တောအရက် - ၂

Words
56
Reading
1 min
Listen
Play
5y

img_0.6200168523817678.jpg

ကျနော်ကတော့ အိုးလေးဆင့်နဲ့ အရက်ချက်ပါတယ်။တစ်ချို့ကျတော့ အိုးသုံးဆင့်ပဲ သုံးကြတယ်။
အပေါ်ဆုံးအိုးက ရေပူလာရင် ရေအေးလှယ်ပေးရတယ်။အိုးရဲ့ဖင်ကို ချွန်အောင် လုပ်ထားပေးရပါတယ်။ဒါမှသာ အောက်ကပူတဲ့အငွေ့တွေက အေးတဲ့ အိုးဖင်ကို ရိုက်ပြီး အရည်တွေ အဖိတ်အစင်နည်းနည်းနဲ့ အရည်ခံခွက်(သို့)လျှာထိုးခွက် ထဲ ရောက်ရှိမှာဖြစ်ပါတယ်။လျှာထိုးခွက်ကနေတစ်ဆင့် ပြောင်းထဲ၊ပုလင်းထဲ ရောက်ရှိပုံကို ပုံကြမ်းဆွဲပြလိုက်ပါတယ်။

img_0.7730511307191803.jpg

ဒုတိယအိုးမှာ ပြောင်းထည့်ဖို့ ‌အိုး‌ဘေးမှာ အဝိုင်းပေါက်တစ်‌ပေါက်ဖောက်ပေးရပါတယ် အိုးဖင်ဟောင်းလောင်း ထားရှိရပါမယ်။ဒါမှ အောက်ကအငွေ့တွေ အပေါ်အိုးဆီကို ရောက်ရှိမှာပါ။
တတိယအိုးကလဲ ဟောင်းလောင်းပေါက်ပါပဲ။အောက်ဆုံးက ဒန်အိုးနဲ့ အံကိုက် အံဝင်ခွင်ကျဖြစ်ဖို့လိုပါတယ်။
စတုတ္ထအိုးမှာ ကစော်ရည်ထည့်ပါတယ်။ကစော်ရည်ကောင်းရင် အရက်ပိုထွက်တယ်။ကစော်ရည် ချဉ်သွားမှာကို အကြောက်ဆုံးပဲ။တစ်ချို့သူ‌တွေက ကစော်စိမ်ထားတဲ့ အိုးအနီးအနား ချဉ်တာမှန်သမျှ မထားဘူး။
ဆင့်ထားတဲ့ အိုးတွေကို လေလုံအောင် အငွေ့တွေအပြင်မထွက်ရလေအောင် နွားချေးနဲ့ အဆက်တိုင်းမှာ ပိတ်ထား‌ပေးရပါတယ်။အဲလိုဆိုရင် မီးမွှေးပြီး ချက်လို့ရပါပြီ။
img_0.2504767037644698.jpg
ရှေ့ဆက်ရန်
က်လို့ရပါပြီ။

တောအရက် - ၂ | Ecency