မျှဝေကျွေးတယ် ဆိုတာသူတကယ်ချစ်လို့ဆိုတာ သိသာပါတယ်။ ကိုယ့်ချစ်သူနဲ့မုန့်ဆိုင်ထိုင်ရင်တောင် သူစားမယ့်ဟာကို ချစ်သူ ကိုအရင်ကျွေးတာမျိုးနဲ့ ဂရုစိုက်တတ်ကြပါတယ်။

image

(၂) ဖုန်းဆိုရင်လည်း Password တွေအကုန်သိခွင့်ရနေတာမျိုးက ကိုယ့်ချစ်သူကို တကယ်ချစ်လို့ လျှိ့ဝှက်ချက်တွေ နှစ်ဦးကြားမှာ မထားဘဲအကုန်ဖွင့်ဟလိုက်တာမျိုးပါ။

(၃) ကိုယ့်ချစ်သူပျော်ရွှင်ဖို့အတွက်ဆိုရင် ဘာတွေပဲလုပ်ပေးရလုပ်ပေးရ ကျေနပ်နေတာမျိုး၊ ချစ်သူဘာခိုင်းခိုင်း ပျော်ပျော်ကြီးလုပ်ပေးတတ်တာမျိုးက ချစ်သူကိုရူးရူးမူးမူးချစ်နေတဲ့သူရဲ့ အကျင့်ဖြစ်ပါတယ်။

(၄) လက်ဆောင်လေးတွေပေးတဲ့အခါမှာလည်း စာလေးတွေထည့်ပြီး ရိုဆန်ဆန်ရေးပေးတတ်တာတွေက သူချစ်လို့ လုပ်ပေးတာပါ။

image

(၅) ဘယ်သွားသွား၊ ဘာလုပ်လုပ် နှစ်ယောက်အတူတူရှိနေရတာကို ဂုဏ်ယူပြီး ပျော်ရွှင်နေတတ်တာကလည်း ချစ်သူကို ချစ်လွန်းလို့ဖြစ်ပါတယ်။

(၆) တစ်ယောက်နဲ့တစ်ယောက်အကြံဥာဏ်တွေပေးပြီး ကိုယ့်အပေါ်အရမ်းနားလည်မှုပေးတဲ့ ချစ်သူမျိုးက ရူးရူးမူးမူးချစ်နေတဲ့ သူရဲ့လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။