ခေါင်းကြီး စာလုံးကိုတော့ လက်ဖက်ရည်တစ်ခွက် ၊ အတွေးတစ်ချက်လို့ ပေးလိုက်မိပြီ ။
တစ်ကယ်လည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း တွေးမိတဲ့အတွေး တစ်ချက်နဲ့ပဲ ဒီ ပို့စ် ကို တင်ဖို့ အထ မြောက်ခဲ့တာပါ ။ အသက်အရွယ် ၊ ပညာ အရ စီနီယာ ကျတဲ့ ကိုထွေးနဲ့ ကိုသန့်စင်(ဇင်) က လက်ဖက်ရည် ကော်ဖီ အကြောင်း တင်နေတော့ သောက်လက်စ လက်ဖက်ရည် တစ်ခွက်ဟာ ကုန်ကြမ်း ဖြစ်ခဲ့ရပြီ ။ ပို့စ် မတင်ဖြစ်တာလည်း ၃ ရက်ဝန်းကျင် ကြာခဲ့တော့ ဘာတင်ရမှန်း မသိချိန် ၊ လမ်းပျောက်ချိန်မှာ လမ်းလျှောက်ခွင့်ရခဲ့တာပါပဲ။
လက်ဖက် ရည် နဲ့ ကော်ဖီ ကို အရမ်း စွဲလန်းတဲ့ထဲမပါပေမယ့် ကဖင်းဓာတ်ဖြည့်ဖို့ ၊ သူငယ်ချင်းတွေစုံညီစွာ စုပြီး သာရေး၊ နာရေး စုဝေး စကားပြောတဲ့အခါမှသည် ဂိမ်းစုဆော့တဲ့ ဆီအထိ လက်ဖက်ရည်ဆိုင်ဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါပဲ ။ လက်ဖက်သုတ်နဲ့ လက်ဖက်ရည်ဟာ မြန်မာတွေရဲ့ ယဥ်ကျေးမှုတစ်ခုဆိုလည်း မှားမယ်မထင်မိပါဘူးဗျာ ။